# အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၃)

### **LPIC-2 Linux Engineer**

ဒီ certification ကတော့ network ပိုင်းကို ပိုပြီးတော့ ပိုင်ပိုင်နိုင်နိုင် ဖြစ်စေဖို့ကို networking ဆိုင်ရာ topic တော်တော်များများကို cover လုပ်ထားပါတယ်။ LPIC-2 ကိုဖြေဖို့အတွက် LPIC-1 ကိုတော့ အနည်းဆုံးအောင်ထားရပါမယ်။ သို့ပေမယ့်လည်း LPI က LPIC-1 နဲ့ LPIC-2 စာမေးပွဲတွေကို ကိုယ်နဲ့ အဆင်ပြေမယ့် အစဉ်အတိုင်းဖြေလို့လည်း ရပါတယ်လို့ဆိုပြန်ပါတယ်။ ဆိုလိုချင်တာကတော့ LPIC-1 နဲ့ LPIC-2 ကိုအဆင့်တစ်ခု အနေနဲ့ သတ်မှတ်ထား ပေးပြီး system နဲ့ network ပိုင်းကိုသာခွဲ လိုက်ခြင်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဆင့်တစ်ခုထဲမှာ ကိုယ်က network ကို ပိုပြီးသန်လို့ အရင်ဖြေချင် လည်းရပါတယ်။ ဒီ certification မဖြေခင်တော့ အောက်ကအချက်လေး တွေကိုသိထားသင့်ပါတယ်။

<figure><img src="/files/6Rj7W8TZvsyTpv1rxBSC" alt=""><figcaption></figcaption></figure>

#### **LPIC-2 Linux Engineer ရဲ့ လက်ရှိ version**

လက်ရှိမှာတော့ LPIC-2 certification က version 4.0 ကိုရောက်ရှိလို့ နေပါပြီ။ LPIC-1 မှာလိုပဲ စာမေးပွဲနှစ်ခုကို ဖြေဆိုအောင်မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီ နှစ်ခုကတော့ Exam 201-400 နဲ့ Exam 202-400 တို့ဖြစ်ပါတယ်။ ၂နှစ်တခါ version ကို update လုပ်ပါတယ်။

#### **LPIC-2 Linux Engineer မဖြေဆိုခင် လိုအပ်ချက်များ**

အထက်မှာပြောခဲ့သလိုပါပဲ LPIC-2 ကိုရဖို့အတွက် LPIC-1 က အသက်ရှိနေရပါ့မယ်။ (ဖြေဆိုပြီး ၅နှစ်အတွင်းမှာ ဖြစ်ရပါ့မယ်။) ဒါပေမယ့်လည်း LPIC-1 က Exam နှစ်ခု နဲ့ LPIC-2 က Exam နှစ်ခုကိုတော့ ကိုယ်ကြိုက်တဲ့ အစဉ်အတိုင်း ဖြေဆိုခွင့်ရှိပါတယ်။ ထားပါတော့ ကိုယ်က LPIC-2 က Exam 201-400 နဲ့ Exam 202-400 ကို ပိုပိုင်လို့ အရင်ဖြေဆို လိုက်တယ် ဆိုပါတော့ Exam နှစ်ခုလုံးကို ဖြေဆိုအောင်မြင်ပြီးသည့်တိုင်အောင် LPIC-2 ရဲ့ certificate ကိုရအုံးမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ LPIC-1 certificate ကိုယ့်မှာ မရှိလို့ပါ။ အဲ့ဒီတော့ နောက်ပိုင်းတခါ LPIC-1 က Exam 101-400 နဲ့ Exam 102-400 ၅နှစ်အတွင်းမှာ ထက်ဖြေဆိုအောင်မြင်တယ် ဆိုရင်တော့ LPIC-1 နဲ့ LPIC-2 certificate နှစ်ခုလုံးကို တခါတည်းရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ်ကနောက်ထက် သက်တမ်း ၅နှစ်ထက်တိုးရလိုက်တဲ့ သဘောပါ။

<figure><img src="/files/YdCjLMsYlI9JeaJtRM92" alt=""><figcaption></figcaption></figure>

#### **LPIC-2 Linux Engineer မေးခွန်းပုံစံနဲ့ ဖြေဆိုချိန်**

Exam 201 နဲ့ Exam 202 တစ်ခုစီမှာ multiple-choice နဲ့ fill-in-the-blank မေးခွန်း အခု ၆၀ ကိုဖြေဆိုရမှာဖြစ်ပြီး၊ ဖြေဆိုချိန်ရတော့ မိနစ် ၉၀ ရမှာဖြစ်ပါတယ်။

#### **LPIC-2 Linux Engineer ရဲ့ အကြုံဝင် သက်တမ်း**

သူလည်းပဲ LPIC-1 နည်းတူ ၅နှစ်အချိန်ရပါတယ်။

#### **LPIC-2 Linux Engineer အတွက်ပြင်ဆင်စရာ အပိုင်းများ**

LPIC-2 ရဲ့ Exam 201 ကိုဖြေဆိုဖို့ဆိုရင် အကျဉ်းချုပ်အားဖြင့် အောက်မှာဖော်ပြထားတဲ့ topic တွေကို ကြိုတင်လေ့လာ ပြင်ဆင်ထားရပါ့မယ်။

* Capacity Planning
* Linux Kernel
* System Startup
* Filesystem and Devices
* Advanced Storage Device Administration
* Networking Configuration
* System Maintenance

LPIC-2 ရဲ့ Exam 201 အကြောင်းကို အသေးစိတ်သိချင်ရင်တော့ ဒီ [link ](https://www.lpi.org/our-certifications/exam-201-objectives)ကနေပြီး အင်္ဂလိပ်လို စိတ်ရှည်လက်ရှည်သွား ဖတ်ကြည့်လို့ရပါတယ်။

Exam 202 အတွက်တော့ သိထား လေ့လာထားရမယ့် topic တွေကတော့ အောက်မှာဖော်ပြပေးထားတဲ့ အတိုင်းပါ။

* Domain Name Server
* Web Services
* File Sharing
* Network Client Management
* E-Mail Services
* System Security

Exam 202 မှာပါမယ့် key knowledge areas တွေကို အသေးစိတ် သိချင်ရင်တော့ ဒီ [link](https://www.lpi.org/our-certifications/exam-202-objectives) ကနေ တဆင့် အင်္ဂလိပ်လို ဖတ်ကြည့်လို့ရပါတယ်။

နောက်အပိုင်းတွေမှာတော့ LPIC-3 က ကျွမ်းကျင်အဆင့် certification တွေအကြောင်းကို ဆက်ရေးသွားပါ့မယ်။ အဲ့ဒါအပြင် The Linux Foundation က လက်တွေ့ စာမေးပွဲတွေ အကြောင်းကိုလည်း အနည်းအကျဉ်း ရေးသွားပါ့မယ်။

<figure><img src="/files/mUdbtcyTmhVa2lTDoRzt" alt=""><figcaption></figcaption></figure>


---

# Agent Instructions: Querying This Documentation

If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://my.itmatic101.com/linuxbsd/linux-certs-part3.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
