💻
ITmatic101 - MY
  • ITmatic101 - နည်းပညာဆိုင်ရာ Blog
  • ☕Linux/BSD
    • Linux distro-hopper ခရီးကြမ်း
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၂)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၃)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၄)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၅)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၆)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၇)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၈)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၉)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁၀)
    • Manjaro Linux အကြောင်းတစေ့တစောင်း
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၁)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၂)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၃)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၄)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၅)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၁)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၂)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၁)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၂)
    • Ubuntu မှာအလုပ်ဖြစ်သော tool နဲ့ application (၁၀) ခုအကြောင်း
    • Docker မိတ်ဆက် အပိုင်း(၁)
    • Docker မိတ်ဆက် အပိုင်း(၂)
    • Docker မိတ်ဆက် အပိုင်း(၃)
    • GNU/Linux ကိုဘာလို့ ပြောင်းသုံးသင့်သလဲ
    • GNU/Linux မှာသုံးတဲ့ CLI ကိုဘယ်လိုခေါ်ကြသလဲ
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၁)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၂)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၃)
    • ပြတိုက်ထဲက SysVinit အကြောင်း
    • Open source သင်ခန်းစာများ အပိုင်း(၁)
    • Open source သင်ခန်းစာများ အပိုင်း(၂)
    • လေထုညစ်ညမ်းစပြုလာတဲ့ Linux ရဲ့ Ecosystem
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၁)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၂)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၃)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၄)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၅)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၁)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၂)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၃)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၄)
    • Open Source ကောက်ကြောင်း – အပိုင်း(၁)
    • Open Source ကောက်ကြောင်း – အပိုင်း( ၂)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၁)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၂)
    • SELinux မိတ်ဆက်
    • Open Source Licenses များအကြောင်း – အပိုင်း (၁)
    • Open Source Licenses များအကြောင်း – အပိုင်း (၂)
    • Keepalived မိတ်ဆက် – အပိုင်း (၁)
    • Keepalived မိတ်ဆက် – အပိုင်း (၂)
    • Linux မှာ package manager တွေကိုဘယ်လိုအသုံးပြုသလဲ
  • 🚀Automation
    • Chef မိတ်ဆက် အပိုင်း(၁)
    • Wireguard ရဲ့ automated workflow
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၁)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၂)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၃)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၄)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၁)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၂)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၃)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၁)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၂)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၁)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၂)
    • Kickstart ကိုအသုံးပြုပြီး Custom ISO တွေဖန်တီးပုံ
  • ⚙️Networking
    • အဘယ့်ကြောင့် GNS3
    • ZeroTier မိတ်ဆက်
    • WireGuard အကြောင်းသိကောင်းစရာ
    • Linode VPS မှာကိုယ်ပိုင် Wireguard VPN server တစ်ခုတည်ဆောက်ပုံ
    • အဘယ်ကြောင့် MikroTik
    • VRRP ကို MikroTik မှာ setup လုပ်ပုံ
  • ☁️Virtualisation and Cloud
    • KVM မှာ virtual disk တွေကို ဘယ်လို resize လုပ်လို့ရသလဲ
    • Debian 12 ပေါ်တွင် Proxmox 8 ကိုဘယ်လို integrate လုပ်သလဲ
    • Promox ပေါ်မှာ VM template တွေကို cloud-init သုံးပြီး ဖန်တီးပုံ
    • Custom LXD container templates များကိုဘယ်လို import လုပ်သလဲ
    • Cloud ဆိုသည်မှာ
  • 🍒others
    • Git အကြောင်းသိကောင်းစရာ
    • Home Lab ရှိခြင်း အနုပညာ
    • ကိုယ့်လုံခြုံရေးအတွက် အသုံးပြုသင့်တဲ့ toolkit လေးများ
    • SSH Tunneling အကြောင်းသိကောင်းစရာ
    • အခြေခံ SSH workflow များ
    • SSH Certificate Based Authentication အကြောင်းတစေ့တစောင်း
    • နေ့စဉ်သုံး စိတ်ကြိုက် Application/Software လေးများ
    • Keyboard Size တွေအကြောင်းသိသမျှ
    • သက္ကရာဇ်၂၀၂၀ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • သက္ကရာဇ်၂၀၂၁ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၁)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၂)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၃)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၄)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၅)
    • အင်တာနက်မြန်မာစာ ယူနီကုဒ်ဇော်ဂျီ ပြဿနာ
    • CyanogenMod မိတ်ဆက် အပိုင်း(၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၂)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၃)
  • 💀OffSec
    • ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် OpenSSL
Powered by GitBook
On this page

Was this helpful?

  1. Linux/BSD

GNU/Linux Desktop Environment များအကြောင်း အပိုင်း (၃)

PreviousGNU/Linux Desktop Environment များအကြောင်း အပိုင်း (၂)NextGNU/Linux Desktop Environment များအကြောင်း အပိုင်း (၄)

Last updated 2 years ago

Was this helpful?

ဒီတပိုင်းမှာတော့ အခုနောက်ပိုင်းမှာ နာမည်ရလာတဲ့ Budgie ဆိုတဲ့ Desktop Environment တစ်ခုအကြောင်းကို လေ့လာလို့ရအောင် ဆွေးနွေးတင်ပြလိုပါတယ်။ Budgie ကိုတော့ GNU/Linux ရဲ့ distribution တစ်ခုဖြစ်တဲ့ Evolve OS အတွကိ အစကနေ ပြန်ပြီးတော့ ရေးထားတဲ့ DE တစ်ခုဖြစ်ပါတယ်။ GNOME ရဲ့ GTK+ ကို အသုံးပြုထားတာဖြစ်ပြီးတော့ GNOME မှာရှိတဲ့ feature တွေ၊ application တွေတော်တော်မျာများကိုလည်း Budgie ပေါ်မှာတွေ့ရမှာ ဖြစ်ပါတယ်။ အစကတည်း ရည်ရွယ်ချက်က Evolve OS မှာ အသုံးပြုလို့ရအောင် မြန်ဆန်ပြီးတော့ လှပတဲ့ DE တစ်ခုကိုက အစအဆုံးပြန်လည် တည်ဆောက်ဖို့အတွက် စတင်ခဲ့ project တစ်ခုပါ။ အမြင်အရ ဆန်းပြီး တခြား DE တွေနဲ့ မတူတဲ့ DE အမျိုးအစားဖြစ်ပါတယ်။ နောက်ပိုင်းမှာ Evolve OS ကနေပြီးတော့ Solus ဆိုတဲ့ OS နာမည်ပြောင်းပြီးတဲ့ အခါမှာတော့ project ရဲ့ တိုးတက်နှုန်းကလည်း မြန်ဆန်လာခဲ့ပါတယ်။ Budgie ဟာ GNOME ကို fork လုပ်ထားတဲ့ DE တစ်ခုမဟုတ်ပါဘူး။ GNOME နဲ့ integrate လုပ်ထားတယ်လို့ သုံးနှုန်းပါတယ်။ ဆိုလိုရင်းကတော့ အစကနေပြန်ရေးထားတယ်ဆိုပေမယ့်လည်း MATE တို့ Cinnamon တို့လို GNOME ကို fork လုပ်ပြီးတော့ ကိုယ်ပိုင် ရပ်တည်နိုင်စွမ်းတော့ မရှိပါဘူး။ GNOME မှာ အသစ်တခုပြောင်းတိုင်းလိုက်ပြီးတော့ ပြင်ဆင်ရတဲ့ အပိုင်းတွေအများကြီးရှိပါတယ်။

Budgie ရဲ့ lead developer ဖြစ်တဲ့ Ikey Doherty ကတော့ အခုချိန်ထိ Budgie ဆက်လက်ရပ်တည်နိုင်ဖို့ ကို အများကြီး အချိန်ယူပြီးတော့ ကြိုးစားထားရတယ်လို့ဆိုပါတယ်။ ဒါတင်မကပဲ GNOME shell လို အယောင်ဆောင်လုပ်ထားရပြီး တစ်ခုခုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရတဲ့အခါ အကျိုးအပဲ့ များတယ်လို့လည်းဆိုပါတယ်။ Ikey Doherty ကိုယ်တိုင်က GNOME နဲ့ GTK+ အစွမ်းကို အမြတ်တနိုးတန်ဖိုး ထား သော်လည်း အချိန်ကြာလာတာနဲ့ အမျှ အသုံးပြုတဲ့ Toolkit ကို ပြောင်းသုံးဖို့ ကို စဉ်းစားလာပါတော့တယ်။ Version 11 ကနေစပြီးတော့ Budgie ကို GTK+ အစား Qt ပြောင်းသုံးဖို့ရှိပါတယ်။ developer တွေရဲ့ အဆိုအရတော့ GTK+ မှာတစ်ခုခု အပြောင်းအလဲလုပ်လိုက်ရင် Budgie မှာလည်း အများကြီးလိုက်ပြောင်းရ ပြင်ဆင်ရ တာတွေရှိတယ်လို့ ဆိုပါတယ်။ တခါတခါ အစကနေပြန်ပြီးလုပ်ရတာတွေတောင် ရှိတယ်လို့ဆိုပါတယ်။ Project စကတည်းက GTK+ စပြီးအသုံးပြုလာခဲ့သော်လည်း Budgie developer တွေဟာ အခုအချိန်မှာ Qt Frameworks ပေါ်မှာ ပြောင်းရေးလိုက်ရင် လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ Qt ကို သုံးပြီးတော့ ပြင်ရေးမှာဖြစ်တဲ့အတွက် KDE တစ်ပုံတည်းထွက်လာနိုင်တယ်လို့လည်း တချို့က ဆိုပါတယ်။ အများစု မျှော်လင့်ကြတာကတော့ Budgie ဟာ DE တစ်ခုကို အစအဆုံးရေးတဲ့ နေရာမှာ နာမည်ရထားတဲ့ project တစ်ခုဖြစ်တဲ့အတွက် အခုတခါလည်း တခြား DE တွေနဲ့ မတူတဲ့ DE တစ်ခုကို Qt နဲ့ တခါပြန်လည် တည်ဆောက်နိုင်မယ်လို့ ထင်ကြေးပေးထားကြပါတယ်။ လူတော်တော်များများကတော့ Budgie ကို အဆင်ပြေတဲ့ DE တစ်ခုအနေနနဲ့ သတ်မှတ်ထားပြီးသားပါ။ သို့သော် solid ဖြစ်တဲ့ OS တစ်ခုရဖို့ကို ကြိုးပမ်းကြတဲ့ Budgie ရဲ့ developer တွေမှာတော့ backend မှာ ပြဿနာ တွေရှိလို့ Qt ကိုပြောင်းလဲပြီး အသုံးပြုကြရတာပါ။

ပထမဆုံး Ikey Doherty အနေနဲ့ စဉ်းစားမိတာက GNOME ကနေပြီး MATE တို့ Cinnamon တို့လို fork လုပ်ဖို့ပါပဲ။ အဲ့ဒါက ပြောသလောက်လွယ်ပေမယ့် လက်တွေ့မှာ Budgie မှာရှိပြီးသား ကောင်းမွန်အောင် နှစ်ပေါင်းများစွာ အချိန်ကုန်ခံ လုပ်ထား ပြင်ထားတဲ့ အရာတွေအားလုံးကို အကုန်ပြန်ပြီးတော့ ဖြုတ်ပြီးတော့ ထားခဲ့ရမှာဖြစ်တဲ့အတွက် Ikey Doherty တစ်ယောက်ချက်ချင်းဆိုသလို လက်လျော့လိုက်ရပါတယ်။ ရှိပြီးသား Budgie 10 အထိကနေပဲ ဆက်ပြီးတော့ ပြင်ဆင်သွားချင်ပုံရပါတယ်။ ဒုတိယ အနေနဲ့ Enlightenment DE မှာသုံးတဲ့ Enlightenment Foundation Libraries (EFL) ကို အာရုံရပြန်ပါတယ်။ EFL ကတော့ graphic နဲ့ animation တွေကိုတည်ဆောက်တဲ့ နေရာမှာ အစွမ်းထက်တဲ့ toolkit ဖြစ်ပါတယ်။ သို့သော် လက်ရှိ Budgie ရဲ့ ရှိရင်းစွဲ DE ပုံစံထဲကနေ အများကြီး ပြန်ပြီးခွဲထွက်ရမှာဖြစ်တဲ့အတွက် လက်တွေ့မှာ မလွယ်ကူလှပါဘူး။ နောက်ဆုံးအနေနဲ့ Qt ကို စဉ်းစားရပါတော့တယ်။ Qt ဟာ KDE မှာ နာမည်ရပြီးသား ဖြစ်တဲ့ toolkit သာမက toolkit ထက်ပိုတဲ့ လုပ်ဆောင်မှုတွေကို ပေးနိုင်တဲ့ platform တစ်ခုပါ။ Qt ကို C++ နဲ့ ရေးထားတာဖြစ်လို့ အစွမ်းထက်တဲ့နေရာမှာတော့ ယုံမှားသံသယ မရှိပါဘူး။ သို့သော် Ikey Doherty ကတော့ C++ ထက်စရာရင် C ကို ပိုပြီးတော့ အားသာပုံရပါတယ်။

ဒီနေရာမှာ Solus ဆိုတဲ့ GNU/Linux distribution လေးအကြောင်းကို အနည်းငယ်တင်ပြလိုပါတယ်။ ဘာလို့လဲဆိုတော့ Budgie ဟာ Solus ပေါ်မှာ သုံးဖို့ ရည်ရွယ်တည်ဆောက်ထားတာဖြစ်တဲ့အတွက် Solus ဟာ ဘာလဲ ဘယ်ကို သွားနေလဲဆိုတဲ့ direction ကိုလည်း အနည်းငယ် ရိပ်စားမိအောင်လို့ဖြစ်ပါတယ်။ Solus ကိုတော့ ၂၀၁၁ ခုနှစ်မှာ SolusOS ဆိုတဲ့ နာမည်နဲ့ စတင်မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ Ubuntu လို Debian ကို အခြေခံထားတဲ့ distro တစ်ခုအနေနဲ့ထွက်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ် ကြမှ SolusOS 1.0 ကို official မိတ်ဆက်ပေးပါတယ်။ တခြား distro တွေမှာလိုပဲ fixed point release အနေနဲ့ version ကို update လုပ်ပါတယ်။ သို့သော်လည်း ပြင်ဆင်စရာများလှတာ ကြောင့် နောက်ပိုင်းမှာတော့ rolling release အနေနဲ့ သာလာပါတော့တယ်။ fixed point release နဲ့ rolling release မှာ ဘာကွာခြားသလဲလို့ဆိုရင်တော့ fixed point release မှာက ပြင်ဆင်စရာရှိပြီဆိုရင် point တွေကို number တွေနဲ့ ဖော်ပြသွားပါတယ်။ ဆိုပါတော့ Ubuntu မှာဆို တစ်နှစ်ကို ၂ ခါ fixed point release ရှိပါတယ်။ ၄ လပိုင်းမှာ ထုတ်တဲ့ release ကို 17.04 နဲ့ ၁၀ လပိုင်းမှာ ထုတ်တဲ့ release ကို 17.10 ဆိုပြီးတော့ fixed point release ရှိပါတယ်။ rolling release မှာကတော့ point နဲ့ မသွားတော့ပဲ ထုတ်လိုက်တဲ့ နေ့ရက်ကိုသာ release မှာဖော်ပြပေးပါတယ်။ အားနည်းချက် အားသာချက်ကတော့ နှစ်ခုလုံးမှာရှိပါတယ်။ fixed point release မှာက သက်တမ်းကုန်သွားတာမျိုးရှိတတ်ပါတယ်။ ဥပမာ Ubuntu 14.04 LTS မှာ End of Life ဆိုတာရှိပါတယ်။ အဲ့ဒီ end of life ကို ရောက်တဲ့ အခါမှာ support မရတော့ဘူး update မရတော့ဘူးပေါ့။ ဆက်သုံးချင်ရင်တော့လည်း သုံးလို့ ရပါတယ်။ ဒီထက်ကောင်းတဲ့ ဥပမာကတော့ Microsoft ရဲ့ Windows XP ပါ။ သူကလည်း fixed point release ပါ။ Windows 10 မှာတော့ rolling release ပုံစံမျိုး လုပ်သွားမယ်လို့ ထင်ပါတယ်။ အဲ့ဒါ ကြောင့် လည်း Microsoft conference တစ်ခုမှာ တစ်ယောက်က ပြောတာကို သွားသတိရပါတယ်။ ဘာလဲဆိုတော့ Windows 10 ဟာ Microsoft ရဲ့ နောက်ဆုံး Windows OS ပါတဲ့။ ပြောချင်တာက ထပ်ပြီးတော့ Windows OS မထုတ်တော့ဘူးလို့ ပြောချင်တာမျိုးမဟုတ်ပဲနဲ့ Windows 10 ကကောင်းလွန်လို့ သူ့အပေါ်မှာပဲ rolling release လုပ်သွားမယ်လို့ ဆိုလိုချင်တာလည်း ဖြစ်နိုင်ပါတယ်။ Microsoft မှာတော့ အခေါ်အဝေါ် နည်းနည်းကွဲပြားနိုင်တာမို့ rolling release ရယ်လို့တော့ သုံးလေ့မရှိပါဘူး။ ထိုနည်းတူ Solus ဟာတော့ အခုနောက်ပိုင်းမှာ rolling release အနေနဲ့သာ ထုတ်ပြီးတော့ သူ့ရဲ့ ဆောင်ပုဒ် ကတော့ “Install Today. Updates Forever.” ဖြစ်ပါတယ်။ rolling release ရဲ့ ကောင်းကွက်ကအဲ့ဒါပါပဲ end of life မရှိတဲ့အတွက် ၅နှစ်တခါ ၁၀ နှစ်တခါ LTS ကိုပြန်ပြီးတော့ install လုပ်စရာမလိုပါဘူး။ တခါ install လုပ်ပြီးတာနဲ့ update လုပ်ပြီးတော့ အသုံးပြုရုံပါပဲ။ နောက်ပြီးတော့ rolling release ဟာ Arch Linux လိုမျိုး direction တစ်ခုထဲကို သွားနေလို့ GNU/Linux အသုံးပြုသူတွေအနေနဲ့ ပိုပြီးတော့ သဘောတွေ့နိုင်ပါတယ်။ Cutting Edge technology တွေကို rolling release မှာပိုပြီးတော့ တွေ့ရတတ်ပါတယ်။ rolling release မှာတော့ တခါတခါ unstable မဖြစ်တာမျိုးတွေတော့လည်းရှိပါတယ်။

လိုရင်းဖြစ်တဲ့ Solus အကြောင်းနည်းနည်း ပြန်သွားလိုက်ရအောင်။ SolusOS ဟာ အရှေ့မှာပြောခဲ့သလို GNOME ကို fork လုပ်ထားတာ မဟုတ်ပဲနဲ့ integrate လုပ်ထားတာဖြစ်တဲ့ အတွက် GNOME လိုလိုထင်ယောင်ထင်မှား ဖြစ်စရာရှိပါတယ်။ SolusOS 2 မှာ GNOME 3.10 ကို default အနေနဲ့ အသုံးပြုမယ်လို့တောင် စီစဉ်ထားရာကနေပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် SolusOS ဟာ ၂၀၁၃ ခုနှစ်တွင်းမှာ အဆုံးသတ်လိုက်သလို ဖြစ်သွားပါတော့တယ်။ တဖန် ၂၀၁၄ ခုနှစ်မှာတခါ Evolve OS ဆိုတဲ့နာမည်နဲ့ ပြန်လည် အသက်ဝင်လာပြီးတော့မှ Solus ဆိုတဲ့ နာမည်ကို ပြန်ပြီးတော့ ပြောင်းလိုက်ကြပါတယ်။ Solus 1.2.1 အထိကို fixed point release နဲ့ ထုတ်ခဲ့ရာကနေပြီးတော့ အဲ့ဒီနောက်ပိုင်းမှာ rolling release နဲ့သာထုတ်လာခဲ့တာ ဇန်နဝါရီလ ၁ရက်နေ့ ၂၀၁၇ ခုနှစ်မှာထွက်တဲ့ Solus 2017.01.01.0 နဲ့ ဧပြီလ ၁၈ရက်နေ့ ၂၀၁၇ခုနှစ်ကထွက်တဲ့ Solus 2017.04.18.0 ဆိုပြီးတော့ ၂၀၁၇ ထဲမှာထွက်ထားပါတယ်။ Solus ရဲ့ default DE ကတော့ သိပြီးကြတဲ့အတိုင်း Budgie ဖြစ်ပါတယ်။

အဲ့ဒီတော့… Budgie ဟာ အခက်အခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရပြီးတော့ အခုအချိန်မှာလည်း GTK+ ကနေ Qt ကို ပြောင်းတဲ့အခါမှာလည်း အခက်အခဲများစွာ ထပ်ပြီးတော့ ကြုံတွေ့ရအုံးမှာပါ။ မည်သို့ပင်ဖြစ်စေ အချိန်တိုအတွင်းမှာ နာမည်ရလာတဲ့ Solus distro နဲ့ သူ့ရဲ့ Budgie DE ကတော့ GNU/Linux နဲ့ Open Source community မှာတော့ လူပြောများတဲ့ အကြောင်းတစ်ခုပါ။ ထို့အပြင် Ubuntu လိုနာမည်ကြီး distro မှာတောင် Budgie ကို official flavour အနေနဲ့ အသုံးပြုလာခဲ့ပါတယ်။ GTK+ ကနေ Qt ကို ပြောင်းရမှာကတော့ Budgie အတွက်ကောင်းတဲ့ အလားအလာတစ်ခုပါ။ သို့သော်… Budgie 11 မှာ အဲ့ဒီအပြောင်းအလဲကြောင့် ဘယ်လို ဂယက်မျိုးရိုက်ခက်နိုင်တယ်ဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အခုအချိန်ထိတော့ Budgie ဟာ အရှေ့ရောက်နေသေးတဲ့ DE တစ်ခုပါ။

Budgie အကြောင်းကိုတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။ နောက် post တစ်ခုမှာတော့ Xfce ဆိုတဲ့ lightweight DE တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ ဒီ post ကိုတော့ ဒီမှာပဲရပ်လိုက်ပါတော့မယ်။

☕