> For the complete documentation index, see [llms.txt](https://my.itmatic101.com/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://my.itmatic101.com/linuxbsd/gnu-gpl-part1.md).

# Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၁)

Linux အကြောင်းတွေ Linux kernel အကြောင်းတွေ Linux distribution အကြောင်းတွေ ပြောတဲ့အခါမှာ မပါမဖြစ် အကြောင်းအရာ တစ်ခုက GNU Genera Public License (GNU GPL) ဆိုတဲ့ Linux kernel ကယူသုံးထားတဲ့ license ဖြစ်ပါတယ်။ GNU GPL အကြောင်းပြောပြန်တော့ GNU Project နဲ့ အဲ့ဒီ GNU Project ကိုစခဲ့တဲ့ Richard Stallman (နာမည် အပြည့်အစုံ ကတော့ Richard Matthew Stallman တချို့ကလည်း အတိုကောက် RMS လို့ခေါ်ကြပါတယ်။) ကလည်း မပါမပြီးဖြစ်လို့သူအကြောင်းလည်း နည်းနည်း ပြောပြချင်ပါတယ်။ Richard Stallman ကို အမေရိကန်နိုင်ငံ ရဲ့ Software Freedom Activist တစ်ယောက် အနေနဲ့ လူသိများပါတယ်။ သူဟာ programmer တစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ အသက် ၆၃ နှစ်ရှိပါပြီ။ သူ့ရဲ့ အတွေးအခေါ် အယူအဆတွေက GNU Project အစပိုင်းတုန်းက အမေရိကမှာလူတွေတော်တော် ကြိုက်ပြီးလိုက်လုပ်ကြတဲ့ Gypsy ဆိုတဲ့ လူနေမူပုံစံထဲ ထွက်ရှိလာတယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံမှာတောင် ဇော်ဝင်းထွဋ် ရဲ့ ဂျစ်စီမိုးတိမ် ဆိုပြီးသီချင်းတွေတောင်ထွက်ခဲ့သေးပါသေးတယ်။ အဲ့ဒီ Gypsy တွေဟာ လွတ်လပ်စွာ နေထိုင်သွားလာပြီး လွတ်လပ်စွာ တွေးခေါ်တတ်လို့ လူငယ်တွေ တော်တော်ကြိုက်ခဲ့ကြပါတယ်။ ဒီလိုပါပဲ Richard Stallman (RMS) ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကလည်း အဲ့ဒီလွတ်လပ်ခြင်း ဆိုတဲ့ အရာကိုတော်တော်လေး မြတ်နိုးရုံသာမက ရှေ့တန်းကနေ တိုက်ပွဲဝင်ပြီး software တွေ application တွေကို ပိုက်ဆံယူ ရောင်းနေတဲ့ Microsoft လိုကုမ္ပဏီကြီးတွေနဲ့လည်း အကြီးအကျယ် အခြေအတင်ဖြစ်ခဲ့တဲ့အထိကိုဖြစ်ခဲ့ရပါတယ်။

<figure><img src="/files/rAYbvb8VF7V2Jb31DAwL" alt=""><figcaption></figcaption></figure>

<figure><img src="/files/YzOD5WP76Cl7OtBG160D" alt=""><figcaption></figcaption></figure>

မှတ်တမ်းတင် ဗီဒီယိုတစ်ခုမှာ Richard Stallman က GNU Project ဖြစ်လာပုံကို ရှင်းပြပါတယ်။ သူက MIT မှာ အဲ့ဒီ အချိန်က research လုပ်နေတဲ့ အချိန်တုန်းက တခြားလူတွေက Lab ထဲက ကွန်ပြူတာတွေကို ရှေ့လူတွေက အသုံးပြုပြီးရင် password ထည့်ပြီး နောက်လူတွေ သုံးမရအောင်လုပ်ခဲ့တဲ့အတွက် သူကတော်တော်လေး အချဉ်ပေါက်ခဲ့ပါတယ်။ ကွန်ပြူတာသုံးမယ်ဆိုပြီး Lab ထဲကိုလာလိုက်ရင် ကွန်ပြူတာတွေက password တွေနဲ့မို့သုံးလို့ မရဖြစ်ခဲ့ရပါတယ်။ အဲ့ဒီလိုမျိုး ဖြစ်တာကို သူကလုံးဝလက်မခံခဲ့ပါဘူး။ အဲ့ဒီတော့ သူက code လေးတစ်ခုရေးပြီး Lab ထဲက ကွန်ပြူတာတွေပေါ်မှာ password နဲ့ ပိတ်ထားလို့မရအောင်လို့လုပ်လိုက်ပါတော့တယ်။ အဲ့ဒီ အချိန်က ကွန်ပြူတာဆိုတာ လက်တစ်ဆုပ်စာ လူတစ်စုကတာ သုံးနိုင်သေးတာမို့သူ အချဉ်ပေါက်တယ်ဆိုလည်း ပေါက်ချင်စရာပါ။ နောက်ပိုင်းမှာ သူကအဲ့ဒါလေးကို အခြေခံပြီးတော့ GNU Project တို့Free Software Foundation (FSF) တို့ကိုစတင်လုပ်ဆောင်ခဲ့ပါတယ်။ Microsoft ကစျေးကြီးလွန်းတဲ့ အိမ်သုံးကွန်ပြူတာတွေအတွက်ထုတ်တဲ့ Windows ကိုလည်း သူကဝေဖန်ခဲ့ပါတယ်။ သိကြပြီးတဲ့အတိုင်း Microsoft က closed source ပါ။ software တွေ application တွေကို ဘယ်လိုမျိုးရေးထားလဲဆိုတာကို မသိရပါဘူး။ ပေးလည်း မပြင်ပါဘူး။ Microsoft က software တွေကို copyright လုပ်ထားပြီး လိုရင်သုံးဖို့support ကို ပိုက်ဆံယူပြီးရောင်းပါတယ်။ အဲ့ဒီတော့ Microsoft သုံးတဲ့သူက software license နဲ့ support ပါဝယ်ယူရတဲ့ သဘောဖြစ်ပါတယ်။ အဲ့ဒါကြောင့်စျေးကလည်း အရမ်းကြီးပါတယ်။ နောက်ပြီး Microsoft License ကို ဝယ်တဲ့သူက နောက်တစ်ယောက်ကို ပြန်ပြီးပေးသုံးလို့ မရပါဘူး။ Terms and Conditions (T\&C) အရ software license ကိုဝယ်တယ်ဆိုတာနဲ့အဲ့ဒီ software ကိုမပိုင်သွားပါဘူး။ Microsoft ကသာပိုင်ပါတယ်။ အသုံးပြူသူက အသုံးပြုခွင့် license ကိုဝယ်လိုက်ခြင်းသာ ဖြစ်ပါတယ်။ များသောအားဖြစ်တော့ Microsoft Windows တွေကို install လုပ်တဲ့ အချိန်မှာ T\&C ကိုဘယ်သူကမှ မဖတ်ပါဘူး။ တောက်လျှောက် Next ကိုသာနှိပ်ပြီးတော့ ခပ်မြန်မြန်လေး installation ပြီးသွားအောင်သာ လုပ်လေ့ရှိလို့အသုံးပြုသူတွေက software license မှာပါတဲ့ အချက်လေးတွေကို ဂရုမထားမိကြပါဘူး။ ဖတ်မယ်ဆိုရင်းလည်း ၁ ရက်လောက်တော့ အချိန်ပေးရမယ်ထင်ပါတယ်။

Richard Stallman ကတော့ software ဆိုတာမျိုးက အလကားဖြစ်သင့်တယ် အလကားသင်ယူခွင့်ရသင့်တယ် ကြိုက်သလိုပြင်ဆင်နိုင်ဖို့Open Source code ဖြစ်သင့်တယ်ဆိုပြီး GNU project ကိုစတင်ခဲ့ပါတယ်။ GNU ရဲ့ အဓိပ္ပာယ်ကတော့ “GNU’s Not Unix”၊ GNU ဆိုတာ Unix မဟုတ်ဘူးဆိုပြီး ဘာသာပြန်ရမယ်ထင်ပါတယ်။ Recursive ဆိုတဲ့ဟာလေးကို သူ့ရဲ့နာမည်မှည့်ပုံလေးမှာထည့်ထားပါတယ်။ Programmer တွေဆိုရင်တော့ recursive ဆိုတာကောင်းကောင်းသိပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ Programming Technique တစ်ခုလည်းဖြစ်ပါတယ်။ ပြောချင်တာကတော့ GNU’s Not Unix ရဲ့ အတိုကောက်က GNU ဖြစ်ပါတယ်။ Recursive ကို မြန်မာလို ဥပမာတစ်ခု ပေးရရင်တော့ အိပ်မက်ထဲမှာ အိပ်မက် မက်တဲ့အကြောင်း အိပ်မက် မက်တယ်ဆိုတာမျိုးပေါ့ဗျာ။ Leonardo ရဲ့ Inception ရုပ်ရှင်ထဲမှာလိုပေါ့။ Richard Stallman နဲ့ အဖွဲ့ဟာ GNU Project မှာ Unix နဲ့ ဆင်တူတဲ့ kernel တစ်ခုကိုရေးပါတယ်။ Unix ကတော့ closed source ပါ။ အဲ့ဒီတော့ GNU ဟာ Unix ကနေ ဆင်းသက်လာတဲ့လို့ပြောလို့မရပါဘူး။ GNU ဟာ Unix မဟုတ်ပါဘူးတဲ့ Unix နဲ့ ခပ်ဆင်ဆင်တူအောင်ရေးထားတဲ့ kernel ပါတဲ့ဗျာ။ အဲ့ဒါကြောင့် GNU နဲ့ GNU/Linux ကို Unix alike လို့ပဲသုံးပါတယ်။ Unix derived လို့ မသုံးပါဘူး။ အဲ့ဒီနှစ်ခုက အဓိပ္ပာယ်မတူပါဘူး။ ထားပါတော့ GNU အကြောင်းက GNU GPL အကြောင်းနည်းနည်း ပြောရအောင်ပါ။

<figure><img src="/files/MbkvWKC0xB683oDfjPL3" alt=""><figcaption></figcaption></figure>

GNU GPL ဆိုတာကတော့ အဲ့ဒီ GNU ကို ကာကွယ်ဖို့ထုတ်ပြန်လိုက်တဲ့ license တမျိုး လို့ဆိုရမှာပါ။ နောက်ပိုင်း မှာတော့ GNU GPL ကို software project တွေမှာ သာမက တခြား project တွေမှာပါယူသုံးကြပါတယ်။ GNU GPL ရဲ့ philosophy ကတော့ Copyleft ပါတဲ့ဗျာ။ Copyright ရဲ့ ပြောင်းပြန်ပေါ့။ Richard Stallman ကတော့ Copyleft ကို Copyright လုပ်ထားတယ်လို့ ပြောလေ့ရှိပါတယ်။ တော်တော်လည်းနောက်တဲ့သူပါလေ။ မနည်းနားလည်အောင်သာကြိုးစားပေတော့ ဒီစာကိုဖတ်ရင်း။ GNU GPL ကလည်း လက်ရှိအချိန်ထိဆို version ၃ခုရှိပါတယ်။ ပထမ version ကို ၂၅ရက်နေ့ ဖေဖဝါရီလ ၁၉၈၉ခုနှစ်မှာ စပြီးတော့ Richard Stallman ကမိတ်ဆက် ပေးခဲ့ပါတယ်။ GNU GPL ရဲ့ version တွေ အကြောင်းကိုနောက် တပိုင်းမှာ အသေးစိတ်ထပ်ရေးသွားပါ့မယ်။ အခုလောက်ဆိုရင်တော့ GNU GPL အကြောင်း နည်းနည်းတော့ ရိပ်စားမိမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံက developer တွေလည်း နောက်ပိုင်းမှာ GNU GPL ကိုသုံးလာတာ လည်းတွေ့ရပါတယ်။ GNU GPL version တစ်ခုစီမှာ ဘာတွေကိုပြောထားလဲ တစ်ခုနဲ့ တစ်ခုဘာတွေ ကွာခြားလည်းဆိုတာကို နောက်အပိုင်းတွေမှာ ထည့်ပြောသွားပေးပါ့မယ်။

**စကားချပ်**

လက်ရှိ GNU GPL က GNU GPL version 3 ဖြစ်ပါတယ်။ Linux kernel ရဲ့ god လို့တင်စားခံရတဲ့ Linus Torvalds ကတော့ GNU GPL version 3 ကတချို့အချက်တွေမှ သဘောထားကွဲလွဲမှု ရှိပြီးတော့ သူ့ Linux kernel ကို GNU GPL version 2 နဲ့ပဲ register လုပ်ထားပါတယ်။ နောက်တပိုင်းမှာ အသေးစိတ်ထပ် ဖြည့်ပြီးပြောသွားပေးပါ့မယ်။


---

# Agent Instructions
This documentation is published with GitBook. GitBook is the documentation platform designed so that both humans and AI agents can read, navigate, and reason over technical content effectively. Learn more at gitbook.com.

## Querying This Documentation
If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://my.itmatic101.com/linuxbsd/gnu-gpl-part1.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
