> For the complete documentation index, see [llms.txt](https://my.itmatic101.com/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://my.itmatic101.com/linuxbsd/mageia.md).

# လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၄)

**၄. Mageia**

Mageia ဆိုတဲ့ project ကို ဇွန်လ ၂၀၁၁ခုနှစ်မှစတာပါ။ ပထမဆုံးထွက်ရှိလာတဲ့ version ကိုတော့ Mageia 1 လို့ခေါ်ပါတယ်။ ဒီ distro ကလူသိပ်မသိပေမယ့် DistroWatch ရဲ့ မှာ နံပါတ် ၄ နေရာမှာ ၂၀၁၆ ခုနှစ်ကုန်ပိုင်းမှာ ဖြစ်လာခဲ့ပါတယ်။ KDE ကို နဂိုအတိုင်း ထည့်ပေးထားတဲ့ distro တစ်ခုလည်းဖြစ်ပါတယ်။ Mageia အကြောင်းကိုပြောမယ်ဆိုရင် Mandriva အကြောင်းကိုချန်ထားခဲ့လို့ မဖြစ်သလို၊ Mandriva အကြောင်းကို ပြောမယ်ဆို Linux-Mandrake (သို့မဟုတ် Mandrake Linux) အကြောင်းကိုချန်ထားခဲ့လို့မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နာမည်တွေကအကြောင်းအမျိုးမျိုးကြောင့် အဆင့်ဆင့်ပြောင်းလဲလာခဲ့လို့ပါ။ Gaël Duval \*\*\*\*ဆိုတဲ့ ပြင်သစ်နိုင်ငံသား တစ်ယောက်က ဇူလိုင်လ ၁၉၉၈ခုနှစ်မှာ Mandrake Linux ဆိုတဲ့ distro ကို Red Hat Linux ပေါ်မှာ အခြေခံပြီးတော့ KDE ကို desktop environment သုံးထားတဲ့ project ကို စတင် ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း MandrakeSoft ရဲ့ ပူးတွဲတည်ထောင်သူတစ်ယောက်လည်းဖြစ်လာခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ install လုပ်ရတာလွယ်ကူပြီး သုံးစွဲသူအကြိုက်တွေ့စေမယ် distro ကို ရေးမယ်ဆိုပြီးတော့ Gaël Duval ကစခဲ့တာဖြစ်ပါတယ်။ အစပိုင်းမှာ Red Hat Linux ကိုအခြေခံခဲ့သော်လည်း နောက်ပိုင်းမှာ Red Hat ကနေပုံစံကွဲထွက်အောင် ကိုယ်ပိုင်ပုံစံဖြစ်အောင်လုပ်ခဲ့ပါတယ်။ စထွက်တဲ့ အချိန်တုန်းက Linux မှာ အဆင်မပြေတာလေးကို Mandrake Linux ကပုံစံ အမျိုးမျိုးနဲ့ အဆင်ပြေအောင်လုပ်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် အခုချိန်ထိ Mandriva Control Center လို အဆင်ပြေပြေ သုံးလို့ရတဲ့ tool တွေကျန်နေရစ်ခဲ့ခြင်း သာဖြစ်ပါတယ်။

<figure><img src="/files/D1xWGnWMocoTZDv0kNXo" alt=""><figcaption></figcaption></figure>

အဲ့ဒီ distro ကအနှစ်တစ်ရာ မမြဲလိုက်ပေမယ့် အမှုတစ်ရာရင်ဆိုင်လိုက်တဲ့အတွက် တော်တော်လေးကို ရုန်းကန်ပြီးတော့ နေခဲ့ရတဲ့ distro တစ်ခုဖြစ်ပါတယ်။ စထွက်ခြင်းမှာ အဆင်ပြေလွန်းလို့လူကြိုက်များ ကျော်ကြားခဲ့ပါတယ်။ လှပတဲ့ KDE နဲ့ လွယ်ကူစွာ အသုံးပြုလို့ရတဲ့ tool တွေကြောင့်တော်တော်လေးလည်းနာမည်ရခဲ့တဲ့ distro ပါ။ ပြဿနာစဖြစ်ပုံကတော့ distro ပေါ်ပြီးတော်တော်လေးနာမည်ရလာမှ သူ့ရဲ့ distro နာမည်ဖြစ်တဲ့ Mandrake ဆိုတဲ့ဟာကို ဖေဖဝါရီလ ၂၀၀၄ ခုနှစ်မှာ Hearst Corporation ဆိုတဲ့ကုမ္ပဏီကြီးကနေပြီးတော့ သူကုမ္ပဏီက trademark လုပ်တဲ့ ကာတွန်းထဲက သူရုပ်ကောင်နာမည်နဲ့တူလို့ဆိုပြီးတရားဆွဲတာပါ။ ထုံးစံတိုင်း ငွေများ တရားနိုင်ခဲ့လို့ Gaël Duval တို့Mandrake Linux အဖွဲ့ရှုံးခဲ့ကြပါတယ်။ အဲ့ဒါကြောင့် သူတို့ရဲ့ brand name ကို mandrakeLinux လို့တခါ နောက် Linux-Mandrake လို့ တခါနာမည်ပြောင်းလိုက်ရတဲ့အတွက် သူတို့ကုမ္ပဏီအတွက်တော်တော်လေး နစ်နာခဲ့ရပါတယ်။ ကုမ္ပဏီ ပြုတ်မတတ်ဖြစ်ခဲ့ရလို့တခြားကုမ္ပဏီတစ်ခုဆီကို ရောင်းလိုက်ရပါတော့တယ်။ အဲ့ဒီဝယ်လိုက်တဲ့ ကုမ္ပဏီနာမည်က Conectiva ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူနာမည် Mandriva ဆိုပြီးတခါဖြစ်ရပြန်ပါတယ်။ ကုမ္ပဏီ အသစ်မှာတော့ Gaël Duval တစ်ယောက် Conectiva က အထက်တန်း အရာရှိတွေနဲ့သဘောထားမတိုက်ဆိုင်လို့ကုမ္ပဏီကနေ သူ့ကို မတ်လ ၂၀၀၆ခုနှစ်မှာထုတ်ပယ်လိုက်ပါတော့တယ်။ Gaël Duval ဘက်ကလည်း သူ့စတင်ခဲ့တဲ့ distro နဲ့ သူ့ကို အလုပ်ပြန်ထုတ်တယ်ဆိုတော့ မကျေနပ်လို့ကုမ္ပဏီကို တရားပြန်ဆွဲပါတယ်။ တော်တော်လေးကို အမှုများခဲ့တဲ့ distro တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Mandrake နဲ့ Mandriva ရဲ့အောင်မြင်မူကြောင့် Red Hat တို့လိုစီးပွားဖြစ် edition တွေလည်းထွက်ခဲ့ပါတယ်။

<figure><img src="/files/3JuCkkBAwfLQe9RAcZfz" alt=""><figcaption></figcaption></figure>

၂၀၀၇ ကနေ ၂၀၁၁ ထိ Mandriva ကနေပြီး ၆လတခါ Ubuntu တို့Fedora တို့လို upgrade ထွက်ပါတယ်။ စိတ်မကောင်း စရာအဖြစ်ကတော့ ၁၇ရက်နေ့ စက်တင်ဘာလ ၂၀၁၀ခုနှစ်မှာတော့ Mandriva ကိုနောက်ဆုံးဝယ်ယူထားတဲ့ ကုမ္ပဏီက အရှုံးခံကာ ဝန်ထမ်းအားလုံးနဲ့developer တွေကိုပါအလုပ်ဖြုတ်လိုက်ရပါတယ်။ နောက်တနေ့ ၁၈ရက်နေ့ စက်တက်ဘာလ ၂၀၁၀ခုနှစ်မှာတော့ Mandriva အဓိကတာဝန်ယူခဲ့ကြတဲ့ developer တချို့နဲ့Mandriva ရဲ့ community အဖွဲ့ဝင်တွေကတော့ Mageia project ကို community edition အနေနဲ့ ဆက်လက် maintain လုပ်သွားမယ်လို့ကြေငြာလိုက်ပါတယ်။ တော်တော်လေးကို ဗြောင်းဆန်ခဲ့ရတဲ့ distro တစ်ခုဖြစ်ပါတယ်။ သို့ပေမယ်လည်း community နဲ့ အသုံးပြုသူတွေ အနေနဲ့ တော်တော်လေးကိုဆက်လက် support လုပ်ခဲ့ကြလို့ ၂၀၁၆ မှာနံပါတ် ၄ နေရာမှာရပ်တည်နေတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်လို့စာရေးသူ ထင်မိပါတယ်။ စာရေးသူကိုယ်တိုင်လည်း အဆန်းသဘောမျိုး တစ်ခါသာ install လုပ်ပြီး သဘောလောက်သာ အသုံးပြုခဲ့တဲ့အတွက် အတွင်းကျကျတော့ မသိပါဘူး။ သို့သော်လည်း install လုပ်တဲ့ အခါမှာ Red Hat ကဆင်းသက်လာတဲ့ Fedora တို့ CentOS တို့နဲ့တော်တော်လေးတူပါတယ်။ Install လုပ်ပြီးတော့လည်း Mageia ရဲ့ desktop environment အတွေ့ အကြုံကတော့ KDE တို့ထုံးစံအတိုင်းလှပြီးတော့ နည်းနည်းတော့ heavy ဖြစ်နေသလို တော့ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်ကိုက KDE ကို မကြိုက်တာလည်းပါပါတယ်။ KDE က Gnome လောက် ရှင်းပြီးတော့ ပေါ့ပေါ့ပါးပါး မရှိတာတော့ Linux အသုံးပြုသူတွေတော်တော်များသိပါတယ်။ ကိုယ့်အကြိုက်နဲ့ကိုယ်တော့ ရှိတာပေါ့လေ။

<figure><img src="/files/zoJ4r2uXcFHy8cT4rMRR" alt=""><figcaption></figcaption></figure>

**Mageia အားသာချက်များ**

စထုတ်ကတည်းက အသုံးပြုသူတွေလွယ်ကူစွာ အသုံးပြုနိုင်အောင်ထုတ်ထားတဲ့ distro ဖြစ်တဲ့အတွက် install လုပ်ရတာ application တွေ install လုပ်ရတာ သိပ်အခက်အခဲရှိမှာမဟုတ်ပါဘူး။ Configuration လုပ်ဖို့လည်း tool တွေ utility တွေကောင်းကောင်းရှိပါတယ်။ ဘာသာစကားတော်တော်များများကို ထပ်ပြီးသွင်းစရာမလိုပဲ နဂိုအတိုင်းပါလာတဲ့အတွက် install လုပ်ပြီးတာနဲ့စပြီးအသုံးပြုလို့ရပါတယ်။ Red Hat ရဲ့ flavor ကိုလည်းကြိုက် RPM နဲ့လည်းမစိမ်း KDE မှ KDE ဆိုတဲ့သူတွေကတော့ Mageia ကို စမ်းပြီးအသုံးပြုသင့်ပါတယ်။ လွယ်ကူတဲ့အတွက် အသုံးပြုသူတွေ ကြိုက်မှာတော့ သေချာပါတယ်။

**Mageia နဲ့ဆင်တူ distro များ**

OpenMandriva ဆိုတဲ့ Mandriva ရှိတုန်းက အခမဲ့ပေးတဲ့ distro နဲ့ Russia မှာစခဲ့တဲ့ ROSA လို့ခေါ်တဲ့ distro တွေရှိပါတယ်။

**လက်ရှိ Mageia version နဲ့ release cycle**

အခုဒီစာရေးနေတဲ့အချိန်မှာ Mageia က 5.1 ပါ။ Mageia ကတော့ ၉လကိုမှာတခါ version အသစ် release လုပ်ပါတယ်။ နာမည်ရပြီးသား Linux distro တွေကတော့ များသောအားဖြင့် ၆လတခါထွက်ပါတယ်။ Mageia က version တစ်ခုကို ၁၈လထိပဲ support ပေးပါတယ်။ အောက်မှာတော့ Mageia ရဲ့ ထွက်တဲ့နေ့ support term နဲ့ kernel version အကျဉ်းချုပ်ဖြစ်ပါတယ်။

<figure><img src="/files/yZOusBtIWpVu1AIt1rRh" alt=""><figcaption></figcaption></figure>

<figure><img src="/files/XTHddOnWJVI4wqod4rrM" alt=""><figcaption></figcaption></figure>


---

# Agent Instructions
This documentation is published with GitBook. GitBook is the documentation platform designed so that both humans and AI agents can read, navigate, and reason over technical content effectively. Learn more at gitbook.com.

## Querying This Documentation
If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://my.itmatic101.com/linuxbsd/mageia.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
