💻
ITmatic101 - MY
  • ITmatic101 - နည်းပညာဆိုင်ရာ Blog
  • ☕Linux/BSD
    • Linux distro-hopper ခရီးကြမ်း
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၂)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၃)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၄)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၅)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၆)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၇)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၈)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၉)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁၀)
    • Manjaro Linux အကြောင်းတစေ့တစောင်း
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၁)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၂)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၃)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၄)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၅)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၁)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၂)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၁)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၂)
    • Ubuntu မှာအလုပ်ဖြစ်သော tool နဲ့ application (၁၀) ခုအကြောင်း
    • Docker မိတ်ဆက် အပိုင်း(၁)
    • Docker မိတ်ဆက် အပိုင်း(၂)
    • Docker မိတ်ဆက် အပိုင်း(၃)
    • GNU/Linux ကိုဘာလို့ ပြောင်းသုံးသင့်သလဲ
    • GNU/Linux မှာသုံးတဲ့ CLI ကိုဘယ်လိုခေါ်ကြသလဲ
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၁)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၂)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၃)
    • ပြတိုက်ထဲက SysVinit အကြောင်း
    • Open source သင်ခန်းစာများ အပိုင်း(၁)
    • Open source သင်ခန်းစာများ အပိုင်း(၂)
    • လေထုညစ်ညမ်းစပြုလာတဲ့ Linux ရဲ့ Ecosystem
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၁)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၂)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၃)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၄)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၅)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၁)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၂)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၃)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၄)
    • Open Source ကောက်ကြောင်း – အပိုင်း(၁)
    • Open Source ကောက်ကြောင်း – အပိုင်း( ၂)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၁)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၂)
    • SELinux မိတ်ဆက်
    • Open Source Licenses များအကြောင်း – အပိုင်း (၁)
    • Open Source Licenses များအကြောင်း – အပိုင်း (၂)
    • Keepalived မိတ်ဆက် – အပိုင်း (၁)
    • Keepalived မိတ်ဆက် – အပိုင်း (၂)
    • Linux မှာ package manager တွေကိုဘယ်လိုအသုံးပြုသလဲ
  • 🚀Automation
    • Chef မိတ်ဆက် အပိုင်း(၁)
    • Wireguard ရဲ့ automated workflow
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၁)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၂)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၃)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၄)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၁)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၂)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၃)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၁)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၂)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၁)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၂)
    • Kickstart ကိုအသုံးပြုပြီး Custom ISO တွေဖန်တီးပုံ
  • ⚙️Networking
    • အဘယ့်ကြောင့် GNS3
    • ZeroTier မိတ်ဆက်
    • WireGuard အကြောင်းသိကောင်းစရာ
    • Linode VPS မှာကိုယ်ပိုင် Wireguard VPN server တစ်ခုတည်ဆောက်ပုံ
    • အဘယ်ကြောင့် MikroTik
    • VRRP ကို MikroTik မှာ setup လုပ်ပုံ
  • ☁️Virtualisation and Cloud
    • KVM မှာ virtual disk တွေကို ဘယ်လို resize လုပ်လို့ရသလဲ
    • Debian 12 ပေါ်တွင် Proxmox 8 ကိုဘယ်လို integrate လုပ်သလဲ
    • Promox ပေါ်မှာ VM template တွေကို cloud-init သုံးပြီး ဖန်တီးပုံ
    • Custom LXD container templates များကိုဘယ်လို import လုပ်သလဲ
    • Cloud ဆိုသည်မှာ
  • 🍒others
    • Git အကြောင်းသိကောင်းစရာ
    • Home Lab ရှိခြင်း အနုပညာ
    • ကိုယ့်လုံခြုံရေးအတွက် အသုံးပြုသင့်တဲ့ toolkit လေးများ
    • SSH Tunneling အကြောင်းသိကောင်းစရာ
    • အခြေခံ SSH workflow များ
    • SSH Certificate Based Authentication အကြောင်းတစေ့တစောင်း
    • နေ့စဉ်သုံး စိတ်ကြိုက် Application/Software လေးများ
    • Keyboard Size တွေအကြောင်းသိသမျှ
    • သက္ကရာဇ်၂၀၂၀ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • သက္ကရာဇ်၂၀၂၁ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၁)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၂)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၃)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၄)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၅)
    • အင်တာနက်မြန်မာစာ ယူနီကုဒ်ဇော်ဂျီ ပြဿနာ
    • CyanogenMod မိတ်ဆက် အပိုင်း(၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၂)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၃)
  • 💀OffSec
    • ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် OpenSSL
Powered by GitBook
On this page

Was this helpful?

  1. Linux/BSD

လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁၀)

Previousလူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၉)NextManjaro Linux အကြောင်းတစေ့တစောင်း

Last updated 1 year ago

Was this helpful?

၁၀. Slackware Linux

Slackware Linux ဆိုတာကတော့ ရှေးဟောင်းအကျဆုံးနဲ့လက်ရှိအချိန်ထိ ခိုင်ခိုင်မာမာ ရပ်တည်နေတုန်းဖြစ်တဲ့ distro တစ်ခုဖြစ်ပါတယ်။ Slackware ကိုတော့ Patrick Volkerding ဆိုတဲ့ Computer Science သင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်က ၁၉၉၂ခုနှစ်မှာ စတင်လိုက်တာပါ။ စလုပ်တုန်းကတော့ သူ့ရဲ့ရည်ရွယ်ချက်က Slackware ဆိုတဲ့ distro ကိုရေးဖို့မဟုတ်ပါဘူး။ ကျောင်းမှာ project တစ်ခုကိုသူ့ရဲ့ professor ကအလုပ်ခိုင်းရင်းနဲ့ဖြစ်လာတဲ့ distro ပါ။ အဲ့ဒီ အချိန်တုန်းက GNU/Linux ရဲ့distro တွေမှာရွေးစရာမရှိသလို အိမ်သုံး PC ဆိုတာမျိုးကလည်း အရမ်းကြီးခေတ် မစားသေးပါဘူး။ စျေးတွေကလည်း ကြီးနေတုန်းပါ။ Softlanding Linux System (SLS) ဆိုတဲ့ distro ကို Linux သမားတော်တော်များသုံးကျပုံရပါတယ်။ Patrick Volkerding ကလည်း သူ့ကျောင်း project အတွက် SLS ကိုသုံးပြီး professor နဲ့လိုအပ်တာတွေကို ပြင်ဆင်ရေးနေတဲ့ အချိန်မှာပါပဲ အမှတ်မထင် သူ့ရဲ့ပြင်ဆင်ချက်တွေက အိမ်သုံး PC တွေ ကျောင်းက PC တွေမှာအလွယ်ကူဆုံး install နဲ့configure လုပ်လို့ရမယ့် bug fix တွေဖြစ်လာပါတယ်။ သူကိုယ်တိုင်လည်း အဲ့ဒီပြင်ဆင်ချက်တွေဟာ သူ့ကျောင်း project အတွက်သာပြင်ဆင်ထားပြီး အပြင်မှာအသုံးပြုလို့ရလောက်အောင် မကောင်းနိုင်ဘူးလို့ပဲ ယူဆထားခဲ့ပါတယ်။ SLS ကနောက်ထွက်မဲ့ release မှာသူပြင်ထားသလောက်တော့ bug fix တွေပါမယ်၊ dependencies ကိုအဆင်ပြေအောင်ပြင်ဆင်ပေး လာလိမ့်မယ်လို့သူ ထင်ခဲ့ပါတယ်။ အဲ့ဒီတော့ သူ့ရဲ့ ပြင်ထားတဲ့ code ကို public ကိုမပေးသေးပဲ နောက်ထွက်မယ့် SLS release ကိုစောင့်နေခဲ့ပါတယ်။ လက်တွေမှာတော့ SLS ရဲ့ နောက် release မှာလည်း ထင်ထားသလို ဖြစ်မလာပါဘူး။ သူ version ကတောင် ပိုကောင်းနေသေးတဲ့ အတွက် Patrick Volkerding တစ်ယောက် သူ့သူငယ်ချင်းတစ်ယောက်ရဲ့ တိုက်တွန်းချက်ကြောင့် source code ကို public ကို ချပြဖို့အကြောင်းဖြစ်လာပါတော့တယ်။ အဲ့ဒါကြောင့် သူ့ကျောင်းရဲ့ FTP server ပေါ်မှာတင်ပေးလိုက်တာ download ဆွဲတဲ့ လူတွေက များလွန်းလို့server တောင် crash ဖြစ်လွန်းလို့FTP ကို upgrade လုပ်ရတဲ့ အထိဖြစ်လာပါတော့တယ်။ SLS ကြောင့်ပဲ Ian Murdock တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ Debian project ကိုစဖြစ်သွားတာပါ။ အဲ့ဒီတော့ SLS ကိုအဆိုးထဲကအကောင်း ပြန်ရှာတော့ SLS ကြောင့် Slackware လို့solid ဖြစ်တဲ့ distro ထွက်လာတယ်။ သူ့ကြောင့်ပဲ Debian ဖြစ်လာတယ်လို့တောင်ဆိုလို့ရပါတယ်။ နောက်ပိုင်းမှာ SLS ကလုံးဝကို ပျောက်သွားပါတော့တယ်။ Slackware ကတော့ အခုထိတိုင်အောင် ရှေ့ရိုးမပျက် Unix-like ပုံစံကို ဆက်လက်ထိမ်းထားဆဲပါ။ SUSE Linux နဲ့openSUSE distro တွေကတော့ Slackware ကို အခြေခံပြီးပြန်ရေးထားတဲ့ နာမည်ကြီး distro တွေဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ Slackware ကသူ့ရဲ့ release ကို ဂရုတစိုက် ပုံမှန်လိုက်ထုတ်တာ မဟုတ်တာကြောင့် Linux သမားတွေက Red Hat ထွက်လာတဲ့ အချိန်မှာ Red Hat ကိုလိုက်ကြပါတော့တယ်။ Slackware မှာတော့ အခုချိန်ထိ ဂိတ်စောင့်အနေနဲ့Patrick Volkerding ကရှိနေဆဲပါ။ သူကပဲ Slackware အတွက် ဆုံးဖြတ်ချက်တော်တော်များကို ချနေရတုန်းပါ။ နောက်ပိုင်း install လုပ်ရတာကော အသုံးပြုရတာလွယ်တဲ့ distro တွေထွက်လာတဲ့အချိန်မှာတော့ Slackware က desktop မှာတော့ သိပ်ပြီးလူမသုံးတော့တဲ့ distro တစ်ခုဖြစ်လာပါတယ်။ Server တွေအတွက်တော့ Slackware ကိုတချို့နေရာတွေမှာတွေ့နေရဆဲပါ။ သို့သော်လည်း Debian တို့CentOS တို့server မှာကောင်းပြီးနာမည်ရလာတဲ့ distro တွေရှိလာတာကြောင့်လည်း Slackware အတွက်စျေးကွက်ကို ထိုးဖောက်ဖို့တော်တော်လေးကို ခက်လာပါတော့တယ်။

Linux သမားတွေ ပြောနေကြစကားတစ်ခုရှိပါတယ်။ Red Hat အကြောင်းသိချင်ရင် သင်ကြားချင်ရင် Red Hat ကိုသုံးပါတဲ… အဲ… Linux အကြောင်းသိချင်ရင် လေ့လာလိုရင်တော့ Slackware သုံးရမယ် လေ့လာသင့်တယ်လို့ဆိုပါတယ်။ ဟုတ်ပါတယ်… Slackware က Arch Linux လိုပဲ beginner တွေအတွက် မဟုတ်ပါဘူး။ Install လုပ်ကတည်း Unix-like တို့ရဲ့flavour ကိုအခုချိန်ထိ သုံးထားဆဲပါ။ ၂၀၀၀ခုနှစ်လောက်တုန်းကထွက်တဲ့ Slackware ရဲ့ installation လုပ်ရပုံနဲ့အခုနောက်ဆုံးထွက်တဲ့ Slackware 14.2 နဲ့ဘာမှသိပ်မကွာပါဘူး။ Graphical interface မဟုတ်ပဲ terminal command line ကနေ install လုပ်ရမှာပါ။ Arch နဲ့ philosophy ပိုင်းမှာသွားတူပါတယ်။ Keep it simple, stupid (KISS) ဆိုတဲ့ simplicity ကိုဦးစားပေးတဲ့ နေရာမှာကော Read the fucking manual (RTFM) ဆိုတဲ့နေရာမှာပါ သွားတူပါတယ်။ Slackware မှာလည်း Arch လို wiki ကောင်းကောင်းရှိပါတယ်။ Arch နဲ့ Slackware ကွာခြားချက်လေးတွေတော့အနည်းအကျဉ်းရှိပါတယ်။ ဥပမာ Arch မှာဆိုကိုယ် install လုပ်ချင်တဲ့ package နာမည်တွေနဲ့install လုပ်တဲ့ tool တွေကို command တွေကနေပြီး အကုန်ရိုက်ထည့်ဖို့သိထားရပါမယ်။ ခက်လှတယ်လို့လည်း မဟုတ်ဘာဘူး Arch ရဲ့wiki မှာ command တွေကိုဖော်ပြပေးထားပြီးသားပါ။ ကိုယ်ဘာလုပ်ချင်တာလဲ ဆိုတာသိဖို့တော့လို ပါတယ်။ Slackware ကတော့ install လုပ်တဲ့အခါမှာ command line ဆိုပေမယ့်လည်း text-based command selection တွေကို guide အနေနဲ့arrow key တွေသုံးပြီး ရွေးချယ် install လုပ်ရတဲ့ အတွက် Arch လောက်တော့ မခက်ခဲဘူးလို့စာရေးသူမြင်ပါတယ်။ သို့ပေမယ့်လည်း command တွေနဲ့ကိုယ်ဘာတွေ install လုပ်ချင်တာကိုတော့ သိရပါမယ်။ command တွေကတော့ ရိုက်ထည့်နေရတုန်းမှာဖြစ်ပါတယ်။ Slackware က Arch မှာလိုပဲ boot တက်ရင် terminal CLI အရင်ရောက်ပြီးမှာ desktop လိုချင်ရင် startx ဆိုတဲ့ command နဲ့X display driver protocol ကို run ပေးရပါတယ်။ အဲ့ဒါမှကိုယ် install လုပ်ထားတဲ့ desktop environment ကိုတက်ပေးပါတယ်။ script ရေးပြီးတော့ startup မှာ desktop ကိုတက်ချင်ရင်တော့လည်းရပါတယ်။ အခုနောက်ပိုင်းတော့ Microsoft က server တွေမှာ core ကို install လုပ်ပြီးရင် desktop လိုချင်ရင် install လုပ်ပြီး powershell ကနေ command သုံးပြီး desktop ကိုတက်တာကတော့ Unix နဲ့Linux ကပုံစံမျိုးလိုက်လုပ်တဲ့ သဘောပါ။ Linux မှာတော့ အဲ့ဒါဟာ အထူးအစမ်း မဟုတ်ပါဘူး အရင်ကတည်းရှိတဲ့ principle ပါ။ Microsoft ကတော့ အဲ့လိုမျိုးကိုလိုက်ပြီး လုပ်ပါတယ်အခုနောက်ပိုင်းမှာ။ Microsoft ရဲ့ powershell ကိုရေးတဲ့ software architect ကိုယ်တိုင်က Linux သမားပါ။ အဲ့ဒါကြောင့်လည်း Linux command တော်တော်များများကို powershell မှာ alias တွေအနေနဲ့ထည့်ထားပေးပါတယ်။ ls ဆိုတဲ့ Linux command ကို powershell မှာသုံးလို့ရပါတယ်။ အဲ့ဒီ command ကတော့ Windows command dir ရဲ့ alias ဖြစ်ပါတယ်။ စိတ်ဝင်စားလို့ ရှာကြည့်ရင်အလွယ်တကူတွေနိုင်ပါတယ်။ Microsoft က သူရဲ့cmd ကို default command prompt အနေနဲ့မသုံးတော့ပဲ powershell ကိုသာသုံးမယ်လို့ကြားသိရပါတယ်။ powershell အကြောင်းကိုတော့ နောက်များအချိန်ရခဲ့လို့ ရှိရင် ရေးဖြစ်မယ်ထင်ပါတယ်။

Slackware Linux ရဲ့ အားသာချက်များ

Slackware ကတော့ Linux distro တွေထဲမှာဆို solid ဖြစ်တယ်လို့လူသိများပါတယ်။ ပြိုင်ဆိုင်မူကင်းမဲ့ပြီး stable ဖြစ်ဖို့နဲ့simple ဖြစ်ဖို့ကိုသာ ဦးစားပေးတဲ့ အတွက် sysadmin တွေအကြိုက်တွေ့ကြပါတယ်။ release cycle ကဗြောက်တောက်ဖြစ်နေပေမယ့်လည်း bug ကလည်းသိပ်မရှိဘူးလို့ဆိုပါတယ်။ ရှေးရိုးစွဲ Unix ရဲ့ ဘောင်ထဲကနေမထွက်ပဲ အခုချိန်ထိ Unix-like OS တို့ရဲ့ classic flavour ကိုဆက်လက်သုံးစွဲနေတဲ့ distro ဖြစ်ပါတယ်။ Linux သမားကြီးတွေတော့ ကြိုက်မှာသေချာပါတယ်။ Linux စသုံးတဲ့ user တွေအတွက်တော့ ခေါင်းနည်းနည်းစားပါမယ်။ Installation ကစလို့configure၊ package management၊ customization နဲ့တခြားဟာတွေအားလုံး text-based config တွေကို edit လုပ်ပြီးပြင်ဆင်ရတဲ့အတွက် ဇာတ်တော့နည်းနည်းရှုပ်ပါမယ်။ Community နဲ့wiki ကောင်းကောင်းရှိပါတယ်။ ဒါပေမယ့် Ubuntu တို့လိုတော့ official support ကောင်းကောင်းမရှိပါဘူး။ အကုန်လုံးနီးပါးက Do It Yourself (DIY) ဆိုတာများတွေများပါလိမ့်မယ်။

Slackware Linux နဲ့ဆင်တူ distro များ

Zenwalk Linux (desktop), Salix (desktop, live CD), Porteus (live CD with KDE, LXDE, MATE, Razor-qt or Xfce), VectorLinux (desktop) တို့ဖြစ်ကြပါတယ်။ Slackware ကိုယ်တိုင်ကိုက highly customize လုပ်လို့ရတဲ့ အတွက် တခြားဆင်တူ distro တွေကိုတောင်လိုက်ပြီး မြည်းကြည့်စရာလိုမယ် မထင်ပါဘူး။

လက်ရှိ Slackware Linux release/version

Slackware ရဲ့ လက်ရှိ release ကတော့ Slackware 14.2 ဖြစ်ပါတယ်။ အောက်ကပုံကတော့ Slackware ရဲ့ release cycle နဲ့ထွက်ပြီး release တွေရဲ့ထုတ်တဲ့ ခုနှစ်တွေကိုဖော်ပြထားတဲ့ပုံဖြစ်ပါတယ်။

☕
Page cover image