💻
ITmatic101 - MY
  • ITmatic101 - နည်းပညာဆိုင်ရာ Blog
  • ☕Linux/BSD
    • Linux distro-hopper ခရီးကြမ်း
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၂)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၃)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၄)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၅)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၆)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၇)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၈)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၉)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁၀)
    • Manjaro Linux အကြောင်းတစေ့တစောင်း
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၁)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၂)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၃)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၄)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၅)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၁)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၂)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၁)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၂)
    • Ubuntu မှာအလုပ်ဖြစ်သော tool နဲ့ application (၁၀) ခုအကြောင်း
    • Docker မိတ်ဆက် အပိုင်း(၁)
    • Docker မိတ်ဆက် အပိုင်း(၂)
    • Docker မိတ်ဆက် အပိုင်း(၃)
    • GNU/Linux ကိုဘာလို့ ပြောင်းသုံးသင့်သလဲ
    • GNU/Linux မှာသုံးတဲ့ CLI ကိုဘယ်လိုခေါ်ကြသလဲ
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၁)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၂)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၃)
    • ပြတိုက်ထဲက SysVinit အကြောင်း
    • Open source သင်ခန်းစာများ အပိုင်း(၁)
    • Open source သင်ခန်းစာများ အပိုင်း(၂)
    • လေထုညစ်ညမ်းစပြုလာတဲ့ Linux ရဲ့ Ecosystem
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၁)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၂)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၃)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၄)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၅)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၁)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၂)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၃)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၄)
    • Open Source ကောက်ကြောင်း – အပိုင်း(၁)
    • Open Source ကောက်ကြောင်း – အပိုင်း( ၂)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၁)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၂)
    • SELinux မိတ်ဆက်
    • Open Source Licenses များအကြောင်း – အပိုင်း (၁)
    • Open Source Licenses များအကြောင်း – အပိုင်း (၂)
    • Keepalived မိတ်ဆက် – အပိုင်း (၁)
    • Keepalived မိတ်ဆက် – အပိုင်း (၂)
    • Linux မှာ package manager တွေကိုဘယ်လိုအသုံးပြုသလဲ
  • 🚀Automation
    • Chef မိတ်ဆက် အပိုင်း(၁)
    • Wireguard ရဲ့ automated workflow
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၁)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၂)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၃)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၄)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၁)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၂)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၃)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၁)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၂)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၁)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၂)
    • Kickstart ကိုအသုံးပြုပြီး Custom ISO တွေဖန်တီးပုံ
  • ⚙️Networking
    • အဘယ့်ကြောင့် GNS3
    • ZeroTier မိတ်ဆက်
    • WireGuard အကြောင်းသိကောင်းစရာ
    • Linode VPS မှာကိုယ်ပိုင် Wireguard VPN server တစ်ခုတည်ဆောက်ပုံ
    • အဘယ်ကြောင့် MikroTik
    • VRRP ကို MikroTik မှာ setup လုပ်ပုံ
  • ☁️Virtualisation and Cloud
    • KVM မှာ virtual disk တွေကို ဘယ်လို resize လုပ်လို့ရသလဲ
    • Debian 12 ပေါ်တွင် Proxmox 8 ကိုဘယ်လို integrate လုပ်သလဲ
    • Promox ပေါ်မှာ VM template တွေကို cloud-init သုံးပြီး ဖန်တီးပုံ
    • Custom LXD container templates များကိုဘယ်လို import လုပ်သလဲ
    • Cloud ဆိုသည်မှာ
  • 🍒others
    • Git အကြောင်းသိကောင်းစရာ
    • Home Lab ရှိခြင်း အနုပညာ
    • ကိုယ့်လုံခြုံရေးအတွက် အသုံးပြုသင့်တဲ့ toolkit လေးများ
    • SSH Tunneling အကြောင်းသိကောင်းစရာ
    • အခြေခံ SSH workflow များ
    • SSH Certificate Based Authentication အကြောင်းတစေ့တစောင်း
    • နေ့စဉ်သုံး စိတ်ကြိုက် Application/Software လေးများ
    • Keyboard Size တွေအကြောင်းသိသမျှ
    • သက္ကရာဇ်၂၀၂၀ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • သက္ကရာဇ်၂၀၂၁ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၁)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၂)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၃)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၄)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၅)
    • အင်တာနက်မြန်မာစာ ယူနီကုဒ်ဇော်ဂျီ ပြဿနာ
    • CyanogenMod မိတ်ဆက် အပိုင်း(၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၂)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၃)
  • 💀OffSec
    • ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် OpenSSL
Powered by GitBook
On this page
  • Debian 12 Installation
  • Proxmox 8 installation on Debian 12

Was this helpful?

  1. Virtualisation and Cloud

Debian 12 ပေါ်တွင် Proxmox 8 ကိုဘယ်လို integrate လုပ်သလဲ

Vanilla Proxmox 8 ISO ကို download ဆွဲပြီးတော့ ကိုယ့်စက်ပေါ်မှာလုပ်ရတဲ့ installation process ကတော်တော်လေးကို ရိုးရိုးရှင်းရှင်းနဲ့ နားလည်ရလွယ်တဲ့ လုပ်ငန်းစဉ်တခုပါ။ တကယ်တော့ Proxmox ဆိုတာက Linux မှာ native တင်ပြီး run ရနိုင်တဲ့ hypervisor KVM နဲ့ QEMU နှစ်ခုကို အလွယ်တကူ အသုံးပြုနိုင်အောင်လုပ်ပေးထားတာပဲဖြစ်ပါတယ်။ Enterprise Linux မှာတော့ အရင်ကတည်းက KVM ကို သပ်သပ်ရပ်ရပ် ထုပ်ပိုးပြင်ဆင်ပြီး အလွယ်တကူသုံးနိုင်ဖို့အတွက် solution တွေကရှိပြီးသားပါ။ သို့သော် homelab သမားတွေအတွက်ကျတော့ အဆင်မပြေပါ။ ဒါ့ကြောင့် အရင်ကဆိုရင် VMware ESXi ကို standalone host အနေနဲ့ homelab သမားတွေ အားထားပြီး အသုံးပြုကြခဲ့ပါတယ်။ ဒီ့အတွက် VMware vSphere နဲ့ vCenter လိုမျိုး solution တွေကို လုပ်ငန်းခွင်တွေမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။ VMware ESXi ကို install လုပ်ရတာ၊ configure လုပ်ရတာကလည်း အတော်လေးကိုလွယ်ကူတဲ့အပြင်၊ အဲ့ဒီတုန်း virtualisation technology နဲ့ innovation ဘက်မှာ VMware ဟာအရမ်းကို ရှေ့ပြေးနေခဲ့တာပါ။ ရှင်းရှင်းပြောရရင် virtualisation တခေတ်ကို ဦးဆောင်ခဲ့တယ်လို့တောင်ဆိုလို့ရပါတယ်။ Virtualisation technology ကို အမြန်ဆုံး adopt လုပ်နိုင်အောင် ကူညီပေးခဲ့တာကြောင့် VMware ဆိုတဲ့ brand တခုဖြစ်လာခဲ့ပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း တချိန်က VMware ရဲ့ Workstation/Player နဲ့ ESXi၊ vSphere၊ vCenter တို့လို product တွေနဲ့တော်တော်လေးကို ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် VMware က vSAN နဲ့ NSX တို့လိုမျိုး နည်းပညာတွေကိုလည်း လေ့လာဖူး၊ လုပ်ငန်းခွင်မှာလည်း ထိတွေ့ဖူးတာမို့ production environment တွေအတွက်ဘယ်လိုစွမ်းသလဲဆိုတာကို ကိုယ်တွေ့ကြုံခဲ့ရပါတယ်။

တဘက်မှာလည်း Linux ကိုစတင်အသုံးပြုလာကတည်း KVM နဲ့ QEMU လိုမျိုး native ရနိုင်တဲ့ hypervisor နည်းပညာတွေကို စတင်စိတ်ဝင်စားလာခဲ့ပြန်ပါတယ်။ စာရေးသူ homelab မှာလည်း KVM ကို ပုံစံမျိုးစုံနဲ့ စတင်အသုံးပြုလာခဲ့ပြန်ပါတယ်။ ဥပမာ GNS3 ကို networking lab တွေအတွက် setup လုပ်တဲ့အခါမှာ KVM ကိုသုံးဖြစ်ခဲ့ပါတယ်။ တခါကလည်း Virtualbox ကို Linux စက်ပေါ်မှာတင်ပြီးသုံးရတာ သိပ်အဆင်မပြေသလိုခံစားရပြီး KVM ကို virt-manager နဲ့တမျိုး၊ cockpit နဲ့တဖုံ အမျိုးမျိုးတင် run ကြည့်ပါတယ်။ ပြီးတော့... LXD နဲ့သူ့ရဲ့ front-end web interface ကိုအသုံးပြီး KVM နဲ့ LXD VM တွေကိုလည်း စမ်းသပ်အသုံးပြီးတကာလ၊ homelab တွေမှာ အလွယ်တကူ အဆင်ပြေပြေ အသုံးပြုဖို့အတွက် KVM ကိုကောင်းကောင်း integrate လုပ်ပေးထားတဲ့ solution ကအများသိပ်မရှိပါ။ ဒါကြောင့်လည်း Proxmox ဟာ လယ်ပြင်ဆင်သွားသလိုထင်ရှားနေတဲ့ virtualisation solution တခုပါ။

ဒီ blog post မှာတော့ Debian 12 Bookworm ပေါ်မှာ Proxmox 8 ကိုတင်ပြီး ကိုယ့်ရဲ့ hypervisor အနေနဲ့ ဘယ်လိုမျိုး အသုံးပြုနိုင်သလဲဆိုတာကို ရှင်းပြလိုပါတယ်။ ဘာဖြစ်လို့ Proxmox 8 ISO ကို download ဆွဲပြီး စက်ပေါ်မှာတခါတည်း တင်မသုံးတာလဲလို့မေးရင်တော့ အချက် ၃ ချက်ကိုထောက်ပြရပါလိမ့်မယ်။

  1. PC/Laptop တလုံးတည်းပေါ်မှာပဲ ကိုယ့်ရဲ့ Debian 12 bookworm desktop နဲ့ hypervisor ကို Proxmox တင်ပြီး အသုံးပြုချင်လို့ပါ။ ဒီလိုမှမဟုတ်ရင် Proxmox အတွက်နောက်စက် တလုံးသပ်သပ်ထပ်လိုပါလိမ့်မယ်။

  2. Vanilla Proxmox ကို install လုပ်တဲ့အခါမှာ အများကြီး customise လုပ်ဖို့အတွက် option သိပ်မရှိပါဘူး။ ဥပမာ disk layout ကိုပြောင်းချင်တာမျိုး၊ full disk encryption လုပ်ချင်တာမျိုးဆိုရင် အခုလို base OS ဖြစ်တဲ့ Debian 12 ပေါ်မှာ စိတ်ကြိုက်လုပ်လို့ရနိုင်ပါတယ်။

  3. Homelab တခုအနေနဲ့ စမ်းသပ်ဖို့ရနိုင်လို့ စမ်းသပ်ကြည့်မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခြားသော OS ပေါ်မှာ အခုလိုမျိုးစမ်းသပ်ချင်လို့မှ မစမ်းသပ်နိုင်တာမို့ ဒါဟာကိုယ်တိုင်လေ့လာခွင်ရမယ့် အခွင့်အရေးတခုပါ။

ဒီ lab ကိုစမ်းသပ်ဖို့အတွက် စာရေးသူတို့ အောက်ပါနှစ်ချက်ကို ကြိုတင်ပြင်ဆင်ထားရပါလိမ့်မယ်။

  • PC/Laptop တလုံးအပိုရှိရင် အဲ့ဒီစက်ပေါ်မှာပဲ lab ကိုတည်ဆောက်ချင်ရင်လည်းဖြစ်နိုင်ပါတယ်။ ဒီ post မှာ စာရေးသူ Virtualbox ကိုအသုံးပြုပြီး ဒီ lab ကို setup လုပ်ပါ့မယ်။ ကိုယ့်စိတ်ကြိုက် hypervisor ကိုအသုံးပြုလည်းဖြစ်နိုင်ပါတယ်။ Nested virtualisation ကို support လုပ်တဲ့ဘယ် hypervisor ကိုမဆိုအသုံးပြုလို့ရပါတယ်။ နောက်ပြီး ဒီ lab မှာက nested virtualisation ဆိုပေမယ့် specs ကအများကြီးမလိုပါ။ Specs နိမ့်ရင်တော့ ကိုယ်ကနောက်ပိုင်းမှာ ဒီ lab ကိုဆက်ပြီး အသုံးပြုမယ်ဆိုရင်တောင်မှ LXD container တွေ run လို့ရနိုင်ပေမယ့်၊ VM တွေအတွက် တော်တော်လေးကို လေးပါလိမ့်မယ်။ ဒီတော့... hypervisor တခုကိုကိုယ့်စက်ပေါ်မှာ အရင်ဆုံး install လုပ်ထားဖို့လိုပါတယ်။

  • Debian 12 Bookworm ကို Xfce နဲ့လာတဲ့ ISO ကိုသူ့ရဲ့ official website ကနေ download အရင်ဆွဲရပါလိမ့်မယ်။ Download ဆွဲရမယ့် link ကတော့ https://cdimage.debian.org/debian-cd/current-live/amd64/iso-hybrid/debian-live-12.6.0-amd64-xfce.iso ဖြစ်ပါတယ်။ ကိုယ်က PC/Laptop တခုကိုအသုံးပြုရင်တော့ bootable USB လုပ်ဖို့အတွက် USB drive တခုနဲ့ Etcher လိုမျိုး software တခုလိုပါတယ်။

Debian 12 Installation

Debian ကို install မလုပ်ဘူးရင် မျက်စိနည်းနည်းလည်နိုင်ပေမယ့်၊ အောက်မှာဖော်ပြထားတဲ့ အဆင့်တွေက ရှုပ်ထွေးလွန်းလှတာတော့ မဟုတ်ပါ။ Installation အတွက် အောက်ကအဆင့်တွေတခုချင်းစီလုပ်သွားပေးလိုက်ရုံပါပဲ။

  • Virtualbox ပေါ်မှာ ကိုယ့် VM ကိုအောက်က specs အတိုင်းအရင်ဆုံဖန်တီးလိုက်ပါ။ Debian 12 ISO ကိုလည်း installation အတွက် အဲ့ဒီ VM ပေါ်မှာတခါတည်း mount လုပ်ထားလိုက်ပါ။ ဒါ့အပြင် nested virtualisation run မှာဖြစ်တဲ့အတွက် Settings > System > Processor > Extended Features > Enable Nested VT-x/AMD-V ဆိုတဲ့ option ကို tick လုပ်ပေးထားဖို့လိုပါတယ်။ Base Memory: 4096 MB (4 GB) Processors: 2 CPUs Disk Capacity: 30 GB

  • Boot တက်လာပြီးနောက် GRUB ရဲ့ Boot menu screen ပြတဲ့အခါမှာ "Start installer" ဆိုတဲ့ option ကိုရွေးလိုက်ပါ။

  • Select a language မှာကိုယ်ကြိုက်တဲ့ language တခုကိုရွေးပေးလိုက်ပါ။

  • Select your location မှာလည်းကိုယ်နေထိုင်တဲ့နိုင်ငံကို ရွေးပေးလိုက်ပါ။

  • Configure the keyboard မှာ "American English" ကိုရွေးရပါလိမ့်မယ်။ ဒါမှမဟုတ်ပဲ "Burmese" ကိုရွေးမယ်ဆိုလည်းဖြစ်ပါတယ်။

  • လိုအပ်တဲ့ hardware component တွေကို detect လုပ်ပါလိမ့်မယ်။

  • Hostname မှတော့ "debian" ဆိုပြီးပဲ စာရေးသူ အလွယ်ထည့်လိုက်ပါတယ်။

  • Domain name မှ ဘာမှမထည့်ပဲဆက်ပြီးသွားလို့ရပါတယ်။ ကိုယ်သုံးချင်တဲ့ domain ရှိတယ်ဆိုရင်တော့ ဒီမှာထည့်ပေးရပါလိမ့်မယ်။

  • နောက်အဆင့်မှာ root password ကို setup လုပ်ရပါ့မယ်။ strong ဖြစ်တဲ့ password ကိုထည့်ပေးပြီး ဆက်သွားလိုက်ပါ။

  • ပြီးရင် non-administrative user account တခုကို ဖန်းတီးဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကိုထည့်၊ password ကို setup လုပ်ပြီး ဆက်သွားလိုက်ပါ။

  • နောက်တခုမှာ ကိုယ်နဲ့ သင့်တော်မယ့် state သို့မဟုတ် province တခုကို system clock ကို configure လုပ်ဖို့အတွက်ထည့်ပေးပါ။

  • Partition disks မှာတော့ "Guided - use entire disk and set up encrypted LVM" ဆိုတဲ့ option ကိုရွေးပေးလိုက်ပါ။ စာရေးသူက vanilla Proxmox installation မှာ customise လုပ်လို့မရတဲ့ full disk encryption ကိုအခု Debian 12 မှာအသုံးပြုချင်လို့ ဒီ option ကိုရွေးချယ်တာဖြစ်ပါတယ်။

  • ကိုယ်သုံးမယ့် disk ကိုရွေးချယ်ပေးလိုက်ပြီး ဆက်သွားပေးလိုက်ပါ။

  • Partitioning scheme မှာ "All files in one partition (recommended for new users)" ဆိုတဲ့ option ကိုရွေးပေးလိုက်ပါ။

  • Write the changes to disks and configure LVM? ဆိုတဲ့ နေရာမှ Yes လို့ပြောပြီးဆက်သွားပါ။

  • ဒါဆိုရင်တော့ disk partition အတွက်လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို စတင်ပါလိမ့်မယ်။

  • လိုအပ်တဲ့ partitioning တွေလုပ်ပြီးသွားရင် encryption passphrase ကိုထည့်ခိုင်းပါလိမ့်မယ်။ ကိုယ်သုံးချင်တဲ့ passphrase ကိုထည့်ပေးလိုက်ပြီး ဆက်သွားလိုက်ပါ။

  • နောက်တဆင့် "Amount of volume group to use for guided partitioning" မှာ ကိုယ်နဲ့ကိုက်မယ့် size ကိုထည့်ပေးပါ။ ဥပမာ - ကိုယ့် VM မှာက 30 GB ရှိတယ်ဆိုရင် ဒီနေရာမှာ 20 GB လောက်ထည့်ပေးလိုက်ရင်၊ ကျန်တဲ့ 10 GB က Proxmox အတွက်ဖြစ်လာမှာပါ။

  • ပြီးရင်တော့ "Finish partitioning and write changes to disk" ဆိုတဲ့ option ကိုရွေးပေးပြီး ဆက်သွားလိုက်ပါ။

  • Confirm လုပ်ဖို့အတွက် "Write the changes to disks?" ဆိုတာနေရာမှာ Yes ဆိုပြီးဆက်သွားလိုက်ပါ။

  • အခုဆိုရင်တော့ Debian 12 installation စတင်ပါပြီ။

  • Installation ပြီးသွားအခါမှာ "Use a network mirror?" ဆိုတဲ့နေရာမှာ Yes လို့ရွေးပြီးဆက်သွားလိုက်ပါ။ ပြီးရင်ကိုယ်နဲ့ သင့်တော်မယ့် နေရာနဲ့ repository ကိုရွေးလိုက်ပြီးဆက်သွားပါ။

  • GRUB အတွက် "Install the GRUB boot loader to your primary drive?" မှာ Yes လို့ရွေးပါ။ ပြီးရင်ကိုယ့်ရဲ့ disk ကိုရွေးချယ်ပေးပြီး ဆက်သွားပါ။

  • အားလုံးပြီးသွားရင် reboot လုပ်ပေးဖို့လိုပါလိမ့်မယ်။

  • reboot လုပ်ပြီးသွားရင် boot အတက်မှာ GRUB boot menu နဲ့ပြန်စပါလိမ့်မယ်။ ပြီးတော့မှ "Please unlock disk sda5_crypt:" ဆိုတဲ့ prompt ပေါ်လာတာအခါမှာ installation လုပ်တုန်းထည့်ထားတဲ့ encryption passphrase ကိုရိုက်ထည့်ပြီး disk ကို unlock လုပ်ရပါ့မယ်။ Boot menu ပြပြီးကာမှ disk unlock လုပ်ဖို့ screen ပြတယ်ဆိုတာကို သတိထားမိမှဖြစ်ပါတယ်။ Full disk encryption လိုဆိုပေမယ့်လည်း boot disk ကို encrypt မလုပ်တာကို တွေ့ရမှာဖြစ်ပါတယ်။ Boot disk ပေါ်မှာ လုံခြုံရေးအတွက် စိုးရိမ်စရာ ဘယ်လို file မျိုးမှမရှိနိုင်ပါ။ ဒါကြောင့်... encrypt လုပ်စရာမလိုပါဘူး။ Boot disk ကို encrypt လုပ်ချင်ရင် လုပ်လို့ရတဲ့ နည်းတွေရှိပါတယ်။ LUKS version 2 ကနေ LUKS version 1 ကို downgrade လုပ်ပြီးမှ boot disk ကို encrypt လုပ်ရမှမို့ စာရေးသူ အနေနဲ့ သဘောမတွေ့ပါ။

  • Debian 12 ရဲ့ login မှာ root account နဲ့ ဝင်လိုက်ပါ။ သမန်ရိုးကျမှာတော့ root account နဲ့ system ထဲကို login ဝင်တာကို အားမပေးပါဘူး။ သို့သော်... နောက်အဆင့်မှာ Proxmox ကိုဆက်ပြီး install လုပ်မှမို့ root နဲ့ login ဝင်ရတာဖြစ်ပါတယ်။

  • Virtualbox ကိုသုံးတယ်ဆိုရင် Virtualbox Guest Additions ကို install လုပ်ရပါ့မယ်။ Virtualbox VM ရဲ့ Devices > Insert Guest Additions CD image... လုပ်ပြီး virtual CDROM ကို mount လုပ်လိုက်ပါ။ Mount လုပ်ထားတဲ့ directory ထဲမှာဖော်ပြပါ command ကို terminal နဲ့ဝင်ပြီး run လိုက်ပါ။ root@debian:/media/cdrom0# sudo sh ./VBoxLinuxAdditions.run

  • Reboot နောက်တခါလုပ်လိုက်ပါ။ ဒါဆိုရင်တော့ Virtualbox မှာသုံးလို့ display နဲ့ clipboard settings တွေကိုစတင် အသုံးပြုနိုင်ပါပြီ။

Proxmox 8 installation on Debian 12

Proxmox ရဲ့ official documentation ဖြစ်တဲ့ https://pve.proxmox.com/wiki/Install_Proxmox_VE_on_Debian_12_Bookworm link မှာဘယ်လို install လုပ်လို့ရနိုင်သလဲဆိုတာရှင်းပြထားပါတယ်။ အဲ့ဒီ steps တွေကိုပဲပြန်ကိုးကားပြီး အောက်မှပြန်ရှင်းထားဖြစ်ပါတယ်။ တခါတလေ Proxmox documentation ကပြည့်ပြည့်စုံစုံ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမျိုး မရှိတဲ့အတွက် Proxmox ကို စပြီးအသုံးပြုသူတွေအတွက် အနည်းနည်းငယ် ရှုပ်ထွေးစေပါတယ်။

  • ပထမဆုံးနဲ့ အရေးအကြီးဆုံးအနေနဲ့လုပ်ရမှာက DNS resolution ပါ။ ဒီအဆင့်ကိုကျော်ရင် Proxmox ကို install လုပ်ပြီးအခါမှာ WebUI ကို access လုပ်လို့မရတဲ့ ပြဿနာဖြစ်ပါလိမ့်မယ်။ Hostname နဲ့ လက်ရှိ VM ရဲ့ IP address ကို /etc/hosts မှာသွားထည့်ပေးရပါ့မယ်။ Proxmox ရဲ့ documentation မှာ static IP address ကိုအသုံးပြုဖို့ recommend လုပ်ပါတယ်။ Virtualbox မှာ default network settings က NAT ဖြစ်ပြီး၊ DHCP ကနေ VM ကို dynamic IP address ကို assign လုပ်ပါတယ်။ Isolated NAT ဖြစ်တဲ့အတွက် နောက် VM တခုကိုဖန်တီးတဲ့အခါမှာလည်း 10.0.2.15 ဆိုတဲ့ IP address ကိုပဲ assign ထပ်လုပ်တာကိုတွေ့ရမှာပါ။ ဒီ့အတွက် static IP address ကို assign လုပ်စရာမလိုပါဘူး။ Virtualbox ကိုမသုံးပဲ PC/Laptop hardware ကိုအသုံးပြုတယ်ဆိုရင်တော့ static IP address လုပ်တာပိုအဆင်ပြေပါလိမ့်မယ်။

# edit /etc/hosts for name resolution
root@debian:~# vi /etc/hosts
127.0.0.1	localhost
10.0.2.15	debian

# The following lines are desirable for IPv6 capable hosts
::1     localhost ip6-localhost ip6-loopback
ff02::1 ip6-allnodes
ff02::2 ip6-allrouters

# verify if the change applied to name resolution
root@debian:~# hostname --ip-address
10.0.2.15
  • ပြီးရင်တော့ အောက်မှာဖော်ပြပေးထားတဲ့ command တွေကို တခုချင်းစီရိုက်ထည့်ပေးလိုက်ရုံပါပဲ။

# add the Proxmox VE repository
echo "deb [arch=amd64] http://download.proxmox.com/debian/pve bookworm pve-no-subscription" > /etc/apt/sources.list.d/pve-install-repo.list

# install wget required for next step
apt install wget -y

# add the Proxmox VE repository key as root
wget https://enterprise.proxmox.com/debian/proxmox-release-bookworm.gpg -O /etc/apt/trusted.gpg.d/proxmox-release-bookworm.gpg

# update the repository and system
apt update && apt full-upgrade -y

# install the Proxmox VE kernel and reboot
apt install proxmox-default-kernel -y
systemctl reboot

# install the Proxmox VE packages
apt install proxmox-ve postfix open-iscsi chrony -y

# Proxmox VE ships its own kernel and keeping the Debian default kernel can lead to trouble on upgrades, for example, with Debian point releases. Therefore, you must remove the default Debian kernel.
apt remove linux-image-amd64 'linux-image-6.1*' -y

# update and check grub2 config
update-grub

# if you didn't install Proxmox VE as dual boot beside another OS, you can safely remove the os-prober package.
apt remove os-prober -y
  • အထက်မှာဖော်ပြပေးထားတဲ့ အဆင့်တွေအကုန်ပြီးသွားရင် web browser ကနေ https://debian:8008 သို့မဟုတ် https://localhost:8006 ကို access လုပ်လို့ရနိုင်ပါလိမ့်မယ်။ WebUI မှာ root account နဲ့ပဲ login ဝင်လိုက်ပါ။

  • Login ဝင်ပြီးရင် local (debian) ဆိုတဲ့ storage တခုတည်းကိုတွေ့ရမှာဖြစ်ပါတယ်။ အခုဆိုရင် Proxmox VE မှာလုပ်စရာနှစ်ခုရှိပါတယ်။

    • Network configuration အတွက် vmbr0 တခုကိုဖန်တီးပေးရပါ့မယ်။

      • Host ရဲ့ System > Network မှာလက်ရှိ virtual NIC ကိုရွေးပြီး remove အရင်လုပ်လိုက်ပါ။

      • Linux Bridge အသစ်တခု အောက်ပါ အချက်အလက်တွေနဲ့ ပြန်ပြီး configure လုပ်ပေးလိုက်ပါ။

        • Name: vmbr0

        • IPv4/CIDR: 10.0.2.15/24

        • Gateway (IPv4): 10.0.2.2

        • Bridge ports: enp0s3 (ဒီနေရာမှာ ကိုယ့်သုံးတဲ့ NIC ရဲ့နာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်။)

    • နောက်တဆင့်မှာ Apply Configuration ဆိုပြီး အထက်မှာကိုယ်ပြောင်းထားတဲ့ changes တွေကို apply လုပ်ရပါ့မယ်။

    • Storage configuration အတွက် local-lvm တခုကိုပေါင်းထည့်ရပါ့မယ်။

      • Server view မှာ Datacenter > Storage > Add > LVM မှာ local-lvm ဆိုတဲ့နာမည်နဲ့ LVM အသစ်ပေါင်း ထည့်ပေးရပါ့မယ်။

အခုဆိုရင် Proxmox 8 ကို Debian 12 ပေါ်မှာကိုယ်ကြိုက်တဲ့ customisation တွေနဲ့ install လုပ်လို့ပြီးပါပြီ။ အဆင့်တွေများပေမယ့်လည်း အရမ်းတော့လည်း မခက်ခဲလှပါဘူး။ သာမန် Proxmox ကို install လုပ်တာနဲ့တော့ တော်တော်လေးကွာခြားတာကိုတွေ့ရမှာဖြစ်ပါတယ်။

PreviousKVM မှာ virtual disk တွေကို ဘယ်လို resize လုပ်လို့ရသလဲNextPromox ပေါ်မှာ VM template တွေကို cloud-init သုံးပြီး ဖန်တီးပုံ

Last updated 22 days ago

Was this helpful?

☁️
Page cover image
Network configuration
Storage configuration