💻
ITmatic101 - MY
  • ITmatic101 - နည်းပညာဆိုင်ရာ Blog
  • ☕Linux/BSD
    • Linux distro-hopper ခရီးကြမ်း
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၂)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၃)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၄)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၅)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၆)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၇)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၈)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၉)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁၀)
    • Manjaro Linux အကြောင်းတစေ့တစောင်း
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၁)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၂)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၃)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၄)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၅)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၁)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၂)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၁)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၂)
    • Ubuntu မှာအလုပ်ဖြစ်သော tool နဲ့ application (၁၀) ခုအကြောင်း
    • Docker မိတ်ဆက် အပိုင်း(၁)
    • Docker မိတ်ဆက် အပိုင်း(၂)
    • Docker မိတ်ဆက် အပိုင်း(၃)
    • GNU/Linux ကိုဘာလို့ ပြောင်းသုံးသင့်သလဲ
    • GNU/Linux မှာသုံးတဲ့ CLI ကိုဘယ်လိုခေါ်ကြသလဲ
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၁)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၂)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၃)
    • ပြတိုက်ထဲက SysVinit အကြောင်း
    • Open source သင်ခန်းစာများ အပိုင်း(၁)
    • Open source သင်ခန်းစာများ အပိုင်း(၂)
    • လေထုညစ်ညမ်းစပြုလာတဲ့ Linux ရဲ့ Ecosystem
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၁)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၂)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၃)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၄)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၅)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၁)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၂)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၃)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၄)
    • Open Source ကောက်ကြောင်း – အပိုင်း(၁)
    • Open Source ကောက်ကြောင်း – အပိုင်း( ၂)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၁)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၂)
    • SELinux မိတ်ဆက်
    • Open Source Licenses များအကြောင်း – အပိုင်း (၁)
    • Open Source Licenses များအကြောင်း – အပိုင်း (၂)
    • Keepalived မိတ်ဆက် – အပိုင်း (၁)
    • Keepalived မိတ်ဆက် – အပိုင်း (၂)
    • Linux မှာ package manager တွေကိုဘယ်လိုအသုံးပြုသလဲ
  • 🚀Automation
    • Chef မိတ်ဆက် အပိုင်း(၁)
    • Wireguard ရဲ့ automated workflow
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၁)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၂)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၃)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၄)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၁)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၂)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၃)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၁)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၂)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၁)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၂)
    • Kickstart ကိုအသုံးပြုပြီး Custom ISO တွေဖန်တီးပုံ
  • ⚙️Networking
    • အဘယ့်ကြောင့် GNS3
    • ZeroTier မိတ်ဆက်
    • WireGuard အကြောင်းသိကောင်းစရာ
    • Linode VPS မှာကိုယ်ပိုင် Wireguard VPN server တစ်ခုတည်ဆောက်ပုံ
    • အဘယ်ကြောင့် MikroTik
    • VRRP ကို MikroTik မှာ setup လုပ်ပုံ
  • ☁️Virtualisation and Cloud
    • KVM မှာ virtual disk တွေကို ဘယ်လို resize လုပ်လို့ရသလဲ
    • Debian 12 ပေါ်တွင် Proxmox 8 ကိုဘယ်လို integrate လုပ်သလဲ
    • Promox ပေါ်မှာ VM template တွေကို cloud-init သုံးပြီး ဖန်တီးပုံ
    • Custom LXD container templates များကိုဘယ်လို import လုပ်သလဲ
    • Cloud ဆိုသည်မှာ
  • 🍒others
    • Git အကြောင်းသိကောင်းစရာ
    • Home Lab ရှိခြင်း အနုပညာ
    • ကိုယ့်လုံခြုံရေးအတွက် အသုံးပြုသင့်တဲ့ toolkit လေးများ
    • SSH Tunneling အကြောင်းသိကောင်းစရာ
    • အခြေခံ SSH workflow များ
    • SSH Certificate Based Authentication အကြောင်းတစေ့တစောင်း
    • နေ့စဉ်သုံး စိတ်ကြိုက် Application/Software လေးများ
    • Keyboard Size တွေအကြောင်းသိသမျှ
    • သက္ကရာဇ်၂၀၂၀ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • သက္ကရာဇ်၂၀၂၁ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၁)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၂)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၃)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၄)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၅)
    • အင်တာနက်မြန်မာစာ ယူနီကုဒ်ဇော်ဂျီ ပြဿနာ
    • CyanogenMod မိတ်ဆက် အပိုင်း(၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၂)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၃)
  • 💀OffSec
    • ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် OpenSSL
Powered by GitBook
On this page
  • ပညာရှင်အဆင့် certification များ
  • LPIC-3 300: Linux Enterprise Professional Mixed Environment
  • LPIC-3 303: Enterprise Professional Security
  • LPIC-3 304: Enterprise Professional Virtualization and High Availability

Was this helpful?

  1. Linux/BSD

အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၄)

Previousအသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၃)Nextအသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၅)

Last updated 2 years ago

Was this helpful?

ပညာရှင်အဆင့် certification များ

ဒီတခါတော့ Linux အတွက် ပညာရှင်အဆင့် ရှိတဲ့ certification တွေအကြောင်းကိုဆက်လက် ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒါကတော့ LPI မှာအမြင့်ဆုံးအဆင့် ဖြစ်တဲ့ certification တွေပါ။ ကိုယ်လိုက်ချင်တဲ့ ဘက်ကိုအသေးစိတ် လေ့လာပြီးမှ ဖြေဆိုရမယ့် စာမေးပွဲ တွေဖြစ်ပါတယ်။ ကျွမ်းကျင်မှုကို အပြည့်အဝရှိမှ ဖြေဆိုလို့ရမယ့် စာမေးပွဲတွေပါ။ ဒီတဆင့်မှာတော့ Linux Enterprise Professional လို့ နာမည်ပေးထားတဲ့ အဆင့်လည်းဖြစ်ပါတယ်။ ကိုယ်လိုက်ချင်တဲ့ specialty ကိုလိုက်ပြီးတော့ LPIC-3 မှာ ၃ခုခွဲထား ပါတယ်။ အဲ့ဒီ ၃ခုကတော့ Mixed Environment, Security နဲ့ Virtualization and High Availability ဆိုပြီးတော့ ရှိပါတယ်။ တစ်ခုခြင်းစီကိုအောက်မှာ ဖော်ပြပေးသွားပါ့မယ်။ LPIC-3 certified ဖြစ်ဖို့ဆိုရင် ကိုယ်လိုက်ချင်တဲ့ specialty တစ်ခုမှာစာမေးပွဲ တစ်ခုစီ ကို ဖြေဆိုအောင်မြင်ရမှာဖြစ်ပါတယ်။ ကိုယ်က multiple specialty လိုက်ချင်ရင် တော့လည်း အကုန်လိုက်ဖြေလို့ရပါတယ်။ ဒီအဆင့်မှာတော့ အကုန်လုံး ရောနှောထားတဲ့ enterprise အဆင့်ရှိပြီး distribution တစ်ခုထဲမှာသာ အားသာလို့မရတော့ပါဘူး။ ကိုယ်က ဘယ် distro ပဲလားလား အကုန်သိထားအဆင့် neutral distro အဆင့်ထိရှိရမယ့် သဘောပါ။ ဥပမာ deb တခုတည်းကို သုံးတတ်လို့ မရတော့ဘူး၊ rpm မှာပါ ကောင်းကောင်း သုံးတတ် administrate လုပ်တတ် ရမှာဖြစ်တဲ့ သဘောပါ။

LPIC-3 300: Linux Enterprise Professional Mixed Environment

အောက်မှာတော့ LPIC-3 Linux Enterprise Professional Mixed Environment မဖြေဆိုခင်သိထားရမယ့် အချက်လေးတွေကို ဖော်ပြပေးသွား ပါ့မယ့်။

LPIC-3 Linux Enterprise Professional Mixed Environment ရဲ့လက်ရှိ version

လက်ရှိမှာ version 1 ပဲရှိပါသေးတယ်။ လက်ရှိ Exam code ကတော့ 300-100 ဖြစ်ပါတယ်။

LPIC-3 Linux Enterprise Professional Mixed Environment မဖြေဆိုခင်လိုအပ်ချက်များ

LPIC-3 ကိုရဖို့ဆိုရင် ကိုယ့်မှာ သက်တမ်းရှိနေသေးတဲ့ LPIC-2 ရှိဖို့လိုအပ်မှာ ဖြစ်ပါတယ်။ LPIC-1 နဲ့ LPIC-2 မှာလိုပဲ ကိုယ်နဲ့ အဆင်ပြေမယ့် အစဉ်အတိုင်းဖြေဆိုလို့ရပါတယ်။ ဆိုပါတော့ ကိုယ်က LPIC-3 ကို LPIC-2 မရှိပဲနဲ့ဖြေဆိုလိုက်တယ်ဆိုရင် ဖြေဆိုလို့တော့ရပါတယ်။ ဒါပေမယ့် LPIC-2 အကုန်အောင်ပြီးတော့မှ LPIC-3 certificate ကိုရမှာဖြစ်ပါတယ်။ အဲ့ဒီတော့ အစဉ် လိုက်ဖြေဆိုတာ ပိုပြီး အဆင်ပြေမှာပါ။

LPIC-3 Linux Enterprise Professional Mixed Environment မေးခွန်းပုံစံ နဲ့ ဖြေဆိုချိန်

Exam 300 မှာလည်း multiple-choice နဲ့ fill-in-the-blank မေးခွန်း အခု ၆၀ ကိုဖြေဆိုရမှာဖြစ်ပြီး၊ ဖြေဆိုချိန်ရတော့ မိနစ် ၉၀ ရမှာဖြစ်ပါတယ်။

LPIC-3 Linux Enterprise Professional Mixed Environment ရဲ့ အကြုံဝင် သက်တမ်း

တခြား LPIC certification တွေလိုပဲ ၅နှစ် အချိန်ရပါတယ်။

LPIC-3 Linux Enterprise Professional Mixed Environment အတွက်ပြင်ဆင်စရာ အပိုင်းများ

LPIC-3 Linux Enterprise Professional Mixed Environment အတွက် ပြင်ဆင်ရမယ့် topic တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • OpenLDAP Configuration

  • OpenLDAP as an Authentication Backend

  • Samba Basics

  • Samba Share Configuration

  • Samba User and Group Management

  • Samba Domain Integration

  • Samba Name Services

  • Working with Linux and Windows Clients

LPIC-3 303: Enterprise Professional Security

ဒီတစ်ခုကတော့ Linux က security တွေအကြောင်းကို အသေးစိတ်လေ့လာရမှာဖြစ်ပါတယ်။ အောက်မှာကတော့ LPIC-3 303: Enterprise Professional Security မဖြေခင် ကြိုတင်သိထားသင့်တဲ့ အချက်လေးတွေပါ။

LPIC-3 Enterprise Professional Security ရဲ့လက်ရှိ version

လက်ရှိမှာတော့ version 2.0 ဖြစ်နေပါပြီ။ သူ့မှာ ဖြေဆိုရမယ့် စာမေးပွဲ ကတော့ exam 303-200 ဖြစ်ပါတယ်။

LPIC-3 Enterprise Professional Security မဖြေဆိုခင်လိုအပ်ချက်များ

LPIC-3 ကိုရဖို့ဆိုရင် ကိုယ့်မှာ သက်တမ်းရှိနေသေးတဲ့ LPIC-2 ရှိဖို့လိုအပ်မှာ ဖြစ်ပါတယ်။ စာမေးပွဲတွေကိုတော့ အထက်မှာ ပြောခဲ့ပြီးသလိုပဲ ကိုယ်နဲ့ အဆင်ပြေတဲ့ အစဉ်အတိုင်းဖြေဆိုခွင့်ရှိပါတယ်။

LPIC-3 Enterprise Professional Security မေးခွန်းပုံစံ နဲ့ ဖြေဆိုချိန်

Exam 303 မှာလည်း multiple-choice နဲ့ fill-in-the-blank မေးခွန်း အခု ၆၀ ကိုဖြေဆိုရမှာဖြစ်ပြီး၊ ဖြေဆိုချိန်ရတော့ မိနစ် ၉၀ ရမှာဖြစ်ပါတယ်။

LPIC-3 Enterprise Professional Security ရဲ့ အကြုံဝင် သက်တမ်း

တခြား LPIC certification တွေလိုပဲ ၅နှစ် အချိန်ရပါတယ်။

LPIC-3 Enterprise Professional Security အတွက်ပြင်ဆင်စရာ အပိုင်းများ

LPIC-3 Enterprise Professional Security အတွက် ပြင်ဆင်ရမယ့် topic တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • Cryptography

  • Access Control

  • Application Security

  • Operations Security

  • Network Securit

LPIC-3 304: Enterprise Professional Virtualization and High Availability

ဒီတစ်ခုကတော့ Linux က Virtualization နဲ့ High Availability တွေအကြောင်းကို အသေးစိတ်လေ့လာရမှာဖြစ်ပါတယ်။ အောက်မှာကတော့ LPIC-3 304: Enterprise Professional Virtualization and High Availability မဖြေခင် ကြိုတင်သိထားသင့်တဲ့ အချက်လေးတွေပါ။

LPIC-3 Enterprise Professional Virtualization and High Availability ရဲ့လက်ရှိ version

လက်ရှိမှာတော့ version 2.0 ဖြစ်နေပါပြီ။ သူ့မှာ ဖြေဆိုရမယ့် စာမေးပွဲ ကတော့ exam 304-200 ဖြစ်ပါတယ်။

LPIC-3 Enterprise Professional Virtualization and High Availability မဖြေဆိုခင်လိုအပ်ချက်များ

LPIC-3 ကိုရဖို့ဆိုရင် ကိုယ့်မှာ သက်တမ်းရှိနေသေးတဲ့ LPIC-2 ရှိဖို့လိုအပ်မှာ ဖြစ်ပါတယ်။ စာမေးပွဲတွေကိုတော့ အထက်မှာ ပြောခဲ့ပြီးသလိုပဲ ကိုယ်နဲ့ အဆင်ပြေတဲ့ အစဉ်အတိုင်းဖြေဆိုခွင့်ရှိပါတယ်။

LPIC-3 Enterprise Professional Virtualization and High Availability မေးခွန်းပုံစံ နဲ့ ဖြေဆိုချိန်

Exam 304 မှာလည်း multiple-choice နဲ့ fill-in-the-blank မေးခွန်း အခု ၆၀ ကိုဖြေဆိုရမှာဖြစ်ပြီး၊ ဖြေဆိုချိန်ရတော့ မိနစ် ၉၀ ရမှာဖြစ်ပါတယ်။

LPIC-3 Enterprise Professional Virtualization and High Availability ရဲ့ အကြုံဝင် သက်တမ်း

တခြား LPIC certification တွေလိုပဲ ၅နှစ် အချိန်ရပါတယ်။

LPIC-3 Enterprise Professional Virtualization and High Availability အတွက်ပြင်ဆင်စရာ အပိုင်းများ

LPIC-3 Enterprise Professional Virtualization and High Availability အတွက် ပြင်ဆင်ရမယ့် topic တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • Virtualization

  • High Availability Cluster Management

  • High Availability Cluster Storage

နောက်တပိုင်းမှာတော့ The Linux Foundation ကပေးတဲ့ Certified Sysadmin နဲ့ Certified Engineer စာမေးပွဲတွေ အကြောင်းနဲ့ ပြင်ဆင်လို့ရတဲ့ ပုံစံလေးတွေ အကြောင်းနည်းနည်းဆက်ရေးပါ့မယ်။

LPIC-3 Linux Enterprise Professional Mixed Environment ရဲ့ Exam 300-100 အကြောင်းကို အသေးစိတ်သိချင်ရင်တော့ ဒီ ကနေသွားဖတ်ကြည့်လို့ရ ပါတယ်။

LPIC-3 Enterprise Professional Security ရဲ့ Exam 303 အကြောင်းကို အသေးစိတ်သိချင်ရင်တော့ ဒီ ကနေသွားဖတ်ကြည့်လို့ရ ပါတယ်။

LPIC-3 Enterprise Professional Virtualization and High Availability ရဲ့ Exam 304 အကြောင်းကို အသေးစိတ်သိချင်ရင်တော့ ဒီ ကနေသွားဖတ်ကြည့်လို့ရ ပါတယ်။

☕
link
link
link