💻
ITmatic101 - MY
  • ITmatic101 - နည်းပညာဆိုင်ရာ Blog
  • ☕Linux/BSD
    • Linux distro-hopper ခရီးကြမ်း
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၂)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၃)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၄)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၅)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၆)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၇)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၈)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၉)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁၀)
    • Manjaro Linux အကြောင်းတစေ့တစောင်း
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၁)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၂)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၃)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၄)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၅)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၁)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၂)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၁)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၂)
    • Ubuntu မှာအလုပ်ဖြစ်သော tool နဲ့ application (၁၀) ခုအကြောင်း
    • Docker မိတ်ဆက် အပိုင်း(၁)
    • Docker မိတ်ဆက် အပိုင်း(၂)
    • Docker မိတ်ဆက် အပိုင်း(၃)
    • GNU/Linux ကိုဘာလို့ ပြောင်းသုံးသင့်သလဲ
    • GNU/Linux မှာသုံးတဲ့ CLI ကိုဘယ်လိုခေါ်ကြသလဲ
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၁)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၂)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၃)
    • ပြတိုက်ထဲက SysVinit အကြောင်း
    • Open source သင်ခန်းစာများ အပိုင်း(၁)
    • Open source သင်ခန်းစာများ အပိုင်း(၂)
    • လေထုညစ်ညမ်းစပြုလာတဲ့ Linux ရဲ့ Ecosystem
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၁)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၂)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၃)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၄)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၅)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၁)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၂)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၃)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၄)
    • Open Source ကောက်ကြောင်း – အပိုင်း(၁)
    • Open Source ကောက်ကြောင်း – အပိုင်း( ၂)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၁)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၂)
    • SELinux မိတ်ဆက်
    • Open Source Licenses များအကြောင်း – အပိုင်း (၁)
    • Open Source Licenses များအကြောင်း – အပိုင်း (၂)
    • Keepalived မိတ်ဆက် – အပိုင်း (၁)
    • Keepalived မိတ်ဆက် – အပိုင်း (၂)
    • Linux မှာ package manager တွေကိုဘယ်လိုအသုံးပြုသလဲ
  • 🚀Automation
    • Chef မိတ်ဆက် အပိုင်း(၁)
    • Wireguard ရဲ့ automated workflow
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၁)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၂)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၃)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၄)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၁)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၂)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၃)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၁)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၂)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၁)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၂)
    • Kickstart ကိုအသုံးပြုပြီး Custom ISO တွေဖန်တီးပုံ
  • ⚙️Networking
    • အဘယ့်ကြောင့် GNS3
    • ZeroTier မိတ်ဆက်
    • WireGuard အကြောင်းသိကောင်းစရာ
    • Linode VPS မှာကိုယ်ပိုင် Wireguard VPN server တစ်ခုတည်ဆောက်ပုံ
    • အဘယ်ကြောင့် MikroTik
    • VRRP ကို MikroTik မှာ setup လုပ်ပုံ
  • ☁️Virtualisation and Cloud
    • KVM မှာ virtual disk တွေကို ဘယ်လို resize လုပ်လို့ရသလဲ
    • Debian 12 ပေါ်တွင် Proxmox 8 ကိုဘယ်လို integrate လုပ်သလဲ
    • Promox ပေါ်မှာ VM template တွေကို cloud-init သုံးပြီး ဖန်တီးပုံ
    • Custom LXD container templates များကိုဘယ်လို import လုပ်သလဲ
    • Cloud ဆိုသည်မှာ
  • 🍒others
    • Git အကြောင်းသိကောင်းစရာ
    • Home Lab ရှိခြင်း အနုပညာ
    • ကိုယ့်လုံခြုံရေးအတွက် အသုံးပြုသင့်တဲ့ toolkit လေးများ
    • SSH Tunneling အကြောင်းသိကောင်းစရာ
    • အခြေခံ SSH workflow များ
    • SSH Certificate Based Authentication အကြောင်းတစေ့တစောင်း
    • နေ့စဉ်သုံး စိတ်ကြိုက် Application/Software လေးများ
    • Keyboard Size တွေအကြောင်းသိသမျှ
    • သက္ကရာဇ်၂၀၂၀ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • သက္ကရာဇ်၂၀၂၁ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၁)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၂)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၃)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၄)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၅)
    • အင်တာနက်မြန်မာစာ ယူနီကုဒ်ဇော်ဂျီ ပြဿနာ
    • CyanogenMod မိတ်ဆက် အပိုင်း(၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၂)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၃)
  • 💀OffSec
    • ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် OpenSSL
Powered by GitBook
On this page
  • ၁. Linux Mint
  • Linux Mint 20 Release (Ulyana)

Was this helpful?

  1. Linux/BSD

လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁)

PreviousLinux distro-hopper ခရီးကြမ်းNextလူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၂)

Last updated 2 years ago

Was this helpful?

၁. Mint

Microsoft Windows နဲ့ Apple MacOS တွေက ရုံးသုံးနဲ့ အိမ်သုံး ကွန်ပြူတာများ အတွက်တော့ လက်ရှိအချိန်ထိ လူသုံးများ နေဆဲပါ။ အဓိက အားဖြင့်တော့ Windows OS တွေကတော့ သာမန်ရုံးသုံးတွေမှာ သူ့ရဲ့ Office Suite ကြောင့်သုံးနေရတုန်းပါ။ ဥပမာအနေနဲ့ပြောရရင် ရုံးအတွက် နာမည်ကျော် Microsoft Exchange ကို mail server အနေနဲ့သုံးမယ်ဆိုရင် Microsoft Office ရဲ့ Outlook လို email client တွေကသုံးနေရမှာပါ။ Linux ရဲ့ LibreOffice Suite က Microsoft Office Suite ရဲ့ Word၊ Excel၊ PowerPoint တို့လို ရုံးသုံး application တွေကို အစားထိုးသုံးရတာ လွယ်ကူပါတယ်။ တခါတလေ LibreOffice ကစွမ်းဆောင်ရေ ပိုမြင့်နေတာမျိုးတွေ တွေ့ရတတ်ပါတယ်။ ထိုနည်းတူ Apple MacOS ကလည်း design သမားတွေ video editing သမားတွေ အတွက်တော့ အသဲစွဲဖြစ်နေတုန်းပါ။ Apple ကတော့ OS အပြင် hardware ကို ရောင်းတာဖြစ်တဲ့ အတွက် အမြင်ပိုင်း ပုံစံပိုင်းမှာလည်း ဆန်းသစ်လို့အများနဲ့မတူတဲ့ laptop၊ desktop နဲ့ phone တွေမှာ ရှေ့ကို ကြိုရောက်နေတတ်ပါတယ်။ သူတို့နှစ်ခုလုံးမှာ အားနည်းချက် အားသာချက်တွေလည်း ကိုယ်စီရှိကြပါတယ်။ ဥပမာအားဖြင့် Apple iMac နဲ့MacBook တွေဟာ အမြင်အားဖြင့် ဆန်းရုံသာမက Graphic နည်းပညာမှာတော်တော်လေးကို ကောင်းကြတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဈေးကြီးလို့budget သမားတွေအတွက်တော့ မကိုက်ပြန်ပါဘူး။ ၎င်းနည်းတူ ရုံးတွေအတွက် အသုံးများတဲ့ Windows OS တွေက Licensing ဆိုတဲ့ဟာမျိုး တွေကတော်တော် ရှုပ်နေတုန်းပါ။ Edition တစ်ခုနဲ့တစ်ခုကလည်း ဈေးတွေကွာတဲ့ အပြင် ပါဝင်တဲ့ features တွေကလည်း မတူပါဘူး။ မြန်မာနိုင်ငံမှာတော့ ကုမ္ပဏီကြီးတွေကလွဲလို့အိမ်သုံးကွန်ပြူတာတွေမှာတော့ အခမဲ့သုံးလို့ရအောင် Cracked လုပ်ထားတဲ့ Pirate တွေသုံးနေရတုန်းဖြစ်တဲ့ အတွက် Virus တွေ Trojan တွေမပါ နိုင်ဘူးလို့လည်း ပြောလို့မရပါဘူး။ နောက်ပြီး လက်ရှိ virus ပြန့်ဖို့အလွယ်ဆုံး OS က Windows ဖြစ်ပါတယ်။ Microsoft ရဲ့ Certification and Training program ကောင်းကောင်းတွေ ရှိလို့လူတော်တော် များများကသူ့ရဲ့ application နဲ့OS ကို ကျွမ်းကျင်စွာ အသုံးပြုတတ်ကြပါတယ်။ နည်းပညာသမားတွေကိုယ်တိုင်တောင်မှ Microsoft ရဲ့ Products တွေမှာ ပိုပြီးအားသန်ကြတွေ့နေရတုန်းပါ။

အထက်မှာပြောသွားတာကတော့ Microsoft နဲ့ Apple တို့ရဲ့အားသာချက် အားနည်းချက်တွေပါ။ Linux အကြောင်းကိုလုံးဝ မပြောရသေးပါဘူး။ ဘာဖြစ်လို့အဲ့ဒါတွေကို အရင်ပြောရလဲ ဆိုရင် Linux က လုံးဝခွဲထွက်သွားတဲ့ အတွေးအခေါ် နဲ့နည်းပညာ ဆန်းသစ်မှုတွေကြောင့်လို့ပဲဆိုရမှာပါ။ Linux ကအခမဲ့ အသုံးပြုလို့ source code ကိုကိုယ်လိုသလို ပြင်လို့ရအောင် GNU GPL version 2 ဆိုတို့ရဲ့တဲ့ Open Source license အောင်မှာ register လုပ်ထားပါတယ်။ Linux ရဲ့ Licensing နဲ့ Open Source အကြောင်းတွေကို နောက်ပိုင်းမှာ အသေးစိတ်ရှင်းလင်းပါ့မယ်။ အခုတော့ GNU Linux မှာနာမည်ရနေတဲ့ Distributions တွေအကြောင်းရေးသွားပါ့မယ်။ အတိုကောက်ကတော့ Distro လို့ခေါ်ကြပါတယ်။ Open Source ဖြစ်တဲ့ အတွက် distro developer တွေက ပုံစံမျိုးစုံနဲ့ နာမည်တွေပေးပြီး အသီးသီးထုတ်ကြပါတယ်။ Linux ကိုစပြီး အသုံးပြုသူတွေ အတွက်တော့ နည်းနည်း မျက်စိလည်စရာရှိပေမယ့် အသုံးပြုရင်းနဲ့ နည်းနည်း သဘောပေါက်လာပါလိမ့်မယ်။ အသုံးပြုသူရဲ့ အတွေ့ အကြုံပေါ်မူတည်ပြီးတော့လည်း အသုံးပြုတာလွယ်ကူတဲ့ distro တွေရှိသလို (ဥပမာ Ubuntu တို့ Linux Mint တို့လိုမျိုး လူကြိုက်များ distro)၊ အသေးစိတ်လို သလို ပြင်ဆင်အသုံးပြုနိုင်တဲ့ distro တွေလည်းရှိပါတယ်။ (ဥပမာ Arch တို့Slackware တို့လို အတွေ့ အကြုံတွေအများကြီးလိုတဲ့ distro)

အောက်မှာဖော်ပြသွားမယ့် အကြောင်းတွေက DistroWatch လို့ခေါ်တဲ့ website ကနေ ရတဲ့အချက်အလက်တွေကို အခြေခံပြီးရှင်းပြပေးသွားမှာပါ။ DistroWatch ကတော့ တနေ့ ကို လူဘယ်နှစ်ယောက် သက်ဆိုင်ရာ distro website တွေကိုလာကြည့်ကြသလဲ ဘယ်နှကြိမ်လောက် download လုပ်သလဲ ဆိုတာနဲ့ တိုင်းတာပြီး ဖော်ပြထားတာဖြစ်ပါတယ်။ လူတွေ စိတ်ဝင်စားတာအများဆုံး distro ၁ဝခုကို အစဉ်လိုက်အောက်မှာ ရှင်းပြသွားပါ့မယ်။

၁. Linux Mint

ပထမဆုံး အနေနဲ့ Linux ကမ္ဘာမှာ လူအသုံး အများဆုံးဖြစ်တဲ့ Linux Mint အကြောင်းလေးပြောပြပါ့မယ်။ Linux Mint ကတော့ Ubuntu ဆိုတဲ့ distro ကနေဆင်းသက်လာတဲ့ GNU Linux ဖြစ်ပါတယ်။ အိုင်ယာလန် (Ireland) မှာနေတဲ့ Clement Lefebvre ဆိုတဲ့ ပြင်သစ်နိုင်ငံဖွားက ၂၀၀၆ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အဲ့ဒီအချိန်က သူဟာ Linux အသုံးပြုသူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ကူညီဖြေရှင်း ကနေ distro အသစ် သူကိုယ်တိုင်စဖို့ဆုံးဖြတ်ပြီး Mint project ကိုစတင်ဖြစ်ပါတယ်။ အဓိက ကတော့ Linux ရဲ့ အသုံးပြုလာတာ ကြာပြီဖြစ်သော Desktop Environment များဖြစ်တဲ့ Gnome နဲ့ KDE ကနေ ခွဲထွက်သွားတဲ့ Ubuntu က Unity ကို Linux အသုံးပြုသူတွေ အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ Ubuntu က Linux အသုံးပြုသူတွေအတွက် အဆင်ပြေအောင် လုပ်ပေးပြီးသား ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Ubuntu မှာပဲ အခြေခံပြီးတော့ User Interface ကို Gnome Desktop Environment နဲ့ အနီးစပ်ဆုံး ဖြစ်အောင်လုပ်တဲ့ အတွက် အစပိုင်းကတည်းက အောင်မြင်ရရှိခဲ့တဲ့ distro ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Cinnamon desktop environment ဆိုပြီး ဖြစ်လာပါတယ်။ နောက်ပြီး Linux Mint အသုံးပြုသူတွေရဲ့ အကြံဥာဏ်တွေကို လည်း တလေးတစား တန်ဖိုးထားပြီး ပြင်သင့်တာတွေ လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးခဲ့တာတွေကြောင့် အခုချိန်ထိ အောင်မြင်ဆဲ distro တစ်ခုဖြစ်နေဆဲပါ။

Linux Mint မှာလည်း တခြား distro တွေလို အသုံးပြုသူတွေ လိုသလို ပြင်ရင်း မတူတဲ့ desktop environment တွေနဲ့လည်းရှိနေပါတယ်။ Cinnamon ကတော့ လက်ရှိ Linux Mint 18 ရဲ့ နဂိုပါလာတဲ့ desktop environment ဖြစ်ပါတယ်။ KDE တို့ MATE တို့လိုပုံစံတွေနဲ့လည်း လာပါတယ်။

Linux Mint ရဲ့အားသာချက်များ

သုံးရတာလွယ်ကူလို့ Windows ကနေ Linux ကိုပြောင်းသုံးချင်သူ တွေအတွက်တော့ အဆင်ပြေဆုံး ဖြစ်ပါတယ်။ Desktop ပုံစံက Windows နဲ့ တော်တော် နီးစပ်ပါတယ်။ Ubuntu ကို အခြေခံ ထားတဲ့ အတွက် Ubuntu မှာသုံးလို့ရတဲ့ application အကုန်လုံးနီးပါး Mint မှာသုံးလို့ ရပါတယ်။ Ubuntu မှာလိုပဲ APT package manager ကိုထည့်ပေးထားပြီး deb package တွေကို အသုံးပြုလို့ရမှာဖြစ်ပါတယ်။

Linux Mint မှာရနိုင်တဲ့ Editions များ

အဓိက လူသုံးများတဲ့ edition မှာတော့ MATE နဲ့ Cinnamon ကို နဂိုအတိုင်းထည့်ပေးထားပါတယ်။ Community Editions လို့ ခေါ်တဲ့ ဝါသနာတူတွေစုပြီး ရေးထားပေးတဲ့ edition မှာတော့ KDE နဲ့ ပေါ့ပါးအောင် (သို့မဟုတ် Lightweight ဖြစ်အောင်) ရေးတဲ့နေရာမှာ နာမည်ရတဲ့ Xfce ကိုအသုံးပြုထားပါတယ်။ Debian Edition ဆိုတာလည်းထွက်ပါတယ်။ သူလည်း MATE နဲ့ Cinnamon ကိုသုံးပါတယ်။

Linux Mint နဲ့ဆင်တူ distro များ

Ubuntu, Elementary OS (Apple MacOS နဲ့ တော်တော်ဆင်တူအောင်ရေးထားတဲ့ distro ပါ။), Zorin OS (Microsoft Windows နဲ့ အတူနိုင်ဆုံးဖြစ်အောင်လုပ်ထားတဲ့ distro တစ်ခုဖြစ်ပါတယ်။), Lubuntu (Ubuntu ကိုမှ Lightweight ဖြစ်အောင်လုပ်ထားတဲ့ အတွက် Lightweight Ubuntu သို့မဟုတ် Lubuntu ဆိုပြီးခေါ်ပါတယ်။ ကွန်ပြူတာ အဟောင်းတွေအတွက် ပိုပြီးသင့်တော်ပါတယ်။ စာရေးသူ ကိုယ်တိုင် အကြိုက်ဆုံး distro လည်းဖြစ်၊ လက်ရှိဒီစာကိုရေးနေတဲ့ အချိန် Laptop ပေါ်မှာတင်ထားပြီး အသုံးပြုနေတဲ့ distro လည်းဖြစ်ပါတယ်။ အမြင်ရှင်းသလောက် ပေါ့ပါးတဲ့ OS တစ်ခုဖြစ်ပါတယ်။), Xubuntu, Peppermint OS တို့ဖြစ်ပါတယ်။

လက်ရှိ Linux Mint Version နဲ့ Code-name

လက်ရှိ version ကတော့ Linux Mint 18.1 ဖြစ်ပြီး သူရဲ့ code-name ကတော့ Serena ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် စာရေးသူ ဒီစာကိုရေးနေတုန်း ဒီနေ့ ၁၆ရက်နေ့ ဒီဇင်ဘာမှာ ၂၀၁၆ မှာပဲ Linux Mint 18.1 Serena ထွက်ပါတယ်။ ၂၀၁၆ခုနှစ် ဒီဇင်ဘာလ အစောပိုင်းထဲမှာ beta version ထွက်ခဲ့ပြီး လက်ရှိ Linux Mint 18.1 Serena မတိုင်ခင်မှာ Linux Mint 18 Sarah ထွက်ခဲ့ပါတယ်။ Linux Mint 18.1 Serena ကိုတော့ ထူးထူးခြားခြား အနေနဲ့LTS လုပ်ပေးထားပါတယ်။ Long Term Support (LTS) ဆိုတဲ့အတိုင်း ၂၀၂၁ ခုနှစ်ထိ ၅နှစ်တိုင်တိုင် စိတ်ချလက်ချ update တွေရမှာ ဖြစ်ပါတယ်။ Windows နဲ့ Apple ကနေ ပြောင်းချင်တဲ့သူတွေကတော့ Linux Mint စမ်းပြီးသုံးကြည့်သင့်ပါတယ်။ သုံးသုံးချင် Cinnamon desktop ကို Linux စတင် အသုံးပြုသူတွေ တော်တော်များများက ကြိုက်ကြပါတယ်။ နောက်ပြီး ထူးခြားချက် တစ်ခုကတော့ Linux Mint ဟာ သူ့ရဲ့ code-name များကို ချစ်စရာကောင်းတဲ့ အင်္ဂလိပ် အမျိုးသမီး နာမည်များနဲ့ မှည့်လေ့ရှိပါတယ်။

စာကြွင်း။ ။ လက်ရှိမှာတော့ Linux Mint ဟာ version 19.2 ကို ရောက်နေပါပြီ။ code-name ကိုတော့ Tina လို့မှည့်ခေါ်ထားပါတယ်။ Ubuntu ရဲ့ 18.04 LTS ဖြစ်တဲ့ Ubuntu Bionic Beaver ပေါ်မှာ အခြေခံထားပါတယ်။

Linux Mint 20 Release (Ulyana)

[29/06/2020] စာကြွင်း။ ။ ဒီစာကို ပြန်ပြီးတော့ revise လုပ်တော့ အခုဒီစာကိုရေးတဲ့အချိန်မှာ Linux Mint ဟာ version 20 release ကိုရောက်လို့နေပါပြီ။ codename ကိုတော့ Ulyana ဆိုတဲ့ မိန်းကလေးနာမည်ကို မှည့်ပေးထားပါတယ်။ Linux Mint 20 ကိုတော့ Ubuntu 20.04 LTS Focal Fossa ပေါ်မှာအခြေခံပြီးတော့ တည်ဆောက်ထားတဲ့ release ပါ။ Official release ထွက်တာ နှစ်ရက်သုံရက်လောက်ပဲ ရှိပါသေးတယ်။ ၂၇ ရက် ဇွန်လ ၂၀၂၀ခုနှစ် မှာဖြစ်တဲ့အတွက် တော်တော်လေးကို သစ်တယ်လို့ ဆိုရမှာပါ။ Ubuntu 20.04 LTS ကို အခြေခံထားသော်လည်း Linux Mint 20 မှာ Focal Fossa နဲ့ ထိပ်တိုက်တွေ့မယ့် အနေအထားမျိုးကို ဖန်တီးလာပါတယ်။ ပြဿနာက Linux Mint 20 ဟာ Ubuntu 20.04 LTS မှာအခြေခံထားသော်လည်း SnapCraft ရဲ့ snapd ကို သူ့ရဲ့ software center မှာ ဒီအတိုင်းပေးမ run ပါဘူး။ အခုတလော အရမ်းကို ပွတ်ပွတ်ညံနေတဲ့ Ubuntu နဲ့ Mint distro နှစ်ခုကြားက စစ်အေးတစ်ခုလိုလိုတောင်ဖြစ်လာပါတယ်။ သိထားပြီးကြတဲ့အတိုင်း… Canonical ရဲ့ Ubuntu 20.04 LTS မှာ software center မှာ software တွေကို install လုပ်တဲ့ အခါ သူ့ရဲ့ background မှာ snap စီကို redirect ပြန်လုပ်ပါတယ်။ SnapCraft ဟာ Canonical အတွက်တော့ နောက်ပိုင်း software တွေကို install လုပ်ဖို့ရန်အတွက် road map တစ်ခုပမာဖြစ်လာတော့မှာပါ။ Android မှာ App ကို management လုပ်တဲ့ပုံစံမျိုးကို သူတို့ အလိုရှိပါတယ်။ Android မှာ Google Play store ရှိသလို F-Droid လို privacy ကို လေးစားတဲ့ app store လည်းရှိပါတယ်။ အဲ့ဒီ App distribution method ကို Canonical ကလည်း developers တွေဘက်ကရော၊ app တွေကို အသုံးပြုတဲ့ user တွေဘက်ကရော အဆင်ပြေအောင်လို့ unified လုပ်ချင်တဲ့သဘောပါ။ Ubuntu Touch ကလည်း mobile ဘက်မှာ PinePhone လို open hardware platform လက်ကိုင်ဖုန်းတွေကြောင့် တခေတ်ပြန်ထဖို့ရှိနေပါတယ်။ အဲ့ဒီတော့ Canonical ဘက်ကလိုအပ်တဲ့ road map ကို ကြိုပြီးတော့ချထားချင်တာလည်းဖြစ်ပါတယ်။

သို့သော်… Linux Mint 20 ကို ထုတ်ဖို့လုပ်တဲ့ နေရာမှာ Mint ရဲ့ core developers တွေကတော့ snapd ဟာ software တွေကို install လုပ်ဖို့အတွက် တစ်ခုတည်းသော store မဖြစ်သင့်ဘူးလို့ ဆန့်ကျင်ဘက်အမြင်ရှိပြန်ပါတယ်။ ဒါ့အပြင် snap ကိုလည်း အယုံအကြည်မရှိဘူးလို့ ဆိုလာပြန်ပါတယ်။ Ubuntu ဘက်ကတော့ မင်းတို့ Mint အဖွဲ့က Ubuntu ကို upstream အနေနဲ့ ရှိသမျှ repo တွေကို ယူသုံးပြီးကာမှ မယုံဘူးဆိုတော့ ဘာလည်း ပေါ့။ အဲ့ဒီ စစ်အေးက လက်ရှိအချိန်ထိ ခပ်နွေးနွေးရှိနေတုန်းပါ။ ဒီကြားထဲမှာပဲ Mint ဟာ version 20 release ကို snap ကို disabled လုပ်ပြီးတော့ ထုတ်ချလိုက်ပါတယ်။ နောက်ပိုင်းမှ snap အကြောင်းကို သီးသန့်ရေးပါ့မယ်။ အခုဟာ Linux Mint 20 အကြောင်းမို့ သူ့ရဲ့ release note ကို ဒီ မှာ အချိန်ရှိရင်သွားရောက် အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

link
☕
Page cover image