💻
ITmatic101 - MY
  • ITmatic101 - နည်းပညာဆိုင်ရာ Blog
  • ☕Linux/BSD
    • Linux distro-hopper ခရီးကြမ်း
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၂)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၃)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၄)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၅)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၆)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၇)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၈)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၉)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁၀)
    • Manjaro Linux အကြောင်းတစေ့တစောင်း
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၁)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၂)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၃)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၄)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၅)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၁)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၂)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၁)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၂)
    • Ubuntu မှာအလုပ်ဖြစ်သော tool နဲ့ application (၁၀) ခုအကြောင်း
    • Docker မိတ်ဆက် အပိုင်း(၁)
    • Docker မိတ်ဆက် အပိုင်း(၂)
    • Docker မိတ်ဆက် အပိုင်း(၃)
    • GNU/Linux ကိုဘာလို့ ပြောင်းသုံးသင့်သလဲ
    • GNU/Linux မှာသုံးတဲ့ CLI ကိုဘယ်လိုခေါ်ကြသလဲ
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၁)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၂)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၃)
    • ပြတိုက်ထဲက SysVinit အကြောင်း
    • Open source သင်ခန်းစာများ အပိုင်း(၁)
    • Open source သင်ခန်းစာများ အပိုင်း(၂)
    • လေထုညစ်ညမ်းစပြုလာတဲ့ Linux ရဲ့ Ecosystem
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၁)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၂)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၃)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၄)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၅)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၁)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၂)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၃)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၄)
    • Open Source ကောက်ကြောင်း – အပိုင်း(၁)
    • Open Source ကောက်ကြောင်း – အပိုင်း( ၂)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၁)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၂)
    • SELinux မိတ်ဆက်
    • Open Source Licenses များအကြောင်း – အပိုင်း (၁)
    • Open Source Licenses များအကြောင်း – အပိုင်း (၂)
    • Keepalived မိတ်ဆက် – အပိုင်း (၁)
    • Keepalived မိတ်ဆက် – အပိုင်း (၂)
    • Linux မှာ package manager တွေကိုဘယ်လိုအသုံးပြုသလဲ
  • 🚀Automation
    • Chef မိတ်ဆက် အပိုင်း(၁)
    • Wireguard ရဲ့ automated workflow
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၁)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၂)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၃)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၄)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၁)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၂)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၃)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၁)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၂)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၁)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၂)
    • Kickstart ကိုအသုံးပြုပြီး Custom ISO တွေဖန်တီးပုံ
  • ⚙️Networking
    • အဘယ့်ကြောင့် GNS3
    • ZeroTier မိတ်ဆက်
    • WireGuard အကြောင်းသိကောင်းစရာ
    • Linode VPS မှာကိုယ်ပိုင် Wireguard VPN server တစ်ခုတည်ဆောက်ပုံ
    • အဘယ်ကြောင့် MikroTik
    • VRRP ကို MikroTik မှာ setup လုပ်ပုံ
  • ☁️Virtualisation and Cloud
    • KVM မှာ virtual disk တွေကို ဘယ်လို resize လုပ်လို့ရသလဲ
    • Debian 12 ပေါ်တွင် Proxmox 8 ကိုဘယ်လို integrate လုပ်သလဲ
    • Promox ပေါ်မှာ VM template တွေကို cloud-init သုံးပြီး ဖန်တီးပုံ
    • Custom LXD container templates များကိုဘယ်လို import လုပ်သလဲ
    • Cloud ဆိုသည်မှာ
  • 🍒others
    • Git အကြောင်းသိကောင်းစရာ
    • Home Lab ရှိခြင်း အနုပညာ
    • ကိုယ့်လုံခြုံရေးအတွက် အသုံးပြုသင့်တဲ့ toolkit လေးများ
    • SSH Tunneling အကြောင်းသိကောင်းစရာ
    • အခြေခံ SSH workflow များ
    • SSH Certificate Based Authentication အကြောင်းတစေ့တစောင်း
    • နေ့စဉ်သုံး စိတ်ကြိုက် Application/Software လေးများ
    • Keyboard Size တွေအကြောင်းသိသမျှ
    • သက္ကရာဇ်၂၀၂၀ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • သက္ကရာဇ်၂၀၂၁ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၁)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၂)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၃)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၄)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၅)
    • အင်တာနက်မြန်မာစာ ယူနီကုဒ်ဇော်ဂျီ ပြဿနာ
    • CyanogenMod မိတ်ဆက် အပိုင်း(၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၂)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၃)
  • 💀OffSec
    • ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် OpenSSL
Powered by GitBook
On this page

Was this helpful?

  1. Linux/BSD

လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၂)

Previousလူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁)Nextလူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၃)

Last updated 1 year ago

Was this helpful?

၂. Ubuntu

Ubuntu ကိုတော့ စက်တင်ဘာလ ၂၀၀၄ ခုနှစ် မှာ Canonical ဆိုတဲ့ ကုမ္ပဏီကနေ စတင် မိတ်ဆက် ခဲ့ပါတယ်။ Canonical ကိုတော့ Mark Shuttleworth ဆိုတဲ့ တောင်အာဖရိ ကမှ လူဖြူ သန်းကြွယ် သူဋ္ဌေး တစ်ယောက်က တည်ထောင်ခဲ့ပါတယ်။ သူကတော့ ကမ္ဘာ ပေါ်မှာ အာကာသ ခရီးစဉ် ကို ဒုတိယမြောက် အလည် ခရီးသွား ဧည့်သည်လည်း ဖြစ်ခဲ့ပါတယ်။ နောက်ပြီး Canonical ကိုမတည်ထောင်ခင် ကတည်းက Debian project တွေမှာ သူဟာ လူသိများတဲ့ developer တစ်ယောက်ဖြစ် ခဲ့ပါတယ်။ အရည်အချင်းရှိသူတစ်ယောက် ဖြစ်ပြီး လူမူရေး လုပ်ငန်းများစွာ အတွက်လည်း ပါဝင်ကူညီသူ တစ်ယောက်ပါ။ Ubuntu ဆိုတာ ကလည်း အာဖရိက ကလူမျိုးစု တစ်စုရဲ့ ဘာသာစကားမှ ယူသုံးထားတာ လည်းဖြစ်သည်။ အင်္ဂလိပ်လို့ Humanness သို့မဟုတ် Humanity to others လို့ လည်းဘာသာပြန်ပါတယ်။ မြန်မာလိုတော့ လူသားဆန်မှု လို့ပဲပြန်ရမယ်ထင်ပါတယ်။ Ubuntu ရဲ့ လက်သုံးစကားရပ် တစ်ခုရှိခဲ့ပါတယ်။ သေချာတော့မမှတ်မိတော့ပါဘူး။ အနီးစပ်ဆုံး တိုက်ရိုက် အဓိပ္ပာယ်ပြန် ရရင်တော့ လူသားများအတွက် Linux လို့ထင်ပါတယ်။ နောက်ပိုင်းတော့ Ubuntu မသုံးတဲ့ သူတွေက လူမဟုတ်သလိုလို ဖြစ်နေတာကြောင့် အဲ့ဒီ စကားရပ်ကို မသုံးတော့ပါဘူး။

Ubuntu က Unity ဆိုတဲ့ Desktop Environment ကိုလည်းစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Linux အသုံးပြုသူ တော်တော်များ ကတော့ Unity ကို မကြိုက်ကြပါဘူး။ Unity ကသုံးတဲ့ Dash Lenses ကတော့ အစပိုင်းမှာ တော်တော်လေးကို အဝေဖန်ခံခဲ့ရပါတယ်။ Ubuntu 14.04 LTS မှာ Dash Lenses ကရိုက်ထည့် ပြီးရှာတဲ့ အရာတွေကို Ubuntu အသုံးပြုတဲ့ စက်ပေါ်တင်မဟုတ်ပဲ Amazon Online Shopping website မှာ အလိုအလျှောက် သွားရှာပါတယ်။ အဲ့လို ရှာတဲ့ ပစ္စည်းကို Dash Lenses မှာရှာပြီး ဝယ်သွားရင် Canonical က ပိုက်ဆံရပါတယ်။ အဲ့ဒါကြောင့် Free/Libre and Open Source Software (FLOSS) community က Ubuntu ကိုတော်တော်ဝေဖန်ခဲ့ ကြပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီ feature ကို နဂိုတိုင်း မထည့်ပေးတော့ပဲ ရွေးချယ်လို့ ရအောင်သာလုပ်ပေးထားပါတော့တယ်။

Ubuntu ကိုတော့ Debian ဆိုတဲ့ distro ကို အခြေခံပြီးတော့ရေးထားပါတယ်။ ၂၀၀၄ ခုနှစ်အစပိုင်းမှာ Ubuntu CD/DVD တွေကို အခမဲ့ ဖြန့်ဝေတာတွေလုပ်နိုင်ခဲ့လို့ လူတွေက စတင် သတိထား မိလာကြပါတယ်။ ဒါအပြင် အသုံးပြုတာရတာ လည်းလွယ်ကူတဲ့အတွက် လူကြိုက်များ လာခဲ့ပါတယ်။ နိုင်ငံတကာ မြန်မာနိုင်ငံ အပါအဝင် မှာတော့ Ubuntu Local User Group လေးတွေရှိပြီးတော့ Ubuntu အသုံးပြုသူတွေ အတွက် အကူအညီပေး နိုင်တာကြောင့် Ubuntu ဟာ Windows တို့ Apple အသုံးပြုသူတွေ အကြိုက်တွေ့ ကြပါတယ်။ စာရေးသူကိုယ်တိုင် ပထမဆုံး အသုံးပြုတဲ့ Linux distro တွေထဲမှာ Ubuntu လည်းပါ ပါတယ်။

Ubuntu ရဲ့အားသာချက်များ

Linux စတင် အသုံပြုသူတွေ အတွက် Support System ကောင်းကောင်းရှိတဲ့ အတွက် အဆင်ပြေပြီး တစ်ခုခု ဖြစ်လို့ Google ကနေရှာလိုက်ရင် ဘယ်လိုဖြေရှင်းကမလဲဆိုတဲ့ အဖြေကို အလွယ် တကူရှာဖွေတွေ့ရှိနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာတော့ Ubuntu Local User Group ကတော်တော် တက်တက်ကြွကြွရှိလို့ Ubuntu ကို ပထမဆုံး GNU Linux distro အနေနဲ့ အသုံးပြုသင့် ပါတယ်။ ဇော်ဂျီ လက်ကွက် Keyboard နဲ့ Font အတွက်လည်း မြန်မာ developer တွေက Ubuntu မှာ အဆင်ပြေအောင် လုပ်ပေးထားလို့ ခေါင်းစား စရာသိပ် မလိုပါဘူး။ ဘယ် command တွေကို Terminal ရိုက်ထည့်လိုက် ဆိုတာမျိုးနဲ့ ပြီးသွားတာ များပါတယ်။ နောက်တစ်ခုကတော့ Ubuntu မှာ Long Term Support (LTS) ဆိုတာရှိ ပါတယ်။ ၅နှစ်တခါ LTS version တစ်ခုထွက်ပါတယ်။ ပုံမှန် Linux အထာအတိုင်း ၆လတခါ တော့ ပုံမှန် Upgrade ရပါတယ်။ စပြီး အသုံးပြုသူတွေ အတွက်တော့ LTS ကိုသာသုံးသင့် ပါတယ်။ LTS ကတော့ ပိုပြီး ပြဿနာနည်းတဲ့အပြင် Support က ၅နှစ်ရတဲ့ အတွက် ခဏခဏ Upgrade လိုက်လုပ်စရာမလိုပါဘူး။ Upgrade လုပ်ချင်လည်းရပါတယ်။ Debian ကို အခြေခံထားတဲ့ အတွက် တော်တော်လေး Stable ဖြစ်တဲ့ distro လည်းဖြစ်ပါတယ်။

Ubuntu မှာရနိုင်တဲ့ Variants Distro များ

တရားဝင် Canonical ကထုတ်တဲ့ Ubuntu ကတော့ Unity desktop environment နဲ့ လာပါတယ်။ Gnome 2.x ကို ကြိုက်တဲ့ Ubuntu အသုံးပြုသူတွေ developer တွေကတော့ Ubuntu Gnome တို့ Ubuntu MATE တို့ Linux Mint တို့ ဆိုပြီး ပြန်ရေးကြပါတယ်။ KDE ရဲ့ UI နဲ့ DE ကိုကြိုက်တဲ့သူတွေ အတွက်တော့ KDE Ubuntu (Kubuntu) ဆိုပြီးထွက်ပါတယ်။ ကွန်ပြူတာ အဟောင်းတွေပေါ် မှာ တင်လို့ကောင်းတဲ့ ပေါ့ပါးသွက်လတ် ပြီး မြန်ဆန်တဲ့ Lightweight Ubuntu – Lubuntu နဲ့ Xubuntu ဆိုတာမျိုး တွေလည်းရှိ ပါတယ်။ Apple လို desktop အတွေ့အကြုံ ခပ်ဆင်ဆင် ပေးနိုင်တဲ့ Elementary OS ဆိုတာလည်းထွက်ပါတယ်။ Multimedia သမားတွေ အတွက် Ubuntu Studio ဆိုတာလည်းရှိသလို ပညာသင် ကျောင်းသား ကျောင်းသူတွေအတွက် Education Ubuntu – Edubuntu ဆိုတာလည်း ရှိပါတယ်။ ဒါ့ အပြင် Ubuntu Kylin, Mythbuntu, Zorin OS, Pinguy OS, Trisquel GNU/Linux နဲ့ Bodhi Linux ဆိုတာမျိုးတွေလည်း အများကြီးရှိပါသေးတယ်။

လက်ရှိ Ubuntu Version နဲ့ Code-name များ

လက်ရှိ version ကတော့ Ubuntu 16.10 ဖြစ်ပါတယ်။ ၁၆ ဆိုတာကတော့ ထွက်ရှိတဲ့ ခုနှစ်ဖြစ်ပြီးတော့ ၁ဝဆိုတာကတော့ အောက်တိုဘာ (၁၀) လပိုင်းမှာထွက်တဲ့ version ဖြစ်ပါတယ်။ Ubuntu 16.10 ကတော့ LTS မဟုတ်ပါဘူး။ နောက်ဆုံးထွက်ရှိထားတဲ့ LTS ကတော့ Ubuntu 16.04 LTS ဖြစ်ပါတယ်။ အဲ့ဒီ မတိုင်ခင် LTS ကတော့ Ubuntu 14.04 LTS ဖြစ်ပါတယ်။ Ubuntuက ၅နှစ်ကို တစ်ခါ LTS ထုတ်ပါတယ်။ နှစ်စဉ် ပုံမှန် ထုတ်တဲ့ version နှစ်ခုရှိပါတယ်။ ၄လပိုင်း ဧပြီမှာထုတ်တဲ့ Ubuntu xx.04 နဲ့ ၁ဝလပိုင်း အောက်တိုဘာ မှာထုတ်တဲ့ Ubuntu xx.10 ဆိုပြီး ဖြစ်ပါတယ်။ အရှေ့က xx ဆိုတာကတော့ သက်ဆိုင်ရာ ခုနှစ်ဖြစ်ပါတယ်။ Ubuntu 16.10 ရဲ့ code-name ကတော့ Yakkety Yak ဖြစ်ပါတယ်။ နောက်နှစ် ၄လပိုင်း ဧပြီမှာတော့ Ubuntu 17.04 – Zesty Zapus ထွက်မှာ ဖြစ်ပါတယ်။ Ubuntu 16.04 LTS version ရဲ့ code-name ကတော့ Xenial Xerus ဖြစ်ပါတယ်။ Ubuntu 14.04 LTS ကိုတော့ Trusty Tahr လို့ နာမည်ပေးထားပါတယ်။ Ubuntu ရဲ့နာမည်မှည့်ပုံက နည်းနည်းတော့ ဆန်းပါတယ်။ version တိုင်းမှာ စာလုံး နှစ်လုံးပါပါတယ်။ ပထမ တစ်လုံးက ဝိသေသနလို့ ခေါ်တဲ့ Adjective နဲ့ ဒုတိယတစ်လုံးကတော့ အကောင်လေးတွေရဲ့ အခေါ်အဝေါ် တွေဖြစ်ပါတယ်။ ဥပမာ Zesty Zapus ဆိုတာ အဓိပ္ပာယ်ပြန်လိုက်ရင် Zesty ဆိုတာက စိတ်အား ထက်သန် တက်ကြွသော၊ Zapus ဆိုတာကတော့ အမေရိက ကကြွက် တစ်မျိုး ဖြစ်ပါတယ်။

စာကြွင်း။ ။ လက်ရှိမှာတော့ Ubuntu ဟာ 19.04 LTS ကိုရောက်နေပါပြီ။ code-name ကို Disco Dingo လို့ခေါ်ပါတယ်။ ဧပြီလ ၂၀၁၉ ခုနှစ်မှာ ထွက်ထားတာပါ။ ဒီ release က LTS မဟုတ်တဲ့အတွက် နောက် ၅နှစ် အထိ support လုပ်မှာမဟုတ်ပါဘူး။ Official DE အနေနဲ့ Gnome ကို Unity ပုံလောင်းထားတဲ့ DE ကို official default အနေနဲ့ လာပါတယ်။ Unity ထက်စာရင်တော့ Gnome ကို Ubuntu ပေါ်မှာ စာရေးသူအနေနဲ့ ပြီးတော့ သဘောတွေ့ပါတယ်။

[၁၀.၀၅.၂၀၂၀] စာကြွင်း။ ။ ပြီးခဲ့တဲ့ ၂ ပတ် ၃ ပတ်လောက်က Ubuntu 20.04 LTS အသစ်ထပ်ထွက်ပါတယ်။ Code name ကိုတော့ Focal Fossa ဆိုတဲ့ နာမည်ပေးထားပါတယ်။ Fossa ဆိုတာကတော့ Africa မှာပဲရှိတဲ့ တောကြောင်လိုအကောင်တမျိုးဖြစ်ပါတယ်။ Madagascar ကာတွန်းထဲမှာ ပါပြီးတော့ Lemur ဆိုတဲ့ အကောင်သေးသေးလေးတွေကို လိုက်လံဖမ်းစားကြပါတယ်။ ထုံးစံအတိုင်း GNOME DE နဲ့ လာပြီးတော့ သူ့ရဲ့ version ကတော့ 3.36 ပါ။ Canonical ကလူတွေကော၊ အခြားသော Linux ကမ္ဘာကလူတွေရဲ့ သုံးသပ်ချက်အရတော့ ဒီ Ubuntu 20.04 LTS release ဟာ GNOME DE ရဲ့ အကောင်းဆုံးသော implementation ပါတဲ့။ စာရေးသူကိုယ်တိုင် သုံးကြည့်သလောက်တော့ အမြင်အရတော့ အရှေ့ LTS ဖြစ်တဲ့ Ubuntu 18.04 ထက်အများကြီးကွာခြားမှုတွေရှိပါတယ်။ Yaru ဆိုတဲ့ theme ကို default အနေနဲ့ အသုံးပြုထားပြီးတော့ visual ပိုင်းရော၊ performance ပိုင်းမှာပါ အများကြီး တိုးတက်လာတာကိုတော့ တွေ့ရပါတယ်။ လက်ရှိ ကိုယ့်ရဲ့ အဓိကသုံးတဲ့ စက်ပေါ်မှာတော့ တင်ပြီးတော့ မသုံးဖြစ်သေးပါဘူး။ အနည်းငယ်စောင့်ကြည့်ရအုံးမယ်တော့ ထင်ပါတယ်။ Ubuntu 18.04 မှာ အသုံးပြုတဲ့ အချို့သော software လေးတွေကိုဟာ Ubuntu 20.04 အတွက် binary compatible ဖြစ်ဖို့တော့ လအနည်းငယ်စောင့်ရအုံးမယ်ထင်ပါတယ်။ အကယ်လို့များ စာဖတ်တဲ့သူအတွက်တော့ ထွေးထွေးထူးထူး သုံးတဲ့ software တွေ၊ application တွေ မရှိဘူးဆိုရင်တော့ Ubuntu 20.04 လုပ်ဖို့ရာ အဆင်ပြေနိုင်ပါတယ်။ နောက်ပြီးတော့… ကိုယ်က dark theme ကိုကြိုက်တယ်ဆိုရင် သတင်းကောင်းတစ်ခုက Ubuntu 20.04 မှာ built-in ပါလာပြီးသားပါ။ GNOME Tweak ကို ထပ် install လုပ်ပြီးတော့ ပြင်ဆင်စရာမလိုတော့ပါဘူး။ ကြီးကြီးမားမား ပြောင်းသွားတဲ့ နောက်အရာတခုကတော့ Focal Fossa ဟာ Linux kernel 5.4 နဲ့ လာပါတယ်။ အဲ့ဒီတော့ Linux kernel 5.4 ရဲ့ ကောင်းမွေဆိုးမွေကို အကုန်ခံစားနိုင်မှာဖြစ်ပါတယ်။ သိသာတဲ့ ကောင်းမွေတစ်ခုကတော့ Linus Torvalds ပြောပြောနေတဲ့ Wireguard ကို backport လုပ်လာတာပဲဖြစ်ပါတယ်။ ဒီအတွက် Wireguard ရဲ့ stability နဲ့ security ပိုင်းမှာတော့ ဒီထက်ပိုပြီးတော့ ကောင်းလာဖို့ပဲရှိပါတယ်။ စာရေးသူကိုယ်တိုင်က Wireguard fan တစ်ယောက်ပါ။ နေ့တိုင်းအသုံးပြုဖြစ်တဲ့ tool တစ်ခုပါ။ နောက်တစ်ခုက… snap ကို universal packaging format နဲ့ အသုံးပြုပါတယ်။ Ubuntu Software မှာပါ application တွေကို install လုပ်တဲ့အခါ snap ကို backend မှာ အသုံးပြုထားပါတယ်။ ဒီလိုဆိုရင်တော့ snap ဟာ ပိုပြီးတော့ ကောင်းသတဲ့ကောင်းလာဖို့ပဲရှိပါတယ်။ အနာဂတ်အတွက် snap လာ၊ flatpak လာဆိုတော့ ဒါကိုကြည့်ခြင်းအားဖြင့် ရေးရေးလေးတော့ မြင်နိုင်ပါတယ်။ ZFS file system မှာလည်း အရင်ထက်စာရင် support ပိုကောင်းလာတဲ့လို့ ဆိုပါတယ်။ ZFS Experimental ဆိုတာကိုတော့ install လုပ်တဲ့အခါမှာ အခုအချိန်ထိတော့ တွေ့နေရတုန်းပါ။ နောက် version နှစ်ခုသုံးခုလောက်ဆိုရင်တော့ ZFS ကို တရားဝင် stable အနေနဲ့ အသုံးပြုလို့ ရလောက်ပြီတော့ ထင်ပါတယ်။ ZFS အကြောင်းကိုတော့ နောက်မှ File system အကြောင်းတွေရေးတဲ့အခါမှာ ထည့်သွင်းဖော်ပြလိုပါတယ်။ Ubuntu 20.04 LTS Focal Fossa ကိုတော့ ဒီ မှာကိုယ်တိုင် ကိုယ်ကျ download ဆွဲပြီးတော့ အသုံးပြုနိုင်ပါတယ်။

link
☕
Page cover image