💻
ITmatic101 - MY
  • ITmatic101 - နည်းပညာဆိုင်ရာ Blog
  • ☕Linux/BSD
    • Linux distro-hopper ခရီးကြမ်း
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၂)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၃)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၄)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၅)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၆)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၇)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၈)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၉)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁၀)
    • Manjaro Linux အကြောင်းတစေ့တစောင်း
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၁)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၂)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၃)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၄)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၅)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၁)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၂)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၁)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၂)
    • Ubuntu မှာအလုပ်ဖြစ်သော tool နဲ့ application (၁၀) ခုအကြောင်း
    • Docker မိတ်ဆက် အပိုင်း(၁)
    • Docker မိတ်ဆက် အပိုင်း(၂)
    • Docker မိတ်ဆက် အပိုင်း(၃)
    • GNU/Linux ကိုဘာလို့ ပြောင်းသုံးသင့်သလဲ
    • GNU/Linux မှာသုံးတဲ့ CLI ကိုဘယ်လိုခေါ်ကြသလဲ
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၁)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၂)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၃)
    • ပြတိုက်ထဲက SysVinit အကြောင်း
    • Open source သင်ခန်းစာများ အပိုင်း(၁)
    • Open source သင်ခန်းစာများ အပိုင်း(၂)
    • လေထုညစ်ညမ်းစပြုလာတဲ့ Linux ရဲ့ Ecosystem
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၁)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၂)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၃)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၄)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၅)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၁)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၂)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၃)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၄)
    • Open Source ကောက်ကြောင်း – အပိုင်း(၁)
    • Open Source ကောက်ကြောင်း – အပိုင်း( ၂)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၁)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၂)
    • SELinux မိတ်ဆက်
    • Open Source Licenses များအကြောင်း – အပိုင်း (၁)
    • Open Source Licenses များအကြောင်း – အပိုင်း (၂)
    • Keepalived မိတ်ဆက် – အပိုင်း (၁)
    • Keepalived မိတ်ဆက် – အပိုင်း (၂)
    • Linux မှာ package manager တွေကိုဘယ်လိုအသုံးပြုသလဲ
  • 🚀Automation
    • Chef မိတ်ဆက် အပိုင်း(၁)
    • Wireguard ရဲ့ automated workflow
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၁)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၂)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၃)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၄)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၁)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၂)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၃)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၁)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၂)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၁)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၂)
    • Kickstart ကိုအသုံးပြုပြီး Custom ISO တွေဖန်တီးပုံ
  • ⚙️Networking
    • အဘယ့်ကြောင့် GNS3
    • ZeroTier မိတ်ဆက်
    • WireGuard အကြောင်းသိကောင်းစရာ
    • Linode VPS မှာကိုယ်ပိုင် Wireguard VPN server တစ်ခုတည်ဆောက်ပုံ
    • အဘယ်ကြောင့် MikroTik
    • VRRP ကို MikroTik မှာ setup လုပ်ပုံ
  • ☁️Virtualisation and Cloud
    • KVM မှာ virtual disk တွေကို ဘယ်လို resize လုပ်လို့ရသလဲ
    • Debian 12 ပေါ်တွင် Proxmox 8 ကိုဘယ်လို integrate လုပ်သလဲ
    • Promox ပေါ်မှာ VM template တွေကို cloud-init သုံးပြီး ဖန်တီးပုံ
    • Custom LXD container templates များကိုဘယ်လို import လုပ်သလဲ
    • Cloud ဆိုသည်မှာ
  • 🍒others
    • Git အကြောင်းသိကောင်းစရာ
    • Home Lab ရှိခြင်း အနုပညာ
    • ကိုယ့်လုံခြုံရေးအတွက် အသုံးပြုသင့်တဲ့ toolkit လေးများ
    • SSH Tunneling အကြောင်းသိကောင်းစရာ
    • အခြေခံ SSH workflow များ
    • SSH Certificate Based Authentication အကြောင်းတစေ့တစောင်း
    • နေ့စဉ်သုံး စိတ်ကြိုက် Application/Software လေးများ
    • Keyboard Size တွေအကြောင်းသိသမျှ
    • သက္ကရာဇ်၂၀၂၀ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • သက္ကရာဇ်၂၀၂၁ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၁)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၂)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၃)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၄)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၅)
    • အင်တာနက်မြန်မာစာ ယူနီကုဒ်ဇော်ဂျီ ပြဿနာ
    • CyanogenMod မိတ်ဆက် အပိုင်း(၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၂)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၃)
  • 💀OffSec
    • ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် OpenSSL
Powered by GitBook
On this page
  • ဒုတိယ အစွဲကင်းခြင်းတစ်မျိုး – မှားပြီးမှန်တတ်လာတဲ့ MS နဲ့ တောင်းပန်ပါရစေ တချိန်က Cancer
  • အဆိုးနဲ့အကောင်းတွဲနေတတ်တာကို မြင်နိုင်ဖို့ကြိုးစားတဲ့ တစ်ကိုယ်ရေအမြင်

Was this helpful?

  1. Linux/BSD

“မှားတဲ့ဘက်မှာ” – အပိုင်း (၂)

Previous“မှားတဲ့ဘက်မှာ” – အပိုင်း (၁)NextSELinux မိတ်ဆက်

Last updated 2 years ago

Was this helpful?

ဒုတိယ အစွဲကင်းခြင်းတစ်မျိုး – မှားပြီးမှန်တတ်လာတဲ့ MS နဲ့ တောင်းပန်ပါရစေ တချိန်က Cancer

အပိုင်း(၁) မှာ ပြောထားတဲ့အတိုင်း Microsoft ရဲ့ Open Source ကို ချဉ်းကပ်ပုံကို တစ်ဘက်က အမြင်နဲ့ ရေးသွားပါတယ်။ အခုအပိုင်းမှာတော့ ဒီဘက်အခြမ်းက မြင်ပုံ တစ်မျိုးကို ဆက်လက်တင်ပြသွားပါ့မယ်။ ဒီဘက်အဖွဲ့မှာတော့ Microsoft ဘက်က ပြောင်းလဲလာတာကို ဝမ်းမြောက်စွာ ကြိုဆိုတဲ့ အဖွဲ့ပါ။ များသောအားဖြင့် Microsoft ဟာတကယ်ပဲ ပြောလဲသွားပါပြီ၊ လက်ရှိ လုပ်နေတဲ့ အလုပ်နဲ့ သွားနေတဲ့ လမ်းကြောင်းဟာ Open Source ကို တကယ်ကို support လုပ်ဖို့အတွက်လာပါပြီ ဆိုပြီးတော့ Microsoft ဘက်ကနေ lobby လုပ်ပေးတဲ့ Microsoft အတွင်းထဲကနေစပြီးတော့ ပဲ့တင်သံ ထွက်လာတယ်လို့ ထင်ပါတယ်။ ရှေးရိုးစွဲ Free Software နဲ့ Open Source သမားတွေကတော့ အပိုင်း(၁) ထဲကလို ပထမ အဖွဲ့ထဲမှာ ပါ ဖို့ပိုများပါတယ်။ နောက်တစ်မျိုးက ဒီဘက်ဒုတိယ အဖွဲ့မှာက Microsoft ဟာ တကယ်ကို စေတနာ ကောင်းကောင်းသန့်သန့် နဲ့ open source အတွက် လုပ်လာတယ်ဆိုရင် ဆိုတဲ့ အတွေးလေးတစ်ခုတည်းနဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ရှာတဲ့ အဖွဲ့ပါပဲ။ Microsoft အနေနဲ့ open source community အတွက် ကြီးကြီးမားမား contribute လုပ်လာခဲ့ရင် ဆိုရင်ဖြင့် Linux Desktop လို OS ကို မသိသေးတဲ့ လူတွေပိုပြီးတော့ သိလာမယ်။ အဲ့ဒီကနေမှတဆင့် နောက်မှာ freedom နဲ့ privacy အတွက် အခြားသော ရွေးချယ်စရာတွေရှိနေ သေးတာပဲဆိုတာမျိုးဖြစ်လာဖို့ရည်ရွယ်ပါတယ်။ နောက်ဆုံးမှာ တော့ အကုန်လုံး “Year of the Linux Desktop” ရယ်လို့ ဖြစ်လာမှာ မလွှဲမသွေပါပဲ။

ဒါ့အပြင်… Microsoft ဘက်ကလည်း အဖန်ဖန်အခါခါ တောင်းပန်ထားပြီးသားမို့ Free Software နဲ့ Open Source သမားတွေဘက်ကလည်း ကျေနပ်သင့်ပါတယ်လေ။ အခုအခါမှာ Microsoft ဟာ ဟိုအရင်အချိန်က ခင်ဗျားတို့ အဖေ အမေ ခေတ်က Microsoft မဟုတ်တော့တာ။ သူအရမ်းကို ပြောင်းလဲသွားပြီလေ။ အခုပဲကြည့်လေ… Canonical နဲ့ Microsoft တို့ အတူ collaboration လုပ်ကြတဲ့ အခါမှာလည်း Microsoft ဘက်က WSL 2 အတွက်သီးသန့် task force လိုမျိုး company အတွင်းမှာ ထားပြီးတော့ Canonical ရဲ့ Ubuntu ကို seamlessly integration လုပ်လို့ ရအောင်လို့ အများကြီး သူတို့ဘက်ကနေပြီး ကြိုးပမ်းကြပါတယ်။ ဒီလိုမျိုး Linux platform ကို Windows 10 ရဲ့ WSL 2 မှာ run လို့ရအောင် လုပ်ခြင်းဖြင့် Linux ကို မသိသေးတဲ့ လူတွေအတွက် exposure ပိုပြီးတော့ ကောင်းစေတဲ့အတွက် Linux မှာလည်း အသုံးပြုသူ ပိုပြီးတော့ များလာနိုင်တယ်လေ။ သေချာစဉ်းစား ကြည့်ရင်ဖြင့် Linux OS ရဲ့ အနာဂတ်ဟာ အများကြီး စိတ်လှုပ်ရှား စရာတွေအများကြီးပါ။ ဒီအတွက် Microsoft ကို ရန်မမူ သင့်ပါဘူး၊ သူ့ရဲ့ စေတနာကိုလည်း မစော်ကားသင့်ပါဘူးလေ။ နှစ်ဦးနှစ်ဘက် အကျိုးများစေမှာမို့ ရှေးရှုထိုက်ပါပေတယ်။

နောက်တစ်ခုရှိပါသေးတယ်။ အခုလိုမျိုး Microsoft ဟာ Canonical နဲ့ အတူ လက်တွဲပြီးလုပ်ရခြင်းဖြင့် enterprise နဲ့ corporate တွေမှာ Windows အသုံးပြုတဲ့ developer တွေအတွက် အများကြီး လွယ်ကူသွားစေမှာပါ။ အားလုံးသိပြီးကြတဲ့ အတိုင်း Enterprise တွေမှာတော့ Windows ဟာတော်တော်လေးကို နေရာယူထားဆဲပါ။ Windows မှာဆိုရင် Dell, HP နဲ့ Lenovo လို hardware vendor တွေက Enterprise နဲ့ Corporate မှာနေရာယူထားပြီးတော့၊ bash လေးတော့သုံးမှရမယ်ဆိုတဲ့ developer နဲ့ cloud engineer တွေအတွက်တော့ Apple ရဲ့ Macbook pro လို Laptop တွေက နေရာယူထားကြပါတယ်။ အခုနောက်ပိုင်းမှ… Canonical က certified hardware တွေလုပ်ပေးမယ်လို့ ကြားရတော့ Linux Desktop ကို default အနေနဲ့တင်ထားတဲ့ Dell XPS developer edition တွေ၊ နောက်ပြီးတော့ Lenovo ကလည်း Linux Desktop ကို အသုံးပြုပြီးတော့ အချို့ Laptop တွေကို Enterprise အတွက်ထုတ်လာတာကိုတွေ့ရတော့ Linux ဟာ Corporate ရဲ့ office desk တော်တော်များမှာလည်း နေရာယူလာအုံးမယ်လို့ သိရလို့ စိတ်အေးနေမိပါတယ်။ အခုလို အနေအထားမျိုးမှာ Windows ဘက်ကရွေးချယ်စရာ များများစားစားမရှိပါဘူး။ Linux ရဲ့ ကောင်းကွက်တော်တော်များများကို Windows က နည်းနည်းချင်းစီ porting လုပ်သွားဖို့ပဲ ရှိပါတယ်။ Open Source နဲ့ developer world မှာတော့ bash နဲ့ အခြားသော bash ရဲ့ variant တွေဖြစ်တဲ့ zsh တို့၊ csh တို့၊ fish တို့ဟာ မရှိမဖြစ်လိုအပ်နေသေးတဲ့ essential toolset တွေပါ။ Windows မှာ အစကတည်းက bash ကို adopt မလုပ်ချင်လို့ကို PowerShell ကို အစကနေပြန်ပြီးတော့ တည်ဆောက်လာခဲ့သော်လည်း de facto commandline tool တစ်ခုအနေနဲ့သာ developer အတွက်အသုံးတည့်နေပြီးတော့၊ bash ကို အစားထိုးဖို့ အတွက် terminal တစ်ခုဖြစ်မလာခဲ့ပါဘူး။ အခုလိုမျိုး WSL ရဲ့ concept နဲ့ တိုက်ရိုက် tight integration ကို အချိန်တိုတိုအတွင်းမှာ လုပ်ဖို့ရာအတွက် Linux နဲ့ သူ့ရဲ့ kernel ကို မွေးစားလိုက်ခြင်းဟာ အလွယ်ကူဆုံးပါ။ အဲ့ဒီအတွက်လည်း Linux ဘက်မှာ Desktop user တော်တော်များများ ကို Windows ကြားခံပြီးတော့ expose လုပ်နိုင်မယ့် platform ဖြစ်လာမယ်ဆိုတာလည်း လုံးဝကို သံသယ မရှိတာ အမှန်ပါ။ ပူးပေါင်းလိုက်တာပဲ ကောင်းပါတယ်။

အထက်မှာတော့ ဒုတိယ အဖွဲ့မှာပါတဲ့ ဘက်တော်သားတွေရဲ့ လေသံပါ။ Microsoft ရဲ့ အတွင်းထဲလာတဲ့ Windows lobby သမားတွေနဲ့အတူ လေသံပြောင်းလာတဲ့ hardcore free software နဲ့ open source သမားတွေလည်းပါတယ်။ လမ်းကြံရင်လည်း အဲ့ဒီလိုလူတွေဟာ အထက်ကလိုမျိုး lobby လေသံလေးတွေနဲ့ forum အချို့နဲ့ podcast တွေမှာ ဝင်ဝင်ငြောင့်တတ်လို တခါတခါ အဆဲတောင်းနေသလိုမျိုးလည်း ဖြစ်နေတတ်ပြန်တယ်။ ထားပါတော့… ဒါကတော့ အမြင်တစ်ခုကို ဟိုဘက်ဒီဘက် ချပြပြီး မြင်စေလိုတဲ့ သဘောမျိုးနဲ့သာ ရှင်းပြတဲ့ သဘောပါ။

အဆိုးနဲ့အကောင်းတွဲနေတတ်တာကို မြင်နိုင်ဖို့ကြိုးစားတဲ့ တစ်ကိုယ်ရေအမြင်

ကဲ… ကောင်းပြီ နှစ်ဘက်လုံး အမြင်ပြီးတော့ စာရေးအမြင်ကို နည်းနည်းလေး ဆွေးနွေးကြည့်ချင်ပါတယ်။ ဆိုပါတော့… စာရေးသူဟာ Linux enthusiast တစ်ယောက်အနေနဲ့ အခုလိုမျိုး Windows လုပ်လို့ တချိန်ကြရင် Linux ဟာ လုံးဝ extinguish လုပ်ခံရတယ်ဆိုကြပါတော့။ စာရေးသူအနေနဲ့ကတော့ ဒီထက်ကောင်းတဲ့ Linux အစားထိုး platform တစ်ခုဟာ ထွက်လို့ လာရအုံးမယ်ဆိုတာ မှန်းဆလို့ သိနိုင်ပါတယ်။ BSD လည်းဖြစ်နိုင်သလို၊ Linux ကနေဆင်းသက်လာတဲ့ တချိန်က MINIX လို platform တစ်ခုအတွက် Linus Torvalds ကြိုးစားခဲ့တာကိုလည်း ပြေးပြီးတော့ မြင်ယောင်မိပါတယ်။ Free world မှာ personal motivation ကြောင့်ထွက်လာတဲ့ project တွေကို ဘယ်လိုနည်းနဲ့မှ ပိတ်ပင်ထားလို့ မရနိုင်ပါဘူး။ လွန်ခဲ့တဲ့ နှစ်၂၀ နှစ် ၃၀ အတွင်းမှာ Linux ဟာဘယ်လို ရပ်တည်ခဲ့သလဲဆိုတာ သက်သေပါ။ BSD မှာလည်း အများလုပ်စရာတွေကျန်နေသေးလို့ စာရေးသူ BSD ကိုလည်း မျက်ခြေမပြတ်လိုက်ကြည့်နေရပါတယ်။ Apple ဟာ BSD အတွက် သူတို့ ယူသုံးသလောက်ပြန်ပေးခဲ့မယ်ဆိုရင်၊ BSD ဟာလည်း Linux လိုမျိုး တော်တော်လေး ခရီးပေါက်ပြီးတော့ နေရာတစ်ခုတော့ ရောက်နေလောက်ပြီလို့ ထင်ပါတယ်။ Apple ဟာ BSD ကနေယူဖို့အတွက်အသုံးချ ခဲ့တယ်လို့ စာရေးသူ သုံးသပ်လိုပါတယ်။ Linux မှာတော့ organizational နဲ့ community ဘက်အခြမ်းမှာ ပိုပြီးသာလို့ BSD ထက်ခရီးပေါက်ခဲ့တာလို့ လည်းမြင်မိပါတယ်။ BSD ဟာလည်း Unix ကဆင်းသက်လာတဲ့ platform တစ်ခုပါ။ အဆိုးဆုံးဆိုတာကို တွေးမိတိုင်း အနည်းငယ်တော့ စိတ်အေးရပါတယ်။ အခုလက်ရှိမှာတော့ Linux မှ Linux ရယ်လို့ မဟုတ်တော့ပါဘူး။ စာရေးသူလေ့လာခဲ့မိသလောက်တော့ tech industry ဟာ အများကြီး evolve ဖြစ်လာပြီးတော့ ရွေးချယ်စရာတွေအမြဲရှိနေတတ်ပါတယ်။ အဲ့ဒါကြောင့် EEE strategy သုံးအုံးတော့ အချိန်တန်ရင် ဒီထက်ရင့်ကျက်တဲ့ platform တစ်ခုဟာ မှောင်ရိပ်ထဲကနေထွက်လာအုံးမှာပါ။ သမိုင်းဟာလည်း နောက်တစ်ကြော့ပြန်အုံးမှာမို့ Microsoft ဘာလုပ်နေတယ်၊ ဘယ်လမ်းသို့သွားနေတယ်ဆိုတာကို မြင်နိုင်အုံးတော့ သိနေတဲ့ အသိစိတ်တစ်ခုနဲ့ ဖြေသိမ့်နိုင်ပါတယ်။

နောက်တချက်က… အခုလိုမျိုး Microsoft ဘက်က Linux kernel ကို သူ့ရဲ့ platform မှာ အချိန်တိုအတွင်း tightly integrate လုပ်တာဟာ၊ သူ့ရဲ့ target ဟာ Linux community ထက် Apple များဖြစ်နေမလားလို့ သံသယရှိပါတယ်။ လက်ရှိအချိန်ထိ developer environment တစ်ခုကို setup လုပ်ဖို့ရာအတွက်တော့ Linux ပြီးရင် Apple ရဲ့ MacOS ဟာ developer တွေအတွက်တော့ အဆင်အပြေဆုံးပါ။ Bash ကို သူ့ရဲ့ terminal ထဲမှာသုံးပြီးတော့ Linux မှာလိုမျိုး အသုံးပြုနိုင်တဲ့ toolset တော်တော်များများကို Apple မှာလည်း အလွယ်ယူသုံးနိုင်တာကို တွေ့နိုင်မှာပဲဖြစ်ပါတယ်။ Windows ဘက်မှာလည်း PowerShell ကိုသူ့ရဲ့ drive engine အနေနဲ့ အသုံးပြုဖို့ အကြံရှိခဲ့သော်လည်း မအောင်မြင်တဲ့အတွက် အခုတဖန် Windows Terminal နဲ့ သူနဲ့ အတူတွဲပြီးတော့ အသုံးပြုအောင်လို့ WSL 2 ကို ရောယောင်ပြီးတော့ တပေါင်းတစည်းတည်း ဖြစ်အောင်လို့ အတင်းသွပ်သွင်းလို့ လာနေတာလည်း ဖြစ်ပါတယ်။ Microsoft အနေနဲ့ direct threat ဟာ Apple လို့မြင်လို့က မြင်နိုင်ပြီးတော့၊ “the enemy of my enemy is my friend” ဆိုတဲ့ အတိုင်း တစ်ခုခုနဲ့ ပူးပေါင်းဖို့ပဲ ကျန်တော့တယ်လို့ မြင်ပါတယ်။ Linux နဲ့ Apple ဟာတိုက်ရိုက် ထိတိုက်တွေ့စရာ မရှိသော်လည်း၊ သူတို့ရဲ့ အနောက်မှာရှိတဲ့ developer army ဟာ တော်တော်လေးကို ကြောက်ဖို့ကောင်းပါတယ်။ Open source မှာ Linux နဲ့ အခြားသော open source project တွေမှာ ပါဝင်ကြိုးစားပေးတဲ့ developer တွေမြောက်များစွာရှိသလိုမျိုးပဲ၊ Apple မှာလည်း Apple ရဲ့ Ecosystem တစ်ခုလုံးအတွက် ကြေးစား developer တွေဟာလည်း ချိန်ခွင်ရဲ့ အခြားဘက်မှာရှိနေသေးကိုလည်း ထည့်သွင်းပြီးတော့ စဉ်းစားပေးသင့်ပါတယ်။ Windows မှာတော့ သူတို့နှစ်ခုလိုမျိုး တောင့်တင်းတဲ့ developer army မရှိခဲ့လို့ Steve Ballmer ရဲ့ တချိန်က Developers, Developers, Developers, Developers ဆိုပြီးတော့ ကြွေးကြော်သံဟာ သမိုင်းမှာလည်း ခပ်ကြောင်ကြောင်နိုင်လို့ကောင်းတုန်းပါ။ သေချာတာတစ်ခုကတော့ Windows ဟာ personal device space မှာ Apple မှာလိုမျိုး end-to-end ecosystem ကောင်းကောင်းတစ်ခုမရှိဘူးဆိုတာ Windows Phone ရဲ့ ကျဆုံးခန်းဟာ သက်သေထူနေပါတယ်။ မပြေးသော်လည်း ကန်ရာရှိသမို့ စာရေးသူ အခုလို ကောက်ချက်ချရင် ရိုင်းမယ်မထင်ပါ။

နောက်ဆုံးပြောစရာရှိတာက… Linus Torvalds ကိုယ်တိုင်က Microsoft ဟာအခုလိုမျိုး Linux လို platform ကို ကြွေပြီးတော့ တကယ်ကြီးကို contribute လုပ်နေတာကို ဝမ်းမြောက်စွာဖြင့်ကြိုဆိုပါတယ်။ Microsoft ဟာ tech industry မှာတော့ အချိန်ထိ leader board ပေါ်မှာ အခုချိန်ထိ ဇယားထိပ်မှာ ရပ်တည်နေတုန်းမို့ ကတယ်သာ ထိထိရောက်ရောက် open source အပေါ်မှာစေတနာထားပြီးတော့ contribute လုပ်သွားရင်တော့ open source project တွေအတွက်ရော၊ proprietary ပါ ပါဝင်တဲ့ tech industry တစ်ခုလုံးအတွက်ရော အကျိုးများနိုင်မယ့် အနေအထားရှိပါတယ်။ ဘာဖြစ်လာအုံးမယ်ဆိုတာ အခုချိန်ထိတော့ မသိနိုင်ပေမယ့်လည်း အခုအချိန်လိုမျိုး တစ်ကမ္ဘာလုံး pandemic ကြောင့်ရော၊ အဲ့ဒီမတိုင်ခင် စီးပွားရေးကပ်ဆိုက်လုမျောမျော ဖြစ်လာတဲ့ market အနေအထားကြောင့် စျေးအေးလာတဲ့ အခါမှာတော့ tech company ကြီးတွေက စျေးဝယ်ထွက်ကြပါတယ်။ Microsoft လည်း အခုသလော အဝယ်ကြမ်းနေပါတယ်၊ Cisco လည်း အဝယ်ကြမ်းနေပါတယ်။ အခြားသော key player တွေလည်း အဝယ်ကြမ်းလို့ နေပါတယ်။ ဟိုတလောကပဲ… Zoom က သူ့ရဲ့ security အတွက် အားဖြည့်ဖို့အတွက် Keybase.io ကို ဝယ်လိုက်ပါတယ်။ Keybase.io ရဲ့ ထုတ်ပြန်စာမှာတော့ အခုချိန်မှာတော့ keybase ရဲ့ အနာဂတ်ဟာ Zoom ရဲ့ လက်ထဲမှာဆိုတဲ့ လေသံမျိုးကြားရတော့ merger တွေဟာ tech industry အတွက် innovation တွေပျောက်ကွယ်သွားဖို့ အတွက် ဘယ်လောက်တောင် ဒုက္ခပေးနိုင်သလဲဆိုတာကို ခံစားလို့ ရနေပါတယ်။

ဒီလောက်ဆိုရင်တော့… ထောင့်စုံအောင် ပတ်ပြီးတော့ ဆွေးနွေးဖြစ်လိုက်မယ်လို့ထင်ပါတယ်။ ဒီသလောက် Microsoft နဲ့ Open source မှာတွေ့နေရတဲ့ သတင်းတွေကြည့်ပြီး ဖတ်ပြီးတော့ စဉ်းစားမိတဲ့ အကြောင်းအရာလေးတစ်ခုပါ။ စိတ်ရှည်ရှည်နဲ့သာ စောင့်ကြည့်ရအုံးမယ့် open source ကမ္ဘာရဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ “အဆိုးနဲ့အကောင်း တွဲနေတတ်တာကို မြင်နိုင်ဖို့ကြိုးစား” နိုင်ကြပါစေသော်။

☕
Page cover image