💻
ITmatic101 - MY
  • ITmatic101 - နည်းပညာဆိုင်ရာ Blog
  • ☕Linux/BSD
    • Linux distro-hopper ခရီးကြမ်း
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၂)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၃)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၄)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၅)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၆)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၇)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၈)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၉)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁၀)
    • Manjaro Linux အကြောင်းတစေ့တစောင်း
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၁)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၂)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၃)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၄)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၅)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၁)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၂)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၁)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၂)
    • Ubuntu မှာအလုပ်ဖြစ်သော tool နဲ့ application (၁၀) ခုအကြောင်း
    • Docker မိတ်ဆက် အပိုင်း(၁)
    • Docker မိတ်ဆက် အပိုင်း(၂)
    • Docker မိတ်ဆက် အပိုင်း(၃)
    • GNU/Linux ကိုဘာလို့ ပြောင်းသုံးသင့်သလဲ
    • GNU/Linux မှာသုံးတဲ့ CLI ကိုဘယ်လိုခေါ်ကြသလဲ
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၁)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၂)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၃)
    • ပြတိုက်ထဲက SysVinit အကြောင်း
    • Open source သင်ခန်းစာများ အပိုင်း(၁)
    • Open source သင်ခန်းစာများ အပိုင်း(၂)
    • လေထုညစ်ညမ်းစပြုလာတဲ့ Linux ရဲ့ Ecosystem
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၁)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၂)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၃)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၄)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၅)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၁)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၂)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၃)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၄)
    • Open Source ကောက်ကြောင်း – အပိုင်း(၁)
    • Open Source ကောက်ကြောင်း – အပိုင်း( ၂)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၁)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၂)
    • SELinux မိတ်ဆက်
    • Open Source Licenses များအကြောင်း – အပိုင်း (၁)
    • Open Source Licenses များအကြောင်း – အပိုင်း (၂)
    • Keepalived မိတ်ဆက် – အပိုင်း (၁)
    • Keepalived မိတ်ဆက် – အပိုင်း (၂)
    • Linux မှာ package manager တွေကိုဘယ်လိုအသုံးပြုသလဲ
  • 🚀Automation
    • Chef မိတ်ဆက် အပိုင်း(၁)
    • Wireguard ရဲ့ automated workflow
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၁)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၂)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၃)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၄)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၁)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၂)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၃)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၁)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၂)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၁)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၂)
    • Kickstart ကိုအသုံးပြုပြီး Custom ISO တွေဖန်တီးပုံ
  • ⚙️Networking
    • အဘယ့်ကြောင့် GNS3
    • ZeroTier မိတ်ဆက်
    • WireGuard အကြောင်းသိကောင်းစရာ
    • Linode VPS မှာကိုယ်ပိုင် Wireguard VPN server တစ်ခုတည်ဆောက်ပုံ
    • အဘယ်ကြောင့် MikroTik
    • VRRP ကို MikroTik မှာ setup လုပ်ပုံ
  • ☁️Virtualisation and Cloud
    • KVM မှာ virtual disk တွေကို ဘယ်လို resize လုပ်လို့ရသလဲ
    • Debian 12 ပေါ်တွင် Proxmox 8 ကိုဘယ်လို integrate လုပ်သလဲ
    • Promox ပေါ်မှာ VM template တွေကို cloud-init သုံးပြီး ဖန်တီးပုံ
    • Custom LXD container templates များကိုဘယ်လို import လုပ်သလဲ
    • Cloud ဆိုသည်မှာ
  • 🍒others
    • Git အကြောင်းသိကောင်းစရာ
    • Home Lab ရှိခြင်း အနုပညာ
    • ကိုယ့်လုံခြုံရေးအတွက် အသုံးပြုသင့်တဲ့ toolkit လေးများ
    • SSH Tunneling အကြောင်းသိကောင်းစရာ
    • အခြေခံ SSH workflow များ
    • SSH Certificate Based Authentication အကြောင်းတစေ့တစောင်း
    • နေ့စဉ်သုံး စိတ်ကြိုက် Application/Software လေးများ
    • Keyboard Size တွေအကြောင်းသိသမျှ
    • သက္ကရာဇ်၂၀၂၀ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • သက္ကရာဇ်၂၀၂၁ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၁)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၂)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၃)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၄)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၅)
    • အင်တာနက်မြန်မာစာ ယူနီကုဒ်ဇော်ဂျီ ပြဿနာ
    • CyanogenMod မိတ်ဆက် အပိုင်း(၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၂)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၃)
  • 💀OffSec
    • ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် OpenSSL
Powered by GitBook
On this page

Was this helpful?

  1. Linux/BSD

လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၈)

Previousလူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၇)Nextလူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၉)

Last updated 1 year ago

Was this helpful?

၈. CentOS

၂၀၀၃ခုနှစ်နှောင်းပိုင်းမှာတော့ CentOS project ကို community project အနေနဲ့စတင်လိုက်ပါတယ်။ ဒီ project ကတော့ Linux အခွဲလေးတွေကနေ အကောင်းဆုံး distro တစ်ခုကိုဖန်တီးနိုင်ကြောင်းကို သက်သေထူစေပါတယ်။ နောက်ပြီး Fedora လိုမျိုး Red Hat က sponsor ပေးထားတဲ့ project တစ်ခုဖြစ်ပါတယ်။ Fedora နဲ့ ကွာခြားချက်ကတော့ CentOS ကို Red Hat Enterprise Linux (RHEL) ရဲ့ ပုံတူကိုယ်ပွားလေးတစ်ခု အနေဖြင့်ပြောဆိုသတ်မှတ်ခဲ့ကြပါတယ်။ ၂၀၁၄ခုနှစ် အစပိုင်းမှာ Red Hat က CentOS ကို စတင် sponsor ပေးခဲ့တာဖြစ်ပြီးတော့၊ RHEL မှာထည့်သွင်းထားသမျှ enterprise features တွေကို CentOS မှာထည့်သွင်းစေပြီး သူ့ရဲ့ downstream distro project တစ်ခုအနေနဲ့ ရပ်တည်စေခဲ့ပါတယ်။ Fedora ကတော့ test-bed project တစ်ခုအနေဖြင့်သာ သတ်မှတ်ထားဆဲပါ။ CentOS ဟာ RHEL ရဲ့ community-based re-branding လို့တောင်ပြောလို့ရပါတယ်။ RHEL ရဲ့ logo တွေ trademark တွေနေရာမှာ CentOS ကို community project အနေနဲ့Red Hat က sponsor ပေးခဲ့တာလည်းဖြစ်ပါတယ်။ တကယ်တမ်းတော့ CentOS ဆိုတာမဖြစ်လာခင်မှာ သူ့ကို CAOS Linux ဆိုတဲ့ distro တစ်ခု ကနေခွဲထွက်လာတယ်လို့ ဆိုပါတယ်။ အဲ့ဒီ CAOS Linux ကိုတော့ နိုဝင်ဘာလ ၂၀၁၄ခုနှစ်လောက်မှာ အပြီးရပ်ဆဲလိုက်ပြီလို ့လည်း သိရပါတယ်။ တဖက်မှာလည်း CentOS ကို အထောက်အကူပြုစေမယ့် နောက်တစ်ခုကတော့ ဇွန်လ ၂၀၀၆ခုနှစ်မှာတော့ Tao Linux ဆိုတဲ့ RHEL ကိုအခြေခံထားတဲ့ distro တစ်ခုကလည်း project ကိုရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ CentOS ဆီကိုလာပြီးတော့ပေါင်းပါတယ်။ Tao Linux အသုံးပြုသူတွေကလည်း CentOS ဆီကို အလုံးလိုက်အရင်းလိုက် ပြောင်းလာကြပါတယ်။ အဲ့ဒါကြောင့် CentOS ရဲ့ community ကချက်ချင်းဆိုသလို ကြီးမားကျယ်ပြန့် လာတယ် လို့ စာရေးသူမြင်ပါတယ်။ community ကို အခြေခံပြီးတော့ စတင်ခဲ့ကြတဲ့ Linux distro တွေရဲ့ ထုံးစံအတိုင်း ၂၀၀၈ခုနှစ် ၂၀၀၉ ခုနှစ်လောက်မှာ project ကိုရပ်ဆိုင်းရမလိုဖြစ်ပြန်ပါတယ်။ အဲ့ဒီနောက်မှာတော့ CentOS ရဲ့ core developer တွေက project ကိုအသက်ပြန်သွင်းခဲ့ပါတယ်။ ဇွန်လိုင်လ ၂၀၁၀ခုနှစ်မှာတော့ Debian လို distro မျိုးထက်တောင် ကျော်သွားခဲ့ပြီးတော့ web server နဲ့တခြား server product တွေမှာ နာမည်ရလာခဲ့ပြန်ပါတယ်။ အခုထိတိုင် RPM ကိုကြိုက်တဲ့ sysadmin တွေက CentOS server ကို နေရာတော်တော်များများမှာတွင်တွင်ကျယ်ကျယ်အသုံးပြုနေတုန်းပါ။ အခုနောက်ပိုင်းမှာ Ubuntu server တွေကိုလည်း CentOS server နည်းတူ DEB ကိုကြိုက်တဲ့သူတွေက အသုံးပြုတာကိုလည်း စကားချပ်အနေနဲ့ပြောပါရစေ။ Linux မှာတော့ ရွေးစရာများသည့်တိုင်အောင် support ကောင်းပြီး trustworthy ဖြစ်တဲ့ distro တွေကပိုပြီးတော့ အောင်မြင်တာကိုလည်း စာရေးသူအနေနဲ့ သတိထားမိပါတယ်။ ဇန်နဝါရီလ ၂၀၁၄ခုနှစ်မှာတော့ Red Hat က CentOS ကို sponsor လုပ်ဖို့ ကို တရားဝင်ကြေငြာလိုက်ပါတော့တယ်။ အဲ့ဒီလို Red Hat ရဲ့ sponsor ကြောင့်လည်း CentOS ကိုလူတွေပိုသိလာခဲ့ပါတယ်။ CentOS မှာလက်ရှိ ပါဝင်နေတဲ့ developer တွေက Red Hat က project တွေမှာလည်း ပါဝင်တာကြောင့် အဲ့ဒီ distro နှစ်ခုက ခွဲလို့ မရအောင် ကိုယ်ပွားလို ဖြစ်နေပါတယ်။ RHEL ကတော့ အခုချိန်ထိ software update နဲ့ product support ကို subscription လိုပုံစံမျိုးအနေနဲ့ ဆက်လက်ရောင်းနေဆဲပါ။ CentOS ကတော့လုံးဝ အခမဲ့ community ကိုမှီခိုထားတဲ့ distro ပါ။ အဲ့ဒီတစ်ခုပဲကွာပါတယ်။ ကျန်တာကတော့ CentOS လုပ်တာတွေကို RHEL ကလိုက်လုပ်တယ်။ RHEL လုပ်တာတွေကိုလည်း CentOS ကလိုက်ပြီးပြောင်းလဲနေတာကြောင့် အမွှာ distro လို့ တောင်ပြောရမှာပါ။ ဥပမာပြောရရင် CentOS ရဲ့ naming convention နဲ့version control ကို နောက်ပိုင်းမှာ RHEL ကလိုက်ပြီး ယူသုံးပါတယ်။ point release ဆိုတဲ့ version အသေးလေးတွေထွက်လာတဲ့ပုံစံနဲ့နာမည်ပေးပုံကတော့ CentOS နဲ့RHEL မှာအတူတူပါပဲ။ အဲ့ဒါတွေကြောင့်လည်း CentOS ဟာ Fedora လို Red Hat ရဲ့ sponsor ကိုရတာခြင်းတူတဲ့ distro ထက် ပိုပြီးတော့ မျက်နှာသာပေးခံရတာဖြစ်နိုင်ပါတယ်။

နောက်ပြီး CentOS ရဲ့ software package နဲ့ kernel က သေသေချာချာစမ်းသပ်ပြီးတော့မှ CentOS ဆီကိုရောက်တာပါ။ Fedora နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တာကတော့ CentOS ဟာ ဘယ်တော့မှ Linux နည်းပညာ အသစ်အသစ်တွေကို ချက်ချင်းယူမသုံးပါဘူး။ Stable ဖြစ်လား မဖြစ်ဘူးလားဆိုတာကိုတာ အရင်ကြည့်ပြီးတော့မှ CentOS ကလိုက်ပြောင်းတာပါ။ အဲ့ဒါကြောင့် အသစ်ထွက်ထွက်ခြင်း CentOS မှာအဲ့ဒီ feature နဲ့ update ကို CentOS အသုံးပြုသူတွေ မရပါဘူး။ တော်တော်လေးကြာပြီးတော့မှသာ လိုအပ်ရင်လိုအပ်သလိုထည့်သွင်းပေးတာလည်း CentOS အသုံးပြုသူတွေ သိထားပြီးသားတစ်ချက်ပါ။ အဲ့ဒါကြောင့် CentOS ရဲ့ ပုံပန်းအသွင်က Ubuntu တို့ Mint တို့ Elementary OS တို့ Fedora တို့ လို မသွက်ပါဘူး။ တော်တော်လေးကို နောက်မှာပြတ်ကျန်နေရစ်ခဲ့ပါတယ်။ server အတွက်တော့ stable ဖြစ်ဖို့ သာလို တဲ့အတွက် CentOS ကနာမည်ကြီးပါတယ်။ အိမ်သုံး user တွေအတွက်တော့ CentOS ဟာတော်တော်ဟောင်းတဲ့ desktop ပုံစံမျိုးကိုသာရမှာဖြစ်တဲ့အတွက် RPM ကိုကြိုက်တယ်ဆိုရင်တော့ Fedora ကိုပိုပြီးတော့ အားပေးပါတယ်။ Gnome 2.x လို desktop မျိုးကိုကြိုက်တယ်ဆိုရင်တော့ CentOS ကအဆင်ပြေပါတယ်။ CentOS ရဲ့ Gnome 3 က Gnome 2.x ပုံစံကနေလုံးဝခွဲမထွက်သွားအောင် သတိထားပြီးသုံးထားပေးပါတယ်။ Linux ကို သုံးတာနည်းနည်း ကြာတဲ့လူတိုင်းနီးပါးက Gnome 2.x ကိုတော်တော်လေးကြိုက်ကြပါတယ်။ အဲ့ဒါကြောင့် CentOS ကို desktop အနေနဲ့သုံးကြပါတယ်။ CentOS ကတော့ security update နဲ့ support ကို ၁၀နှစ်ထိပေးပါတယ်။ point release လို version အသေးလေးတွေကိုတော့ ၆လ ကနေ ၉ လတခါထုတ်ပါတယ်။ major release ကတော့ ခန့်မှန်းခြေ ၂နှစ်ကို တခါလောက်ထွက်ပါတယ်။

တခုရှိတာကတော့ ဘယ်အချိန်မှာ Red Hat ရဲ့ sponsor ကရပ်သွားပြီးတော့ distro ကို ငွေကြေးအားဖြင့် အထောက်အကူမရှိရင်တော့ CentOS ရဲ့ အနာဂတ်ဟာ ဦးတည်ချက်ပျောက်သွားနိုင်ပါတယ်။ CentOS ဟာ Red Hat အတွက်တော့ external project တစ်ခုသာဖြစ်ပါတယ်။ နောင်တချိန်မှာ Red Hat ရဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ CentOS ကို အများကြီး သက်ရောက်နိုင်စွမ်းရှိပါတယ်။ ဒါကတော့ Ubuntu လို သီးသန့် ရပ်တည်နေတဲ့ distro တွေနဲ့ ကွာခြားချက်ဖြစ်ပါတယ်။ Ubuntu ကအခုချိန်ထိတော့ ကိုယ်ပိုင်ရပ်တည်နေတဲ့ distro တစ်ခုပါ။

CentOS ရဲ့ အားသာချက်များ

CentOS မှာ package တွေ kernel တွေ ကို အခေါက်ခေါက်အခါခါ စမ်းသပ်ပြီးမှ ထုတ်တဲ့အတွက် stable အဖြစ်ဆုံး distro တစ်ခုဖြစ်ပါတယ်။ RHEL လို့ Enterprise အဆင့်ရှိတဲ့ free and open source ရတဲ့ distro လည်းဖြစ်ပါတယ်။ security update ကို ၁၀နှစ်ထိအောင် အခမဲ့ပေးတဲ့ အတွက် တခါ install လုပ်ပြီးသွားလို့ stable မဖြစ်ရင်တောင် update ကို အနှေးနဲ့ အမြန်ရမှာဖြစ်ပါတယ်။ server သမားတွေကတော့ နောက်ပိုင်းမှာ CentOS ကို web server တွေ database server တွေလိုနေရာမှာအသုံးပြုတာတွေ့ရပါတယ်။

CentOS နဲ့ဆင်တူတဲ့ distro များ

Scientific Linux, Springdale Linux, SME server, Rocks Cluster Distribution, Oracle Enterprise Linux တို့ ဖြစ်ပါတယ်။

လက်ရှိ CentOS ရဲ့ version/release

CentOS က version 7 (1611)၊ 6.8 နဲ့ 5.11 တို့ ဖြစ်ပါတယ်။ ပထမတစ်ခုဖြစ်တဲ့ CentOS 7 (1611) ဆိုတာကတော့ major release အနေနဲ့ ၇ရက်နေ့ ဇွန်လိုင်လ ၂၀၁၄ခုနှစ်မှာ စတင်ထုတ်ခဲ့တာဖြစ်ပြီးတော့ လက်ရှိ 7 (1611) က major release 7၊ 16 ကတော့ ၂၀၁၆ခုနှစ်ကို ရည်ညွန်းပြီး 11 ကတော့ ၁၁လပိုင်း နိုဝင်ဘာလမှာ ထွက်လာတဲ့ version ဖြစ်တယ်လို့ ပြောချင်တာပါ။ အရင်က ၇နှစ် အခုတော့ ၁၀နှစ်ထိ update နဲ့ support ပေးထားတာဖြစ်တဲ့အတွက် အရင်ကထုတ်ထားတဲ့ version 6 ရဲ့ point release ဖြစ်တဲ့ version 6.8 ကို update အနေနဲ့ ပေးထားတာဖြစ်ပါတယ်။ ထိုနည်းတူ version 5.11 ကိုလည်း major release ရဲ့version 5 အတွက် point release ပေးထားတာဖြစ်ပါတယ်။ point release တွေမှာများသောအားဖြင့် အများကြီးသိပ်မပြောင်းသွားပါဘူး။ driver update၊ security patch နဲ့ bug fix တွေလောက်ကိုသာထည့်သွင်းပေးထားပြီးတော့ CentOS ရဲ့ major release တွေကို upgrade လုပ်မှ နောက်ဆုံး CentOS ကပေးတဲ့ feature အသစ် တွေကို ရနိုင်မှာဖြစ်ပါတယ်။

စာကြွင်း။ ။ လက်ရှိမှာတော့ CentOS က version 7.6-1810 ကိုရောက်လာပါပြီ။ Release date ကတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (2018) မှာထုတ်တာဖြစ်ပါတယ်။

၁၁.၁၂.၂၀၂၀ နောက်ဆုံးသတင်း။ ။ CentOS 8 ကို ၂၄ရက်နေ့ စက်တင်ဘာလ ၂၀၁၉ ခုနှစ်မှာ စတင် release လုပ်လိုက်ဖြစ်ပြီး၊ သူနဲ့အတူ CentOS 8 Stream ဆိုပြီးတော့ CentOS 8 ရဲ့ rolling release distro တစ်ခုအနေနဲ့ စတင်မိတ်ဆက်ပေးလိုက်ပါတယ်။ စတင်မိတ်ဆက်ပေးတုန်း ကတည်း Fedora ရှိပြီးသားကို ဘာဖြစ်လို့များ rolling release တစ်ခုထပ်ပေါင်းထည်းသလဲဆိုပြီးတော့ ကြောင်တောင်တောင်ဖြစ်သွားတဲ့ အထိပါပဲ။ Red Hat ဘက်ကတော့ developer တွေအတွက် testing နဲ့ feedback loop မှာ ပိုပြီးတော့ တွင်ကျယ်အောင်၊ transparent ဖြစ်အောင်ဆိုပြီးတော့ ထည့်ပေါင်းပေးလိုက်တဲ့ Fedora နဲ့ RHEL ကြားမှာထားဖို့အတွက်၊ RHEL ရဲ့ upstream project တစ်ခုအနေနဲ့သာထားဖို့အကြောင်းကို သေချာရှင်းပြသွားပါတယ်။ စာရေးသူလိုမျိုး production မှာကော အိမ်မှာပါ stable ဖြစ်တဲ့ Linux server တစ်လုံး တည်ဆောက်တိုင်း CentOS ကိုပဲ အသဲစွဲပြီးတော့ သုံးတဲ့ CentOS die hard fan တစ်ယောက်အနေနဲ့တော့ တော်တော်လေးကို စိတ်ပျက်စရာပါ။ Ubuntu ရဲ့ LTS ထက်တောင်မှ CentOS ကို အမြဲဦးစားပေး ရွေးချယ်အသုံးပြုတတ်တာကြောင့် CentOS 6 နဲ့ 7 ကို production server တွေအနေနဲ့ အလုပ်မှာတော်တော်လေး အသုံးပြုထားပါတယ်။ Ubuntu 18.04 LTS box တွေကိုတောင် 20.04 LTS ဆီကို ပြီးခဲ့တဲ့ ၃၊ ၄ လအတွင်းမှာ upgrade လုပ်ဖြစ်သည့်တိုင်အောင်၊ CentOS 7 box တွေကို 8 ဆီကို ပြောင်းဖို့အတွက်တော်တော်လေး ဝန်လေးနေမိပါတယ်။ Staging လုပ်ကြည့်သမျှတော့ CentOS 7 မှာလက်ရှိ အသုံးပြုနေတဲ့ binary တွေနဲ့ package တွေကို 8 ထည့်တွင်း ကြည့်တော့ အဆင်မပြေတာတွေလည်း အများကြီးရှိနေတာမို့ ဒီအတိုင်းထားလိုက်ဖို့ဖြစ်လာပါတော့တယ်။ CentOS 7 ရဲ့ End Of Life (EOL) က ၂၀၂၄ခုနှစ် အလယ်မှာဖြစ်ပါတယ်။

ဒီအပတ်ထဲမှာ (၈ရက်နေ့ ဒီဇင်ဘာလ ၂၀၂၀ခုနှစ်) Red Hat ရဲ့ CTO Chris Wright နဲ့ CentOS ရဲ့ Community Manager Rich Bowen တို့ပေါင်းပြီးတော့ CentOS 8 ကို နောက်နှစ်ကုန် ၂၀၂၁ခုနှစ်အကုန်ထိပဲ support လုပ်တော့မယ်လို့ သတင်းထွက်လာပါတယ်။ ပြောသွားတာကတော့ CentOS 8 Stream ကို RHEL ရဲ့ upstream အနေနဲ့ ထားသွားမှာဖြစ်တဲ့အတွက် လူအင်းအားနဲ့ ငွေအားနှစ်ခုလုံးကို Stream ဘက်မှာပဲအားလုံးသုံးသွားချင်လို့ CentOS 8 ကို ရပ်လိုက်ရခြင်းဖြစ်ကြောင်း ဆိုသွားပါတယ်။ စာရေးသူအနေနဲ့ တော့ IBM Big Blue ကြီး Red Hat ကို ပြီးခဲ့တဲ့ နှစ်က ဝယ်ကတည်းကိုက သိပ်ပြီးတော့ ဘဝင်မကျလှပါဘူး။ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်တော့မယ်လို့တော့ မှန်းထားပြီးသားပါ။ ကြောင်ကြာကြာရေမငုပ်ပါဘူး၊ အခုတော့ ရုပ်လုံးပေါ်လာပြီလို့ ဆိုရင်တော့ ကြွားလွန်းတယ်မထင်ပါ။ ဒီနေရာမှာ မပြောလို့ မပြီးတဲ့ EEE ကိစ္စနည်းနည်း လမ်းကြုံလို့ ရှင်းပါရစေတော့။

  • Embrace ဆိုသည်မှာ IBM ဟာ Red Hat ကို independent entity အနေနဲ့ထားမယ်လို့ ဝယ်တုန်း အတန်တန်ဆိုခဲ့ပြီးတော့၊ opensource ကိုမြတ်နိုးသယောင်ဆောင်ခဲ့လေသလားဆိုတာတော့ မပြောတတ်ဘူး။ အခုလိုမျိုး RPM မှာ stable release အနေနဲ့ ရပ်တည်နေတဲ့ CentOS လိုမျိုး project ကိုချက်ချင်းရပ်လိုက်တာဟာ IBM ရဲ့ ဆုံးဖြတ်ချက် မပါဘူးလို့ ငြင်းအုံးမှာလား။ ကြိုက်တဲ့ဘက်ကနေရှင်း အဖြေဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလို့သာနေပါတော့တယ်။ မပြေးသော်လည်း ကန်ရာတွေများလာတော့ မှန်းဆလို့ရသမျှတော့ မှန်းထားတွေးထား ပြီးသားပါ။

  • Extend ဆိုသည်မှာက လိုအပ်ပါပဲနဲ့ CentOS 8 Stream ကိုထည့်ပေါင်းမိတ်ဆက် ပေးလိုက်ကတည်း စိတ်ထဲမှာ ကန့်လန့်ကြီးဖြစ်လို့ နေပါတော့တယ်။ ကိုယ်တိုင်းလည်း ဘယ်လိုမျိုး အနေအထားမျိုးမှာမှ CentOS 8 Stream ကိုသုံးမယ်လို့ စဉ်းစားလို့ မရပါ။ RHEL ရဲ့ stable ဖြစ်နေနဲ့ Enterprise Feature အရသာကို Community based မှာ လွတ်လပ်စွာ သုံးလို့ရနေမှတော့၊ Stream ဟာ ဟိုမရောက် ဒီမရောက် distro တစ်ခုလို့သာမြင်ပါတယ်။ သို့ပေမယ့်လည်း Extend အဆင့်မှာတော့ တစ်ခုတော့ ပေါင်းထည့် ပြောင်းထည့် ရတဲ့ formula ရှိပြီးသားမို့ Stream ကိုထည့်ပေါင်းလိုက်ပါတော့တယ်။

  • Extinguish ဆိုသည်ကတော့ မြင်တဲ့အတိုင်း နေ့တွင်းညတွင်းချင်းမှာ CentOS stable distro ကို အရှင်လတ်လတ်မြေမြုပ် သတ်ပစ်လိုက်ပြီးတော့ စတင်မိတ်ဆက်တုန်း Stream ကို rolling release လို့သူတို့ပဲ ပြောပြီး အခုကြမှ လေသံပြောင်းလာပါတယ်။ ဒီအပတ်ထဲမှာ Red Hat နဲ့ CentOS ကလူကြီးများဟာဆိုရင်ဖြင့် Stream ကို rolling release လို့မခေါ်သင့်ပဲနဲ့ Continuous Delivery လို့ခေါ်မှသာမှန်နိုင်မယ်လို့ ဆိုတော့ကာ၊ ဘာကို ယုံလို့ ဘာကို အမှန်လို့ သတ်မှတ်ပေးရပါ့မလဲ။ ဉာဏ်ရှိတိုင်းသာ စဉ်းစားတွေးခေါ် ဆုံးဖြတ်ကြစေအုံးတော့။

☕
Page cover image