💻
ITmatic101 - MY
  • ITmatic101 - နည်းပညာဆိုင်ရာ Blog
  • ☕Linux/BSD
    • Linux distro-hopper ခရီးကြမ်း
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၂)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၃)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၄)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၅)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၆)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၇)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၈)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၉)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁၀)
    • Manjaro Linux အကြောင်းတစေ့တစောင်း
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၁)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၂)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၃)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၄)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၅)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၁)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၂)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၁)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၂)
    • Ubuntu မှာအလုပ်ဖြစ်သော tool နဲ့ application (၁၀) ခုအကြောင်း
    • Docker မိတ်ဆက် အပိုင်း(၁)
    • Docker မိတ်ဆက် အပိုင်း(၂)
    • Docker မိတ်ဆက် အပိုင်း(၃)
    • GNU/Linux ကိုဘာလို့ ပြောင်းသုံးသင့်သလဲ
    • GNU/Linux မှာသုံးတဲ့ CLI ကိုဘယ်လိုခေါ်ကြသလဲ
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၁)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၂)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၃)
    • ပြတိုက်ထဲက SysVinit အကြောင်း
    • Open source သင်ခန်းစာများ အပိုင်း(၁)
    • Open source သင်ခန်းစာများ အပိုင်း(၂)
    • လေထုညစ်ညမ်းစပြုလာတဲ့ Linux ရဲ့ Ecosystem
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၁)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၂)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၃)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၄)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၅)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၁)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၂)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၃)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၄)
    • Open Source ကောက်ကြောင်း – အပိုင်း(၁)
    • Open Source ကောက်ကြောင်း – အပိုင်း( ၂)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၁)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၂)
    • SELinux မိတ်ဆက်
    • Open Source Licenses များအကြောင်း – အပိုင်း (၁)
    • Open Source Licenses များအကြောင်း – အပိုင်း (၂)
    • Keepalived မိတ်ဆက် – အပိုင်း (၁)
    • Keepalived မိတ်ဆက် – အပိုင်း (၂)
    • Linux မှာ package manager တွေကိုဘယ်လိုအသုံးပြုသလဲ
  • 🚀Automation
    • Chef မိတ်ဆက် အပိုင်း(၁)
    • Wireguard ရဲ့ automated workflow
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၁)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၂)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၃)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၄)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၁)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၂)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၃)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၁)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၂)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၁)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၂)
    • Kickstart ကိုအသုံးပြုပြီး Custom ISO တွေဖန်တီးပုံ
  • ⚙️Networking
    • အဘယ့်ကြောင့် GNS3
    • ZeroTier မိတ်ဆက်
    • WireGuard အကြောင်းသိကောင်းစရာ
    • Linode VPS မှာကိုယ်ပိုင် Wireguard VPN server တစ်ခုတည်ဆောက်ပုံ
    • အဘယ်ကြောင့် MikroTik
    • VRRP ကို MikroTik မှာ setup လုပ်ပုံ
  • ☁️Virtualisation and Cloud
    • KVM မှာ virtual disk တွေကို ဘယ်လို resize လုပ်လို့ရသလဲ
    • Debian 12 ပေါ်တွင် Proxmox 8 ကိုဘယ်လို integrate လုပ်သလဲ
    • Promox ပေါ်မှာ VM template တွေကို cloud-init သုံးပြီး ဖန်တီးပုံ
    • Custom LXD container templates များကိုဘယ်လို import လုပ်သလဲ
    • Cloud ဆိုသည်မှာ
  • 🍒others
    • Git အကြောင်းသိကောင်းစရာ
    • Home Lab ရှိခြင်း အနုပညာ
    • ကိုယ့်လုံခြုံရေးအတွက် အသုံးပြုသင့်တဲ့ toolkit လေးများ
    • SSH Tunneling အကြောင်းသိကောင်းစရာ
    • အခြေခံ SSH workflow များ
    • SSH Certificate Based Authentication အကြောင်းတစေ့တစောင်း
    • နေ့စဉ်သုံး စိတ်ကြိုက် Application/Software လေးများ
    • Keyboard Size တွေအကြောင်းသိသမျှ
    • သက္ကရာဇ်၂၀၂၀ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • သက္ကရာဇ်၂၀၂၁ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၁)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၂)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၃)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၄)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၅)
    • အင်တာနက်မြန်မာစာ ယူနီကုဒ်ဇော်ဂျီ ပြဿနာ
    • CyanogenMod မိတ်ဆက် အပိုင်း(၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၂)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၃)
  • 💀OffSec
    • ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် OpenSSL
Powered by GitBook
On this page
  • ၁. Bitwarden
  • ၂. WireGuard
  • ၃. Visual Studio Code (VSCode)
  • ၄. GitLab
  • ၅. Terminator
  • ၆. Pi-hole

Was this helpful?

  1. others

နေ့စဉ်သုံး စိတ်ကြိုက် Application/Software လေးများ

PreviousSSH Certificate Based Authentication အကြောင်းတစေ့တစောင်းNextKeyboard Size တွေအကြောင်းသိသမျှ

Last updated 2 years ago

Was this helpful?

Computer တစ်လုံးမှာ hardware ရယ် software ရယ်ဆိုပြီးတော့ရှိပြီး၊ hardware မှာလည်း လိုအပ်တဲ့ specification များစွာနဲ့ CPU ကတော့ဖြင့် ဘယ်နှ core လဲ၊ ‌ဘယ်နှ thread နဲ့ အပြင် processing power အတွက် လည်း ဘယ်လောက်နှုန်း မြန်သလဲဆိုတာကို ထပ်မံတိုင်းရပြန်ပါတယ်။ ထိုမှတဖန် CPU ဟာ Intel လား၊ AMD လား အပြင် x86 platform အတွက်လား ARM အတွက်လား ဆိုပြီးတော့ ကိုယ်အသုံးပြုတဲ့ vendor တွေကို ထပ်တခါ ခွဲခြမ်းလိုက်ရင်ဖြင့် မကုန်နိုင်တဲ့ hardware အတွက် topic က CPU ဆိုတဲ့ component တစ်ခုတည်းတင်ကို မနည်းပါဘူး။ Hardware တွေမှာလည်း တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းသလို hardware သီးသန့်လိုက်ချင်ရင်လည်း လေ့လာစရာ သိစရာတွေဟာ အများကြီးရှိလို့ နေပြန်ပါတယ်။ အဲ… software ဘက်မှာလည်းပဲ operating system ကနေပြီး kernel ရယ်၊ device driver ရယ်၊ end user တွေအသုံးပြုဖို့အတွက် ထုတ်ထားတဲ့ user space က program သို့မဟုတ် application တွေရှိလို့နေပြန်ပါတယ်။ အားလုံးကို ခြုံငုံမိဖို့ ဆိုတာတော့ နည်းနည်းခက်မယ်ထင်ပါတယ်။ ဒါတောင်မှ system ပိုင်းကိုပဲပြောတာဖြစ်လို့ coding ဘက်တောင်မရောက်သေးပါဘူး။ Coding ဘက်မှာလည်း လိုက်ပြီးတော့လေ့လာ စရာ programming language ပေါင်းများစွာနဲ့ Framework တွေရှိလို့နေပြန်ပါတယ်။ IT လို့ပြောလိုက်ရင် များသောအားဖြင့်က အကုန်လုံးကို သိတယ်လို့ ယူဆတတ်လို့ တခါတခါ IT ထဲကမဟုတ်တဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေကို ရှင်းပြရတာ အခက်တွေ့ရတတ်လွန်းလို့ပါ။ ဒီ post မှာကတော့ application လေးနဲ့ ပတ်သတ်တဲ့ အကြောင်းလေးတစ်ခုကို ပေါ့ပေါ့ပါးပါး တစ်ခုရေးမယ်လို့ စိတ်ကူးမိတာနဲ့ ရေးဖြစ်ပါတယ်။

အရင်တုန်းကလည်း အခြားသော post အဟောင်းတွေမှာရေးခဲ့သလိုပဲ နောက်ပိုင်း software တွေ application တွေ ကို ရွေးတဲ့အခါမှာ opensource နဲ့ free ဖြစ်လား မဖြစ်သလားကို အရင်ဆုံးကြည့်ပါတယ်။ ထို့နောက်… enterprise မှာအသုံးပြုဖို့အတွက် ဘယ်လို feature တွေပါသလဲ၊ pricing ကဘယ်လိုရှိသလဲ စသည်သဖြင့် အဆင့်ဆင့် စစ်ဆေးချလိုက်ပြီးတော့မှ ကိုယ့်အတွက် ဘယ်လိုအသုံးဝင်သလဲဆိုတာကိုကြည့်တယ်။ Opensource မှာ software တစ်ခုရဲ့ offering ဟာတစ်ခုနဲ့ တစ်ခုမတူပါဘူး။ Business model တွေဟာလည်း တစ်ခုနဲ့ တစ်ခုမတူတာကြောင့် နှစ်ခုယှဉ်ပြီးတော့ ကြည့်လိုက်ရင်ဖြင့် ဘယ်တစ်ခုက ပိုပြီး opensource နဲ့ free software အတွက် offering ပိုပြီးတော့ ကောင်းသလဲဆိုတာကို သိနိုင်ပါတယ်။ အချို့သော software တွေဟာ opensource လို့ပြောသော်လည်း offering ညံ့လို့ ပဲဖြစ်ဖြစ်၊ business model ကြောင့်ပဲဖြစ်ဖြစ် အခမဲ့ရနိုင်တဲ့ feature က free edition မှာ နည်းလွန်း ညံ့လွန်းတာတွေလည်း ရှိပါတယ်။ စာရေးသူအတွက်တော့ software တစ်ခုကို ကိုယ့်အတွက်ဖြစ်ဖြစ် ကိုယ့်အလုပ်အတွက် ဖြစ်ဖြစ် recommend လုပ်တော့မယ်ဆိုရင် အထက်မှာပြောတဲ့ အချက်တွေကို သေသေချာချာအရင် ကြည့်တတ်ပါတယ်။ ကိုယ်သတ်မှတ်ထား criteria ထဲမှာ မဝင်ဘူးဆိုရင် အခြားအခြားသော alternatives တွေကို အချိန်ပေးပြီးတော့ လိုက်ရှာတတ်ပါတယ်။ အားလုံးစိတ်တိုင်းကျပြီဆိုမှ အရင်ဆုံး စမ်းသုံးကြည့် ပါတယ်။ စမ်းသုံးလို့လည်း အဆင်ပြေတယ်ဆိုမှပဲ နေ့စဉ်ကိုယ်အသုံးပြုတဲ့ tool chain တစ်ခုအနေနဲ့ ထည့်ပြီး အသုံးပြုပါတော့တယ်။ ဒီ process က ကိုယ့်အတွက် software တစ်ခုလိုပြီ၊ tool တစ်ခုလိုပြီဆိုရင် ထပ်ခါထပ်ခါလုပ်တဲ့အတွက် အကျင့်လေးတစ်ခုလိုတောင်ဖြစ်လို့နေပါသေးတယ်။ စိတ်တိုင်းကျလွန်းတဲ့ application/software တွေ အကြောင်းကိုသွားလိုက်ရအောင်ဗျာ။

၁. Bitwarden

ဒီ Bitwarden ဆိုတဲ့ open source password manager လေးကို စတင်အသုံးပြုဖြစ်တာ တစ်နှစ်လောက်တောင်ရှိတော့မယ်ထင်ပါတယ်။ Bitwarden ကို မသုံးဖြစ်သေးခင်ကတော့ KeePass လို offline password manager တွေကို Google Drive နဲ့ တွဲပြီးတော့ အသုံးပြုပါတယ်။ kdbx file တွေကို sync လုပ်တဲ့ အခါမှာတော့ အချို့အဆင်မပြေတာတွေ ရှိသော်လည်း ကြီးကြီးမှားမှား ပြဿနာရယ်လို့တော့ မရှိပါဘူး။ Bitwarden မှာရနိုင်တဲ့ feature တော်တော်များများ တော့ KeePass မှာမရပါ။

Bitwarden ကိုစပြီးတော့သုံးကတည်း personal vault ရဲ့ Premium Features ကို တစ်နှစ်ကို US $10 ပေးပြီးတော့ သုံးဖြစ်ပါတယ်။ Free ကိုအသုံးပြုလို့ ရနိုင်သော်လည်း တစ်နှစ်လုံးမှာမှ US $10 ပေးရလို့ Bitwarden ကို support လုပ်တဲ့အနေနဲ့ Premium Features တွေကို မလိုအပ်ပါနဲ့ ပေးဝယ်လိုက်ခဲ့ပါတယ်။ အခုအချိန်ထိ အသုံးပြုသလောက်တော့ အခြားအခြားသော password manager တွေထက် အများကြီး သာပြီးတော့ စျေးနှုန်းအားဖြင့်လည်းအသင့်ပဲဖြစ်တဲ့အတွက် စိတ်တိုင်းတော်တော်လေးကိုကျမိတယ်။

၂. WireGuard

၃. Visual Studio Code (VSCode)

Microsoft ကထုတ်သမျှထဲမှာ အကြိုက်ဆုံး software/technology ကို ပြောပါဆိုရင် Active Directory နဲ့ Visual Studio Code နှစ်ခုလို့ပြောရမှာဖြစ်ပါတယ်။ နှစ်ခုထဲက တစ်ခုရွေးပါဆိုရင်တော့ Visual Studio Code လို့ပဲဆိုရမှာပါ။ Microsoft က VSCode ကို opensource လုပ်ပေးပြီးတဲ့နောက်မှာတော့ သူ့ရဲ့ platform တစ်ခုလုံးဟာ အရမ်းကို versatile ဖြစ်လာတယ်လို့ဆိုနိုင်ပါတယ်။ plugin လေးတွေကို အသုံးပြုပြီးတော့ ကိုယ်တွဲသုံးမယ့် linter လေးတွေကို ထည့်သွင်းအသုံးပြုနိုင်တာမို့ ပုံမှန် text editor တစ်ခုကနေပြီးတော့ full-blown IDE တစ်ခုပမာဖြစ်လာပါတော့တယ်။ VSCode မတိုင်ခင်က စာရေးသူ Atom ဆိုတဲ့ text editor တစ်ခုကို အသုံးပြုပါတယ်။ နောက်ပိုင်းမှာတော့ VSCode ကို အသုံးပြုလာရာကနေပြီးတော့ VSCode ကိုပဲ သီးသန့်နေ့တိုင်း သုံးဖြစ်ပါတော့တယ်။

၄. GitLab

version control အတွက် Git ကိုသုံးဖြစ်တာနှစ်နှစ်လောက်နီးပါးရှိပါတော့မယ်။ များသောအားဖြင့် configuration file တွေနဲ့ အချို့သော script တွေကို version control လုပ်ဖို့ရာအတွက် Git ကို အသုံးပြုဖြစ်ပါတော့တယ်။ အရင်ကတော့ Git ကိုယ်နဲ့ မဆိုင်သလိုပဲနေရာကနေပြီးတော့ သုံးရင်းသုံးရင်းကနေ မရှိမဖြစ် နေ့စဉ်သုံး tool လေးတစ်ခုဖြစ်လာပါတော့တယ်။ အစမှာတော့ GitHub ကိုသုံးဖြစ်ရာကနေပြီးတော့ GitLab ဆိုတာကိုလည်း တပြိုင်နက်တည်းမှာလိုပဲ သုံးနေဖြစ်ပါတယ်။ အဲ့ဒီတုန်း Microsoft တောင် GitHub ကို မဝယ်သေးပါဘူး။ သို့သော် GitHub မှာ ရှိတဲ့ free offering က GitLab ရဲ့ free offering လောက် မကောင်းတာကို တွေ့ရလို့ GitLab ကိုပဲ အသုံးများလာပါတော့တယ်။ အဲ့ဒီနောက်မှာတော့… GitHub ကို Microsoft ကဝယ်လိုက်တယ်။ ဒါနဲ့ပဲ GitLab ကိုပဲ တောက်လျှောက်အသုံးပြုပါတော့တယ်။

၅. Terminator

နေ့စဉ်မရှိမဖြစ် အသုံးပြုရတဲ့ tool တွေထဲမှာ Terminator ဟာလည်း စာရေးသူအတွက် ထိပ်ဆုံးမှာပါ။ Ubuntu ရဲ့ default ပါလာတဲ့ Gnome Terminal ကို သုံးလည်းရပါတယ်။ သို့သော်… Terminator ရဲ့ window tiling ပုံစံနဲ့ အမြင်အားဖြင့် ကြည့်ရတာရှင်းတဲ့အတွက် တော်တော်လေးကို နှစ်သက်မိပါတယ်။ နောက်ပြီးတော့ ပုံမှန် terminal emulator တွေထက်ပိုပြီးတော့ အမြင်ဆန်းတယ်လို့ထင်တဲ့အတွက် နေ့စဉ်မရှိမဖြစ် tool ထဲမှာထည့်သွင်းလိုက်ရခြင်းဖြစ်ပါတယ်။

၆. Pi-hole

Google တို့ Facebook တို့လို platform တွေမှာ Ads တွေ run ပြီးတော့ tracker တွေလုပ်လွန်းလို့ တခါတခါတော်တော်လေးကို စိတ်ပျက်မိပါတယ်။ Online မှာ ပစ္စည်းတစ်ခု အကြောင်းကို သိချင်လို့ ရှာဖတ်တာမှ မကြာသေးဘူး ကိုယ့်ရဲ့ Facebook မှာဖြစ်ဖြစ် Google ရဲ့ Ads မှာဖြစ်ဖြစ်လာလာပေါ်တတ်ပါတယ်။ ဘာလို့လဲ သိချင်ရင်တော့ Pi-hole ကိုသာ ကိုယ့် network ပေါ်မှာ တင်ပြီးတော့ ကြည့်လိုက်ပါ။

ဒါတွေကတော့ စာရေးသူအတွက် နေ့စဉ်မရှိမဖြစ် အသုံးပြုနေရတဲ့ software တွေ tool တွေပဲဖြစ်ပါတယ်။ အခြား software/application တွေရှိသေးသော်လည်း လက်ရှိမှာတော့ ဒီ software လေးတွေကို မရှိမဖြစ်အသုံးပြုနေရလို့ ဒီ စာကိုရေးဖို့ ကို စိတ်ကူးမိတာပါ။ မသိသေးတဲ့သူတွေအတွက်တော့ အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။

Bitwarden မှာ self-hosting လုပ်ချင်ရင်လည်း လုပ်ဖို့အတွက် options တွေရှိပါတယ်။ Docker နဲ့ Docker Compose နဲ့မို့ deploy လုပ်ရာမှာလည်း တော်တော်လေးကို လွယ်ကူပါတယ်။ သို့သော် ကိုယ့်ရဲ့ environment ကို secure ဖြစ်အောင်လုပ်ဖို့ကတော့ နည်းနည်းလေးကသီလို့ personal အတွက်အသုံးပြုတယ်ဆိုရင်တော့ သူ့ရဲ့ cloud server ကပိုပြီးတော့ လွယ်မယ်လို့ ထင်ပါတယ်။ Bitwarden ကိုလည်း အခြားသော 3rd party auditor တွေက audit လုပ်ပြီးတော့မှ ယုံကြည်စိတ်ချလို့ ရတယ်လို့ ဆိုပါတယ်။ 100% opensource ဖြစ်တဲ့အတွက် codebase မှာလည်း အရှုပ်အရှင်းဘာတွေရှိသလဲဆိုတာကို သိနိုင်လို့ စိတ်အေးနိုင်ပါတယ်။ ကိုယ့်ရဲ့ data တွေကိုလည်း cloud storage မှာ encrypt လုပ်ပြီးတော့မှ တင်တဲ့အတွက် အတိုင်းအတာတစ်ခုထိတော့ စိတ်ချလို့ ရနိုင်ပါတယ်။ လုံးဝယုံကြည်စိတ်ချရတဲ့ cloud ဆိုတာတော့ မရှိသေးတဲ့အတွက် အဆိုးဆုံးကိုလည်း ကြိုပြီးတော့ တွေးတော့ထားရပါ့မယ်။ စာရေးသူအတွက်တော့ အတော်လေးကို စိတ်ကြိုက်တွေ့မိတဲ့ နေ့စဉ်သုံး application လေးတစ်ခုပါ။ Bitwarden ရဲ့ website ကတော့ ပါ။ ကိုယ်တိုင်သွားရောက်လေ့လာလို့ရပါတယ်။

VPN ဆိုရင် အချို့လူတွေ သိထားတာက VPN provider တွေဖြစ်တဲ့ NordVPN တို့၊ ExpressVPN တို့ကိုပဲပြေးပြီးတော့မြင်တတ်ပါတယ်။ အချို့ကလည်း VPN ကို security အတွက်ဆိုပြီးတော့ အသုံးပြုကြပါတယ်။ နေရာတိုင်းတော့ VPN ဆိုတာကြီးက security အတွက်သီးသန့်တော့ မဖြစ်ပါဘူး။ မည်သို့ပင်ဖြစ်စေ အခုခေတ်ကြီးထဲမှာ အဘိုးကြီးလည်း VPN အဘွားကြီးလည်း VPN မို့ VPN ဆိုတာကို မသိတဲ့လူသိပ်မရှိတော့ပါဘူး။ စာရေးသူကတော့ VPN ကို အလုပ်အတွက် နေ့တိုင်းအသုံးပြုရပါတယ်။ အလုပ်မှာ သူတို့သတ်မှတ်ထားတဲ့ VPN solution ကိုသုံးပါတယ်။ Personal အတွက်ဆိုရင်တော့ OpenVPN သို့မဟုတ် WireGuard ကို အိမ်က network ကိုလှမ်းချိတ်ဖို့ အသုံးပြုနေရင်းကနေ နောက်ပိုင်းမှတော့ WireGuard ကိုပဲနေ့တိုင်း အသုံးပြုဖြစ်ပါတော့တယ်။ WireGuard ကို ကိုယ့်အိမ်က network မှာ setup လုပ်ပုံကိုတော့ ဒီ ကနေသွားပြီးတော့ ဖတ်ရှုနိုင်ပါတယ်။ Installation နဲ့ လိုအပ်တဲ့ configuration လုပ်နည်းတွေကို ရှင်းပြပေးထားပါတယ်။

Mesh network တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက်လည်း WireGuard ရဲ့ developer team ကကြိုးပမ်းနေပါတယ်။ အခုဆိုရင် WireGuard ဟာ Linux kernel ထဲမှာ တပါတည်း ပါပြီးသားမို့ အရင်တုန်းကလိုတောင် ppa ကို ထပ်မံ ပေါင်းထည့်စရာမလိုတော့ပါ။ WireGuard ကိုတော့ သူရဲ့ website ဖြစ်တဲ့ မှာသွားပြီးတော့ ဖြည့်ပြီးတော့ လေ့လာလို့ရပါတယ်။ Documentation နဲ့ community ကောင်းကောင်းရှိတာမို့ တစ်ခုခုလိုအပ်ရင် ဝေးဝေးလံလံ လိုက်ပြီးတော့ ရှာဖွေစရာမလိုပါဘူး။ အသုံးပြုလို့ လွယ်ကူတာတစ်ခုနဲ့ asymmetric key exchange နဲ့ encryption နည်းစနစ်တွေပါဝင်တာမို့ တော်တော်လေးကို နှစ်သက်မိပါတယ်။ လူတိုင်း အသုံပြုသင့်တဲ့ VPN solution တစ်ခုပါ။

Atom နဲ့ ယှဉ်လိုက်ရင် VSCode ဟာ ပိုပြီးတော့ stable ဖြစ်တယ်လို့တော့ ထင်ပါတယ်။ VSCode ဟာ Microsoft ရဲ့ umbrella အောက်မှာရှိလို့ မသုံးချင်ဘူးဆိုတဲ့ သူတွေအတွက်တော့ VSCodium ဆိုတဲ့ community-driven alternative တစ်ခုရှိပါတယ်။ အားလုံးနီးပါးဆင်တူဖြစ်ပြီးတော့ Chrome နဲ့ Chromium ကွာခြားသလိုပဲ လို့ အပေါ်ယံမြင်နိုင်ပါတယ်။ စာရေးသူအတွက်တော့ opensource လည်းဖြစ် free လည်းဖြစ်တာမို့ VSCode ကိုသုံးဖို့အတွက် အကြောင်းဖန်လာပါတယ်။ VSCode ရဲ့ website ကတော့ ဖြစ်ပြီးတော့၊ VSCodium ရဲ့ website ကတော့ တို့ပဲဖြစ်ပါတယ်။ Features တွေအများကြီးပါတာမို့ sysadmin အတွက် ဖြစ်ဖြစ်၊ automation engineer အတွက် ပဲဖြစ်ဖြစ်၊ programmer အတွက် ပဲဖြစ်ဖြစ် IT system တစ်ခုခုနဲ့ နေ့စဉ် ထိတွေ့လုပ်ကိုင်နေရတဲ့ သူအတွက်တော့ VSCode ဟာ မရှိမဖြစ် tool တစ်ခုပါ။

ထူးခြားတာတစ်ခုကတော့… GitLab မှာ သူနဲ့ပါလာတဲ့ CI/CD pipeline ရှိပြီးသားဖြစ်တဲ့အတွက် Jenkins လိုမျိုး CI/CD pipeline engine တစ်ခုကို integrate လုပ်ပြီးတော့ အသုံးပြုစရာမလိုပါဘူး။ ဒါ့အပြင် နောက်ရနိုင်တဲ့ option တစ်ခုက တကယ်လို့များ ကိုယ်က self-hosted လုပ်ချင်တယ်ဆိုရင်လည်း opensource မို့ ကိုယ်တိုင် server ပေါ်မှာတင်ပြီးတော့ run လို့လည်းရပါတယ်။ Docker နဲ့ Docker Compose ကိုပဲ အသုံးပြုပြီးတော့ deploy လုပ်နိုင်တာဖြစ်တဲ့အတွက် အတော်လေးကို လွယ်ကူပါတယ်။ static site generator တွေ တော်တော်များများ ကိုလည်း အသုံးပြုပြီးတော့ GitLab Pages မှာ ကိုယ့်ရဲ့ blog တွေကို အခမဲ့ host လို့ရတဲ့အတွက် အရမ်းကိုအဆင်ပြေပါတယ်။ GitHub မှာလည်း Pages ဆိုတဲ့ offering ရှိပါတယ်။ စာရေးသူ အတွက်တော့ GitLab က Pages ရဲ့ CI/CD Pipeline နဲ့တွဲပေးပြီးတော့ deploy လုပ်တဲ့လို့ရတဲ့ offering ကိုပိုပြီးတော့ elegant ဖြစ်တယ်လို့ထင်လို့ပါ။ GitLab ရဲ့ website ကတော့ ဖြစ်ပါတယ်။ အခြားသော repo အတွက် wiki တို့၊ Snippets တို့လိုမျိုး feature တွေပါဝင်တာမို့ ကိုယ်လိုတဲ့ဟာ ကိုအဆင်သင့်ယူပြီး သုံးရုံပါပဲ။

Terminator မှာရှိတဲ့ feature တွေအကုန်လုံးအကြောင်းကို သိချင်ရင်တော့ သူ့ရဲ့ readthedocs website က ဖြစ်ပြီး Debian နဲ့ Ubuntu လိုမျိုး dpkg သုံးတဲ့ distro တွေမှာ sudo apt install terminator ဆိုပြီးတော့ install လုပ်ပြီးတော့ စတင်အသုံးပြုရုံပါပဲ။

Pi-hole ကို Raspberrypi မှာတင်ပြီးတော့ run လို့ရအောင်လုပ်ထားတဲ့ အတွက်ဘယ်လောက်တောင် lightweight ဖြစ်သလဲဆိုတာတော့ သိလောက်မယ်ထင်ပါတယ်။ Setup လုပ်ဖို့ရာအတွက်လည်း RPi မှာပဲဖြစ်ဖြစ်၊ Bare-metal server ပေါ်မှာပဲဖြစ်ဖြစ်၊ VM မှာဖြစ်ဖြစ် တင်ပြီးတော့ ကိုယ့် network တစ်ခုလုံးအတွက် recursive DNS resolver တစ်ခုအနေနဲ့ တင်ပြီးတော့ အသုံးပြုနိုင်ပါတယ်။ ublocker လို AdBlocker တွေကိုအသုံးပြုလို့ ရနိုင်သော်လည်း ကိုယ့်အိမ်မှာ အသုံးပြုနေတဲ့ device တွေအကုန်လုံးကို Adblocker တွေလိုက် install လုပ်ဖို့ ထက် Pi-hole ကိုအသုံးပြုခြင်းအားဖြင့် ပိုပြီးတော့ ထိရောက်နိုင်ပါတယ်။ ublocker လို Adblocker တွေကိုလည်းတွဲပြီးတော့ အသုံးပြုနိုင်ရင်တော့ anti-virus လို software တွေကိုယ့်စက်ပေါ်မှာအသုံးပြုတာထက်တောင် ပိုပြီးတော့ ထိရောက်မူရှိပြီး ကိုယ့်အိမ်သူအိမ်သားတွေအားလုံးအတွက် စိတ်ချနိုင်မှာပါ။ ကိုယ့်အိမ်ရဲ့ network ပေါ်မှာတော့ မရှိမဖြစ် အသုံးပြုသင့်တဲ့ software တစ်ခုပါ။ Pi-hole ရဲ့ website ကတော့ ဖြစ်ပြီးတော့ သိချင်တဲ့ဟာတွေကို ဖြည့်စွတ်ပြီးတော့ သိရအောင်လို့ သွားရောက်လေ့လာလို့ရပါတယ်။

https://bitwarden.com/
link
https://www.wireguard.com/
https://code.visualstudio.com/
https://vscodium.com/
https://gitlab.com/
https://terminator-gtk3.readthedocs.io/en/latest/#
https://pi-hole.net/
🍒
WireGuard အကြောင်းသိကောင်းစရာITmatic101 - MY
WireGuard ကို configure လုပ်ပုံ
Page cover image
Logo