💻
ITmatic101 - MY
  • ITmatic101 - နည်းပညာဆိုင်ရာ Blog
  • ☕Linux/BSD
    • Linux distro-hopper ခရီးကြမ်း
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၂)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၃)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၄)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၅)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၆)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၇)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၈)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၉)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁၀)
    • Manjaro Linux အကြောင်းတစေ့တစောင်း
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၁)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၂)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၃)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၄)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၅)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၁)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၂)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၁)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၂)
    • Ubuntu မှာအလုပ်ဖြစ်သော tool နဲ့ application (၁၀) ခုအကြောင်း
    • Docker မိတ်ဆက် အပိုင်း(၁)
    • Docker မိတ်ဆက် အပိုင်း(၂)
    • Docker မိတ်ဆက် အပိုင်း(၃)
    • GNU/Linux ကိုဘာလို့ ပြောင်းသုံးသင့်သလဲ
    • GNU/Linux မှာသုံးတဲ့ CLI ကိုဘယ်လိုခေါ်ကြသလဲ
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၁)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၂)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၃)
    • ပြတိုက်ထဲက SysVinit အကြောင်း
    • Open source သင်ခန်းစာများ အပိုင်း(၁)
    • Open source သင်ခန်းစာများ အပိုင်း(၂)
    • လေထုညစ်ညမ်းစပြုလာတဲ့ Linux ရဲ့ Ecosystem
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၁)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၂)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၃)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၄)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၅)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၁)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၂)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၃)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၄)
    • Open Source ကောက်ကြောင်း – အပိုင်း(၁)
    • Open Source ကောက်ကြောင်း – အပိုင်း( ၂)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၁)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၂)
    • SELinux မိတ်ဆက်
    • Open Source Licenses များအကြောင်း – အပိုင်း (၁)
    • Open Source Licenses များအကြောင်း – အပိုင်း (၂)
    • Keepalived မိတ်ဆက် – အပိုင်း (၁)
    • Keepalived မိတ်ဆက် – အပိုင်း (၂)
    • Linux မှာ package manager တွေကိုဘယ်လိုအသုံးပြုသလဲ
  • 🚀Automation
    • Chef မိတ်ဆက် အပိုင်း(၁)
    • Wireguard ရဲ့ automated workflow
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၁)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၂)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၃)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၄)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၁)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၂)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၃)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၁)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၂)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၁)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၂)
    • Kickstart ကိုအသုံးပြုပြီး Custom ISO တွေဖန်တီးပုံ
  • ⚙️Networking
    • အဘယ့်ကြောင့် GNS3
    • ZeroTier မိတ်ဆက်
    • WireGuard အကြောင်းသိကောင်းစရာ
    • Linode VPS မှာကိုယ်ပိုင် Wireguard VPN server တစ်ခုတည်ဆောက်ပုံ
    • အဘယ်ကြောင့် MikroTik
    • VRRP ကို MikroTik မှာ setup လုပ်ပုံ
  • ☁️Virtualisation and Cloud
    • KVM မှာ virtual disk တွေကို ဘယ်လို resize လုပ်လို့ရသလဲ
    • Debian 12 ပေါ်တွင် Proxmox 8 ကိုဘယ်လို integrate လုပ်သလဲ
    • Promox ပေါ်မှာ VM template တွေကို cloud-init သုံးပြီး ဖန်တီးပုံ
    • Custom LXD container templates များကိုဘယ်လို import လုပ်သလဲ
    • Cloud ဆိုသည်မှာ
  • 🍒others
    • Git အကြောင်းသိကောင်းစရာ
    • Home Lab ရှိခြင်း အနုပညာ
    • ကိုယ့်လုံခြုံရေးအတွက် အသုံးပြုသင့်တဲ့ toolkit လေးများ
    • SSH Tunneling အကြောင်းသိကောင်းစရာ
    • အခြေခံ SSH workflow များ
    • SSH Certificate Based Authentication အကြောင်းတစေ့တစောင်း
    • နေ့စဉ်သုံး စိတ်ကြိုက် Application/Software လေးများ
    • Keyboard Size တွေအကြောင်းသိသမျှ
    • သက္ကရာဇ်၂၀၂၀ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • သက္ကရာဇ်၂၀၂၁ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၁)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၂)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၃)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၄)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၅)
    • အင်တာနက်မြန်မာစာ ယူနီကုဒ်ဇော်ဂျီ ပြဿနာ
    • CyanogenMod မိတ်ဆက် အပိုင်း(၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၂)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၃)
  • 💀OffSec
    • ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် OpenSSL
Powered by GitBook
On this page
  • Manjaro ရဲ့အားသာချက်များ
  • Manjaro နဲ့ ဆင်တူ distro များ
  • လက်ရှိ Manjaro release version နဲ့ codename

Was this helpful?

  1. Linux/BSD

Manjaro Linux အကြောင်းတစေ့တစောင်း

Previousလူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁၀)NextGNU/Linux Desktop Environment များအကြောင်း အပိုင်း (၁)

Last updated 1 year ago

Was this helpful?

Linux distro တွေအကြောင်း မရေးဖြစ်တာနည်းနည်းတောင်ကြာသွားပါပြီ။ နောက်ပိုင်းမှာ အခြားအကြောင်းလေးတွေရေးဖြစ်တာနဲ့ Linux distro တွေဘက်ကိုပြန် မရောက်ဖြစ်တော့တာလည်းပါတယ်။ ဒီတစ်ခေါက်ကတော့ အခုနောက်ပိုင်း နာမည်ရလာတဲ့ Manjaro ဆိုတဲ့ distro အကြောင်း ပြောပြပါ့မယ်။ ပြီးတော့ အရှေ့မှာလည်း Arch distro အကြောင်းပြောရင်းနဲ့ လည်းအနည်းငယ် မိတ်ဆက်ထားပေးထားဘူးပါတယ်။ Manjaro Linux ကတော့ Arch ကို အခြေခံပြီးတော့ ရေးထားတဲ့ distro တစ်ခုပါ။ ဒီ Manjaro Linux project ကိုတော့ Roland Singer ဆိုတဲ့ သူက ဇူလိုင်လ ၁၀ရက်နေ့ ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ပြီးတော့ ဒီ project ကို Austria, France နဲ့ Germany နိုင်ငံတို့က developer ပေါင်းများစွာတို့က ပါဝင်ပြီးတော့ အားစိုက်ထားတဲ့ project လည်းဖြစ်ပါတယ်။ Europe ကစတင်ခဲ့ distro ဖြစ်လို့ European နိုင်ငံတော်တော်များများ လူသိများပြီးသား distro လည်း ဖြစ်ပါတယ်။ နောက်ပိုင်းတော့ US မှာလည်း လူသုံးများလာကြပါတယ်။ Manjaro ဆိုတာကတော့ Tanzania မှာရှိတဲ့ မီးသေတောင်တစ်လုံးဖြစ်တဲ့ Mount Kilimanjaro ကို အညွန်းပြုထားတာဖြစ်ပါတယ်။ အဲ့ဒီတောင်ဟာ Africa မှာ အမြင့်ဆုံးတောင်လို့ လည်း သိရပါတယ်။

Mount Kilimanjaro

Manjaro Linux က Arch ကို အခြေခံထားသော်လည်း GUI ကောင်းကောင်းလှလှနဲ့ အသုံးပြုသူအဆင်ပြေအောင် လုပ်ထားတဲ့ distro တစ်ခုပါ။ Project ရည်ရွယ်ချက်ကတော့ မြန်ဆန်ပေါ့ပါးပြီးတော့၊ အသုံးတည့်မယ့် lightweight distro တစ်ခုဖြစ်ဖို့ပါ။ Arch လိုပဲ cutting edge နည်းပညာတွေကိုသာ ထည့်သွင်းပေးပြီး စတင်အသုံးပြုသူ တွေအတွက်တော့ နည်းနည်းလေး ကသီနိုင်မယ့် distro အမျိုးအစား လည်းဖြစ်ပါတယ်။ ဒီနေရာမှာ cutting edge ဆိုတာရယ်… bleeding edge ဆိုတာရယ်ကို ရှင်းပြချင်ပါတယ်။ cutting edge ဆိုတာကတော့ နောက်ဆုံးပေါ် နည်းပညာပိုင်းတွေကိုသုံးထားတဲ့ feature တွေပါလို့ အရှေ့လို့ ရောက်လွန်းလို့ ဘယ်သူမှ မသုံးသေးခင်ကို ထည့်ပေးလိုက်တဲ့ နည်းပညာတွေလို့ပြောလိုခြင်း ဖြစ်ပါတယ်။ များသောအားဖြင့်တော့ နောက်ဆုံးပေါ်လို့ ပြောလိုက်ရင် ပိုကောင်းတယ် ပိုပြည့်စုံတယ်လို့ အဓိပ္ပာယ်ထွက်ပါတယ်။ Linux ကမ္ဘာမှာတော့ နည်းနည်းလေးထပ်ရှင်းဖို့လိုပါတယ်။ နောက်ဆုံးပေါ်တိုင်းလည်း Linux ကမ္ဘာမှာတော့ ပိုကောင်းပိုပြည့်စုံတယ်လို့ ဆိုလို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ Linux မှာက rolling release လို့ခေါ်တဲ့ update တွေ upgrade တွေက တောက်လျှောက်ဆိုသလို ရှိနေပါတယ်။ Kernel တစ်ခုတစ်ခု ထွက်လာရင်လိုက်ပြီးတော့ developer တွေဘက်က လုပ်ရတဲ့ ပြင်ရတဲ့ဟာတွေများလွန်းလှပါတယ်။ Distro တဲ့ အဓိက အရေးပါတဲ့ Kernel ကိုလည်း Linus Torvalds အခုချိန်ထိ ပဲ့ကိုင်ရှင် လုပ်ပြီးတော့ ပိုကောင်းသတဲ့ ကောင်းအောင် ပြင်ဆင်ရေးသားဆဲဖြစ်ပါတယ်။ အဲ့လို rolling release စနစ်ကြောင့် တခါတလေမှာ feature အသစ်တွေမှာ ချို့ယွင်းချက်လေးတွေရှိ နေတတ်ပါတယ်။

Manjaro Xfce

Manjaro Linux ကတော့ Arch ကိုအခြေခံထားပေးမယ့်လည်း Arch ရဲ့ repository တွေကို အသုံးမပြုထားပဲ သူ့ကိုယ်ပိုင် repository သီးသန့်ကို ထားပြီးတော့ သုံးပါတယ်။ Arch ရဲ့ repository တွေနဲ့တော့ compatible ဖြစ်တယ်လို့ဆိုပါတယ်။ Manjaro မှာ repository (repo လို့လည်းအတိုကောက်ခေါ်ပါတယ်။) သုံးမျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ Stable, Testing နဲ့ Unstable တွေပဲဖြစ်ပါတယ်။ ရှင်းပါတယ် stable repo ကတော့ စမ်းသပ်ပြီး အသုံးပြုလို့ အဆင်ပြေပြီ ပြဿနာ သိပ်မရှိတော့ဘူးလို့ developer တွေက သေချာစီစစ်ပြီးတော့မှ ထုတ်လိုက်တဲ့ package update နဲ့ upgrade တွေပါ။ Manjaro ကိုအခုမှ စပြီးတော့ အသုံးပြုသူတွေ အနေနဲ့တော့ အဲ့ဒီလို repo အမျိုးအစားကိုသာ သုံးသင့်ပါတယ်။ နောက်တစ်ခုကတော့ testing repo ဖြစ်ပါတယ်။ Testing repo ကတော့ stable အဆင့်မရောက်ခင် စမ်းသပ်ကာလမှာ အမြည်းသဘောမျိုး သုံးလို့ရအောင်လုပ်ထားတဲ့ repo အမျိုးအစားပဲဖြစ်ပါတယ်။ အဲ့ဒီ repo ကတော့ Unstable repo ကနေပြီးတော့ တစ်ပတ်ကိုတစ်ခါ စမ်းသပ်လို့ ရပြီဆိုတဲ့ package တွေကို ဆွဲယူပြီးတော့ ထည့်ထားပါတယ်။ ကိုယ်တိုင်က Linux မှာ အတွေ့အကြုံ အတော်အတင့် ရှိပြီးတော့ စမ်းသပ်ကြည့်ချင်ရင်တော့ testing repo ကို ထည့်ပြီးတော့ အသုံးပြုလို့ရပါတယ်။ မတော်လို့ သုံးရင်းနဲ့ ကလီတာလွန်သွားလို့ ပြဿနာတစ်ခုခုတက်ရင်တော့ ကိုယ်တိုင် ဖြေရှင်းရရင်တော့ နည်းနည်းလေး ခေါင်းစားရပါလိမ့်မယ်။ နောက်ဆုံးတစ်ခုကတော့ Unstable repo ပါ။ ဒီ repo မှာတော့ Arch က bleeding edge ဆိုတဲ့ package တွေကို Arch User Repository (AUR) ကနေ တစ်ရက် နှစ်ရက်အတွင်းမှာ ကူးယူပြီးတော့ Manjaro နဲ့ အဆင်ပြေနိုင်ပါ့မလား ဆိုတာမျိုးကို စီစစ်ဖို့ကို ထားတဲ့ repo အမျိုးအစားပဲဖြစ်ပါတယ်။ Bleeding edge ဆိုတဲ့ အတိုင်း ဒီ repo ကို သုံးမယ်ဆိုရင်တော့ နောက်ဆုံးပေါ်လွန်းလို့ အခပ်မသင့်ရင် ကိုယ်သုံးရင်းနဲ့ ပြဿနာတက် သွားနိုင်လွန်းလို့ bleeding edge လို့ခေါ်တာဖြစ်ပါ တယ်တဲ့ဗျာ။ ကိုယ်တိုင်က OS developer ဆိုရင်တော့ အဲ့ဒီလို repo ကိုသုံးပြီးတော့ လိုတာတွေကို ပြင်နိုင်ဆင်နိုင်ပါတယ်။ ပုံမှန်အသုံးပြုသူ တစ်ယောက် အနေနဲ့တော့ လုံးဝ အသုံးမပြုသင့်ပါဘူး။

တခြား Linux distro တွေလိုပဲ Manjaro မှာလည်း ကိုယ်ကြိုက်တဲ့ Desktop Environment (DE) အမျိုးအစားကို ကိုယ်ကြိုက်သလို ဆွဲယူသုံးလို့ ရပါတယ်။ Manjaro ရဲ့ Official website မှာ လက်ရှိဒီစာရေးနေတဲ့ အချိန်မှာတော့ Manjaro XFCE Edition (17.0), Manjaro KDE Edition (17.0) နဲ့ Manjaro GNOME Edition (17.0) တွေကို download ဆွဲလို့ရပါတယ်။ Community Edition ဆိုပြီးတော့လည်း Cinnamon, LXQt, Budgie, Deepin နဲ့ i3 တို့လို DE တွေနဲ့လာတာလည်းရှိပါတယ်။

Manjaro ရဲ့အားသာချက်များ

Manjaro ကတော့ GUI နဲ့ လာတာဖြစ်တဲ့အတွက် installation နဲ့ configuration လုပ်ရတာ Arch လောက်မခက်ပါဘူး။ Ubuntu တို့ Fedora တို့လို GUI ကနေ အဆင့်ဆင့် ရွေးပြီးတော့ install လုပ်လိုက်ရုံပါပဲ။ Arch မှာတော့ သိပြီးတဲ့ အတိုင်း လိုအပ်တဲ့ package တွေကိုသာ install လုပ် configuration လုပ်ရပါတယ်။ Arch installation အစအဆုံးကတော့ CLI ထဲပဲလုပ်ရတာမို့ Arch Wiki ကိုသာ သေချာလိုက်ဖတ်ပြီးတော့ install လုပ်ရသာမို့ နည်းနည်းလေးတော့ လက်ဝင်တယ်လို့ စာရေးသူထင်ပါတယ်။ Customization ကိုကိုယ်တိုင် installation လုပ်ကတည်း စလုပ်လို့ရပါပြီ။ Manjaro ကတော့ Arch ကို အခြေခံထားပေမယ့် GUI ကနေ install လုပ်ရတာမို့ စတင်အသုံးပြုသူတွေ အတွက်ပါ အခက်အခဲရှိမှာ မဟုတ်ပါဘူး။ Xfce ကပုံမှန်အားဖြင့် ရိုးရိုးရှင်းရှင်းနဲ့ ပေါ့အောင်လုပ်လေ့ရှိတဲ့ DE တစ်ခုပါ။ ထူးခြားချက်ကတော့ Manjaro မှာသုံးတဲ့ Xfce တော်တော်လည်းပေါ့ပြီးတော့ လှလည်းလှ သန့်လည်းသန့်ရှင်းအောင် စီစဉ်ထားတဲ့ desktop မျိုးပါ။ နောက်ပြီးတော့ Pacman package manager ကိုသုံးထားတဲ့အတွက် လည်းတော်တော်လေးကို အဆင်ပြေတယ်လို့ပြောရမှာပါ။ အရင်ကတည်း Pacman ကနာမည်ရပြီးသား package manager တစ်ခုလည်းဖြစ်ပါတယ်။ Arch ကနေတဆင့် လာတဲ့ distro ဖြစ်တဲ့အတွက် ဟို အစပိုင်းကတော့ အရမ်းကြီး အဆင်ပြေတဲ့ distro တစ်ခုမဟုတ်ခဲ့သလို လူလည်း သိပ်ပြီးတော့ မသိခဲ့ပါဘူး။ နောက်ပိုင်းတော့ တော်တော်ကြီးကို အဆင်ပြေလာတဲ့ အလျှောက် Manjaro ကိုစတင်ပြောင်းပြီးတော့ အသုံးပြုတဲ့သူ တွေတော်တော်များလာပါပြီ။ သို့သော်လည်း Ubuntu တို့ Mint တို့လိုတော့ လိုရာကို အလွယ်တကူလုပ်ဖို့ကတော့ စတင်အသုံးပြုသူ တွေအနေနဲ့ ခေါင်းတော့ နည်းနည်းစားပါတယ်။ အရင်ထက်တော့ အများကြီး အဆင်ပြေလာပါပြီ။

Manjaro နဲ့ ဆင်တူ distro များ

Manjaro Linux နဲ့ အနီးစပ်ဆုံး distro ကတော့ Antergos ဆိုတဲ့ distro တစ်ခုဖြစ်ပါတယ်။ Antergos ကလည်း Arch ကို အခြေခံထားတာဖြစ်ပါတယ်။ သူ့ကိုတော့ မေလ ၇ရက်နေ့ ၂၀၁၂ ခုနှစ်မှာစတင် ခဲ့တာဖြစ်ပါတယ်။ သူကတော့ Manjaro ကနေ တဆင့်ထပ်ပြီးတော့ ခွဲထွက်လာတဲ့ distro တစ်ခုဖြစ်တဲ့ အပြင် Manjaro နဲ့လည်း တော်တော်လေးကို ဆင်တူတယ်လို့ပြောရမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Apricity OS လို့ခေါ်ပါတယ်။ အဲ့ဒီ distro အစောပိုင်းမှာ OpenSUSE ကို အခြေခံပြီးတော့ ရေးမယ်လို့ စိတ်ကူးထားသော်လည်း နောက်ပိုင်းမှာ Arch ကိုပဲရွေးချယ်လိုက်ကျပါတယ်။ Apricity OS ကလည်းတော်တော်လေးကို လှပြီးတော့ ပေါ့ပါးတဲ့အပြင် cloud computing အတွက်လည်း အဆင်သင့်ပြင်ပေးထားတဲ့ distro ဖြစ်ပါတယ်။

လက်ရှိ Manjaro release version နဲ့ codename

စာရေးသူ ဒီစာရေးနေချိန်မှာတော့ လက်ရှိ version က 17.0 ဖြစ်ပြီးတော့ မတ်လပိုင်း ၇ရက်နေ့ ၂၀၁၇ခုနှစ်မှာမှထွက်ထားတဲ့ version လည်းဖြစ်ပါတယ်။ Kernel 4.9 LTS ကိုလည်း အသုံးပြုထားပါတယ်။ Version 17.0 ရဲ့ codename ကတော့ Gellivara လို့ခေါ်ပါတယ်။ Manjaro ရဲ့ ထူးခြားချက်ကတော့ သူ့ codename တွေကို အာကာသထဲက ကြယ်စုနာမည်တွေ ဂြိုလ်နာမည်တွေ ကိုပေးလေ့ရှိပါတယ်။ Rolling release ဆိုတဲ့အတိုင်း တောက်လျှောက် ထုတ်လာခဲ့ပြီးတော့ distro ကို LTS အနေနဲ့တော့ မထွက်ပါဘူး။ Version 0.8.0 ကနေပြီးတော့ 0.8.13 အထိကို codename Askella ဆိုတဲ့ ကြယ်နာမည်ကို သုံးပါတယ်။ အဲ့ဒီနောက်မှ version 15.09 ကို codename Bellatrix ဆိုတဲ့ ကြယ်နာမည်ကို ယူသုံးပါတယ်။ version 15.12 ကိုရောက်ပြန်တော့ Capella ၊ 16.06 နဲ့ 16.06.1 ကို Daniella ၊ 16.08 ကို Ellada နဲ့ 16.10 ကိုတော့ Fringilla လို့ခေါ်ပြန်ပါတယ်။

နောက်ဆုံးပြောလိုတာကတော့ Debian variants တွေဖြစ်တဲ့ Ubuntu တို့ Mint တို့ Lubuntu တို့ သို့မဟုတ် Red Hat variants တွေဖြစ်တဲ့ Fedora တို့ CentOS တို့လို mainstream ဖြစ်တဲ့ distro တွေကိုရိုးအီလာလို့ ထူးထူးခြားခြား မတူတာကိုမှ သုံးချင်ရင်တော့ Manjaro လို လှလည်းလှ သန့်လည်းသန့်တဲ့ distro ကိုပြောင်းပြီးတော့ အသုံးပြုသင့်ပါတယ်။ Linux အသုံးပြုတာကြာလာတာနဲ့ အမျှ distro တစ်ခုထဲမှာတင် သောင်မတင်သင့်ပါဘူး။ Linux ရဲ့ အဓိက ရည်ရွယ်ချက်ကလည်း Freedom ဆိုတာဖြစ်တဲ့အတွက် လွတ်လပ်စွာ စမ်းသပ်အသုံးပြုရင်းနဲ့ Manjaro ကို စာဖတ်သူတို့ စိတ်ဝင်စား ကြိုက်နှစ်သက် မယ်လို့လည်း စာရေးသူ ထင်ပါတယ်။

စာကြွင်း။ ။ အခုနောက်ဆုံးထွက်ထားတဲ့ version ကတော့ 17.1 ဖြစ်ပြီး codename ကတော့ Hakoila လို့ခေါ်ပါတယ်။ လက်ရှိမှာတော့ DistroWatch.com က download အဆွဲဆုံး distro တစ်ခု အနေနဲ့ ရပ်တည်နေပါတယ်။

Antergos
Apricity OS Gnome
☕
Page cover image