💻
ITmatic101 - MY
  • ITmatic101 - နည်းပညာဆိုင်ရာ Blog
  • ☕Linux/BSD
    • Linux distro-hopper ခရီးကြမ်း
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၂)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၃)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၄)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၅)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၆)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၇)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၈)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၉)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁၀)
    • Manjaro Linux အကြောင်းတစေ့တစောင်း
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၁)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၂)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၃)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၄)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၅)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၁)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၂)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၁)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၂)
    • Ubuntu မှာအလုပ်ဖြစ်သော tool နဲ့ application (၁၀) ခုအကြောင်း
    • Docker မိတ်ဆက် အပိုင်း(၁)
    • Docker မိတ်ဆက် အပိုင်း(၂)
    • Docker မိတ်ဆက် အပိုင်း(၃)
    • GNU/Linux ကိုဘာလို့ ပြောင်းသုံးသင့်သလဲ
    • GNU/Linux မှာသုံးတဲ့ CLI ကိုဘယ်လိုခေါ်ကြသလဲ
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၁)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၂)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၃)
    • ပြတိုက်ထဲက SysVinit အကြောင်း
    • Open source သင်ခန်းစာများ အပိုင်း(၁)
    • Open source သင်ခန်းစာများ အပိုင်း(၂)
    • လေထုညစ်ညမ်းစပြုလာတဲ့ Linux ရဲ့ Ecosystem
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၁)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၂)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၃)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၄)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၅)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၁)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၂)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၃)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၄)
    • Open Source ကောက်ကြောင်း – အပိုင်း(၁)
    • Open Source ကောက်ကြောင်း – အပိုင်း( ၂)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၁)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၂)
    • SELinux မိတ်ဆက်
    • Open Source Licenses များအကြောင်း – အပိုင်း (၁)
    • Open Source Licenses များအကြောင်း – အပိုင်း (၂)
    • Keepalived မိတ်ဆက် – အပိုင်း (၁)
    • Keepalived မိတ်ဆက် – အပိုင်း (၂)
    • Linux မှာ package manager တွေကိုဘယ်လိုအသုံးပြုသလဲ
  • 🚀Automation
    • Chef မိတ်ဆက် အပိုင်း(၁)
    • Wireguard ရဲ့ automated workflow
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၁)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၂)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၃)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၄)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၁)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၂)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၃)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၁)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၂)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၁)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၂)
    • Kickstart ကိုအသုံးပြုပြီး Custom ISO တွေဖန်တီးပုံ
  • ⚙️Networking
    • အဘယ့်ကြောင့် GNS3
    • ZeroTier မိတ်ဆက်
    • WireGuard အကြောင်းသိကောင်းစရာ
    • Linode VPS မှာကိုယ်ပိုင် Wireguard VPN server တစ်ခုတည်ဆောက်ပုံ
    • အဘယ်ကြောင့် MikroTik
    • VRRP ကို MikroTik မှာ setup လုပ်ပုံ
  • ☁️Virtualisation and Cloud
    • KVM မှာ virtual disk တွေကို ဘယ်လို resize လုပ်လို့ရသလဲ
    • Debian 12 ပေါ်တွင် Proxmox 8 ကိုဘယ်လို integrate လုပ်သလဲ
    • Promox ပေါ်မှာ VM template တွေကို cloud-init သုံးပြီး ဖန်တီးပုံ
    • Custom LXD container templates များကိုဘယ်လို import လုပ်သလဲ
    • Cloud ဆိုသည်မှာ
  • 🍒others
    • Git အကြောင်းသိကောင်းစရာ
    • Home Lab ရှိခြင်း အနုပညာ
    • ကိုယ့်လုံခြုံရေးအတွက် အသုံးပြုသင့်တဲ့ toolkit လေးများ
    • SSH Tunneling အကြောင်းသိကောင်းစရာ
    • အခြေခံ SSH workflow များ
    • SSH Certificate Based Authentication အကြောင်းတစေ့တစောင်း
    • နေ့စဉ်သုံး စိတ်ကြိုက် Application/Software လေးများ
    • Keyboard Size တွေအကြောင်းသိသမျှ
    • သက္ကရာဇ်၂၀၂၀ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • သက္ကရာဇ်၂၀၂၁ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၁)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၂)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၃)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၄)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၅)
    • အင်တာနက်မြန်မာစာ ယူနီကုဒ်ဇော်ဂျီ ပြဿနာ
    • CyanogenMod မိတ်ဆက် အပိုင်း(၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၂)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၃)
  • 💀OffSec
    • ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် OpenSSL
Powered by GitBook
On this page

Was this helpful?

  1. Linux/BSD

Open Source ကောက်ကြောင်း – အပိုင်း(၁)

PreviousLinux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၄)NextOpen Source ကောက်ကြောင်း – အပိုင်း( ၂)

Last updated 2 years ago

Was this helpful?

အခုနောက်ပိုင်းမှာ open source software အကြောင်း လူတွေအပြောများလာကြပါတယ်။ Buzzword တစ်ခုလိုမျိုး တစ်ခုခုဆိုရင် open source မှ၊ open ဖြစ်မှဆိုပြီးတော့ ပြောကြဆိုကြလာတာကို အကြားများလာလို့ စာရေးသူလည်း open source ဆိုတာ ဘယ်ကနေ ဘယ်လိုမျိုး စလာရသလဲ။ အခုနောက်ပိုင်းမှ လူပြောများလာတာလာ သို့မဟုတ် philosophical idea အသစ် များလာဆိုပြီးတော့ ရှာဖွေဖတ်ရှုလေ့လာ ဖြစ်ပါတယ်။ Software development မှာတော့ open source ဆိုတဲ့ အသုံးအနှုံး အစိမ်းသပ်သပ်တော့ မဟုတ်ပါ။ Linux platform တစ်ခုလုံးက open source ဆိုတဲ့ အုတ်မြစ်ပေါ်မှာ တည်ဆောက်ထားတာဖြစ်လို့ စာရေးသူတို့ အတွက်တော့ သိပ်ပြီးတော့ ခက်ခက်ခဲခဲ နဲ့ နားလည်ဖို့ မရှိပါဘူး။ သို့သော် Linux ကိုလည်းမသိဘူး၊ software developer တစ်ယောက်လည်း မဟုတ်ဘူး ဆိုရင်တော့ open source ဆိုတဲ့ ideology ကို နားလည်ဖို့ နည်းနည်းခက်မယ်လို့ စာရေးသူထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုအရင် တချိန်တုန်းကလည်း စာရေးသူ အဲ့ဒီလို နေရာမျိုးနေလာခဲ့ရတာဖြစ်တဲ့အတွက် ideology တစ်ခုကို ဘာလို့ အုတ်မြစ်ချဖို့ခက်သလဲဆိုတာ ကောင်းကောင်းနားလည်ပါတယ်။ အထူးသဖြင့် ကိုယ့်အတွက် တိုက်ရိုက် ရိုက်ခက်မှုမျိုး မရှိဘူးဆိုရင် လူ့သဘာဝအရ မဆိုင်လိုပဲနေလိုက် ကြလို့ ဘယ်သူ့ကိုမှလည်း မသိရကောင်းမလားဆိုပြီးတော့ စိတ်ဆိုးစရာမရှိပါဘူး။ တိုတောင်းလွန်းလှတဲ့ လူ့ဘဝမှာ ကိုယ်နဲ့ အာရုံငြီတွယ်ရာကိုတာ တွယ်ကပ်ပြီးတော့ ဘဝမှာတရက်ပြီး တရက်ဖြတ်သန်းရတာမို့ အရာခပ်သိမ်း ကို အလုံးစုံသိကျွမ်းဖို့ဆိုတာတော့ မလွယ်လှပါဘူး။ ကံဆိုတာလူလုပ်သမျှမို့ စာရေးသူတို့ သိဖို့ကျွမ်းဖို့ရာ လေ့လာမှတ်သား ရပါတယ်။ Open source / Free Software ဆိုတာတွေက စာရေးသူ အတွက်တော့ religion တစ်ခု၊ belief system တစ်ခုအနေနဲ့ ကိုယ်တိုင်ခံယူလိုက်သလိုခံစားလိုက်ရတဲ့ ယုံကြည်ရာတစ်ခုလို့ ပြောရင်လည်း အရမ်းကြီးလွန်သွားမယ်လို့ မထင်ပါ။ ကိုယ်လိုလူတွေလည်း အပြင်မှာ အများကြီးရှိလို့ စိတ်ခွန်းအားဖြစ်ရပါတယ်။

Open source နိဒါန်း

စာရေးသူ မကြာသေးခင်တုန်းက npr ကထုတ်လွှင့်တဲ့ TED RADIO HOUR ဆိုတဲ့ podcast တစ်ခုမှာ ၂၀၁၅ ခုနှစ်က broadcast လုပ်ထားတဲ့ Open Source World ဆိုတဲ့ program တစ်ခုကို အမှတ်မထင်ပဲနဲ့ အလုပ်သွားတဲ့ အချိန်မှာနားထောင်ဖြစ်ခဲ့ပါတယ်။ စတာနဲ့ Sir Tim Berners-Lee စကားပြောနေတာနဲ့ စပါတယ်။ World Wide Web ဆိုတဲ့ www အကြောင်းပါပဲဖြစ်ပါတယ်။ Sir Tim Berners-Lee ဆိုတာဘယ်သူလဲလို့ မသိသေးတဲ့လူတွေအတွက်တော့ သူ့အကြောင်းအနည်းငယ် မိတ်ဆက်ပေးလိုပါတယ်။ သူကတော့ World Wide Web ဆိုတဲ့ နည်းပညာတစ်ခုနဲ့ ကမ္ဘာကြီးနဲ့ ဒီထက်ပိုပြီးတော့ တိုးတက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ programmer တစ်ယောက်ပဲ ဖြစ်ပါတယ်။ Podcast ထဲမှာလည်း မရှင်းမှာကြောက်လို့ သေချာ ပြောပြသွားပါတယ်။ World Wide Web ဆိုတာ the Internet နဲ့ မတူပါဘူး။ The Internet ဆိုတာကတော့ computer တွေ server တွေကို အကုန်ုလုံး network တစ်ခုတည်းမှာ ချိတ်ဆက်လို့ ရအောင်လုပ်ပေးတဲ့ နည်းပညာတစ်ခုဖြစ်ပြီးတော့ World Wide Web ဆိုတာကတော့ the Internet ပေါ်မှာ သတင်းအချက်အလတ်တွေကို present လုပ်ဖို့အတွက် လိုအပ်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ စစတုန်းကတော့ static web pages တွေပေါ်မှာ ကိုယ်တင်ချင်တဲ့ အချက်အလတ်တွေကို www မှာတင်ပြီးတော့ information ကို share ကြပါတယ်။ Sir Tim Berners-Lee ပြောပြပုံအရတော့ ၁၉၈၉ ခုနှစ်လောက်တုန်းက လူတွေ ကိုယ် share ချင်တဲ့ အချက်အလက်တွေကို CD-ROM တို့ Floppy တို့ပေါ်မှာ file တွေကို save လုပ်ပြီးတော့ ဒီကနေဟို၊ ဟိုကနေဒီ ပို့ပြီးတော့ မျှဝေရပါတယ်။ အဲ့ဒီတော့ သူစဉ်းစားမိတာ တစ်ခုက အကယ်လို့များ အဲ့ဒီလို share မယ့်အစား click လုပ်လို့ရမယ့် link လေးတွေနဲ့ online documentation တစ်ခုဆိုရင်ဘယ်လောက်ကောင်းလိမ့်မလဲလို့ပါ။ အဲ့ဒါနဲ့ ဒီ World Wide Web ဆိုတာလေးကို စတင်လုပ်ဖြစ်ပါတာလည်း ဖြစ်ပါတယ်။ တကယ့်ကို humble ဖြစ်လွန်းတဲ့ World Wide Web ရဲ့ စပြိုးခဲ့တဲ့ ပုံလေးပါ။

နောက်တစ်ခုက www လိုပဲ အဲ့ဒီအချိန်က Gopher ဆိုတဲ့ နည်းပညာတစ်ခုလည်း တပြိုင်တည်းဆိုသလို ပေါ်ထွက်လာခဲ့ပါတယ်။ သို့သော် Gopher က proprietary နည်းပညာတစ်ခုပါ။ အဲ့ဒီတော့ US Military လိုကြီးမားတဲ့ organization တွေအတွက် အသုံးပြုဖို့ကို တက်နိုင်ပြီးတော့ general public အတွက်တော့ အလွယ်တကူ ငွေကြေးနဲ့ အသုံးပြုဖို့ဆိုတာ စိတ်ကူးနဲ့တောင် မဖြစ်နိုင်ခဲ့ပါဘူးတဲ့။ ဒါကိုလည်း Sir Tim Berners-Lee က ကောင်းကောင်းသိခဲ့ပုံရပါတယ်။ အဲ့ဒီအတွက် သူက သူရဲ့ ဖန်တီးမှုတစ်ခုဖြစ်တဲ့ www ကို လူတိုင်းအသုံးပြုလို့ရအောင်လို့ ကြိုးပမ်းမူအနေနဲ့ Open Source လုပ်ခဲ့ပါတယ်။ ထိုစဉ်က သူအလုပ်လုပ်တဲ့ တက္ကသိုလ်မှာလည်း အဲ့ဒီလို Open Source လုပ်ဖို့ရာအတွက် သူ့မှာ အများကြီးလုပ်ယူခဲ့ရပါတယ်။ Interviewer က မထင်မှတ်တဲ့ ပညာသားပါပါ မေးခွန်း တစ်ခုကို Interview မှာမေးခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ကိုအဲ့ဒီအချိန်တုန်းကဘာဖြစ်လို့ open source လုပ်ဖို့၊ free ပေးဖို့ အတွက်စဉ်းစားခဲ့တော့၊ အခုလိုမျိုး အရမ်းအောင်မြင် နည်းပညာတစ်ခုဖြစ်လာတဲ့အခါမှာ ငွေကြေးအရအများကြီး ရလာနိုင်တာကိုကောထည့်သွင်း စဉ်းစားဖြစ်လားတဲ့။ Sir Tim Berners-Lee ကတော့ Interviewer ကို အဲ့ဒီလိုတွေးရင် အဲ့ဒီလိုယူဆရင်တော့ မှားသွားမယ်တဲ့။ နည်းပညာတစ်ခုကကောင်းလွန်းလို့ လူသုံးများ လူသိများလာရတာမဟုတ်နိုင်ဘူးတဲ့။ Open source လုပ်ပေးထားလို့ လူတိုင်းသုံးလာ နိုင်ပြီးတော့ လူသုံးများ လူသိများလာရတာလို့ တဖတ်ကနေပြန်ဖြေသွားတာ စာရေးသူဖြင့် စိတ်ထဲမှာ မပြုံးပဲမနေနိုင်အောင်ကို ဖြစ်မိပါတယ်။ တကယ်တန်းပြန်ပြီးတော့ ဆင်ခြင်သုံးသပ်လိုက်တော့ www နဲ့ အပြိုင် Gopher ဆိုတဲ့ဟာကြီး အခုဘယ်နားရောက်သွားသလဲ။ စွမ်းဆောင်နိုင်ရည်တူအုံးတော့ အလွယ်တကူယူသုံးလို့ ရတဲ့ World Wide Web က သူနေရာနဲ့သူ တခန်းရပ်တည်ခဲ့ပါတယ်။ အဲ့ဒီတော့ သူက အကယ်၍များ Gopher လိုမျိုး သူ့ရဲ့ www ကို proprietary လုပ်လိုက်ရင် အခုလောက် လူသုံးများချင်မှများတော့ မှာပေါ့တဲ့ဗျာ။ Open source ရဲ့ အခိုးအငွေ့လေးတစ်ခုကို ဖြတ်ခနဲတွေ့လိုက်ရလို့ စာရေးသူကတော့ ပန်းချီကားတစ်ခုလို လှလွန်းလို့ ဧည့်ခန်းထဲမှာချိတ်ထားသလိုမျိုးပဲ သူ့ရဲ့ အဖြေကို မှန်ဘောင်သွင်းပြီးတော့ တနေရာရာမှာချိတ်ထားချင်မိပါ တယ်။ လှလိုက်တာနော်…

သူ့ရဲ့အဆုံးသတ်ဖြေသွားတာကတော့ အောက်ကအတိုင်း ဖြစ်ပါတယ်။

“And it has to be open. If it hadn’t been open, it would have been a walled garden, and the moment you start a walled garden, people look at it, and they say oh, that looks lucrative. We can do that better. And we would have had all these independent system, and those programs wouldn’t work together. You wouldn’t have been able to follow a link from one to the other. So basically, the Web would never – I don’t think it would have got the critical mass.” — Sir Tim Berners-Lee —

တိုက်ရိုက်ဘာသာပြန်ကြည့်မယ်ဆိုရင်တော့…

“အဲ့ဒါကဖွင့်ပေးထားရမှာပါ။ အကယ်လို့များ ဖွင့်မပေးထားခဲ့ဘူးဆိုရင်၊ ချုပ်ချယ်မှုတွေ သတ်မှတ်ချက်တွေ များလွန်တဲ့ restricted information system တစ်ခုသာဖြစ်သွားပြီး (walled garden ကိုဆိုလိုရင်းဖြစ်ပါသည်။) လူတွေကလည်း ကြည့်ပါအုံးကွာငွေကြေးအမြတ်အစွန်းတစ်ခုတည်း အတွက်ကြည့်ပြီးတော့လုပ်တာပါလို့မြင်လာကြမှာပါ။ ကျွန်တော်တို့ ဒီထက်ကောင်းအောင် စွမ်းဆောင်နိုင်ပါတယ်။ ပြီးတော့လည်းလေ… ကျွန်တော်တို့တတွေ အဲ့ဒီမတူတဲ့ system တွေအားလုံး တပြိုင်တည်းမှာ သုံးကြတောင်မှ၊ သူ့တို့ရဲ့ program တစ်ခုနဲ့ တစ်ခုဟာ ပူးတွဲပြီးတော့ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ခင်ဗျားတို့လည်း link တစ်ခုကနေ တစ်ခုကို click လုပ်ပြီးတော့ အခုလိုလုပ်နိုင်တော့မှာမဟုတ်ပါဘူး။ အဲ့ဒီအတွက် အခြေခံအားဖြင့် the Web ဆိုတဲ့ ကွန်ယက်ဟာ (World Wide Web ကိုဆိုလိုခြင်းဖြစ်ပါသည်။) အခုလိုမျိုး လူသုံးများလာမှာမဟုတ်လို့ ကျွန်တော်ထင်ပါတယ်။” — Sir Tim Berners-Lee —

ဒီနေရာမှာ မြင်နိုင်တာတစ်ခုက အများအကျိုးအတွက် ကိုယ်ရဲ့ တီထွင်ဖန်တီးမူ တစ်ခုကို လူတိုင်းသုံးနိုင်အောင် open system တစ်ခုအနေနဲ့ လုပ်ဖို့ဆိုတာ အများကြီးထည့်သွင်း စဉ်းစားကြရပါတယ်။ Proprietary မှာဆိုရင်တော့ ရှင်းပါတယ်၊ အမြတ်အစွန်းလိုချင်လို့ နည်းပညာ ထုတ်ကုန်တစ်ခုကို ထုတ်တယ်။ ကိုယ်ဘယ်လိုလုပ်ထားသလဲ ဆိုတာအခြားသူတွေ မမြင်နိုင်အောင် closed source လုပ်တယ်။ ပြီးတော့ ဟိုလူကူး ဒီလူကူး လုပ်လို့မရအောင်လို့ patent တွေတင်တယ်။ copyright တွေလုပ်တယ်ပေါ့လေ။ ရှင်းတယ်ဆိုပေမယ့်လည်း ဥပဒေ အရလုပ်ရတာတွေတော့ အများကြီးရှိပါတယ်။ သို့သော် thought process မှာတော့ရှင်းပါတယ်။ ကိုယ်က open လုပ်မယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေလုပ်ရမှာပါ။ ပြီးတော့လည်း free ဖြစ်လို့ open ဖြစ်လို့၊ အဲ့ဒီအပေါ်မှာအားနည်းချက်ရှာပြီးတော့ ဖျက်လိုဖျက်ဆီးလုပ်မယ့် လူတွေလည်းရှိတာမို့၊ ဥပဒေအရ ကိုယ့်ရဲ့ နည်းပညာထုတ်ကုန်ကို ကာကွယ်ရမလဲ ဆိုတာလည်း ရှင်းရှင်းလင်းလင်းသိဖို့လိုအပ်ပါတယ်။ ငွေရေးကြေးရေး မပါတဲ့အတွက် ကိုယ်ရေရှည်မှာ ဘယ်လို ရပ်တည်သွားနိုင်အောင်လုပ်ရမလဲဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။ စာရေးသူအတွက်တော့ open source နဲ့ free software ကို မှော်ဝင်စားနိုင်စွမ်း မရှိပဲနဲ့ အခမဲ့ပေးဖို့ဆိုတာ လက်ရှိ နည်းပညာရဲ့ consumer marketing အတွက် အံဝင်ကွင်ကျဖြစ်ဖို့ဆိုတာကတော့ ဖြစ်နိုင်မယ်မထင်ပါ။ အခုနောက်ပိုင်းမှာတော့ proprietary company တွေဟာလည်း ငါးပွက်ရာ ငါးစာ ချ ဆိုတဲ့အတိုင်း ငွေကြေးတက်နိုင်သည့်အလျှောက် ဟိုလူသုံးများတဲ့ platform ကိုဝယ်လိုက်၊ ဒီ platform လေးကို ဝယ်လိုက်နဲ့ ခြေချင်းကိုလိမ်နေကြပါတယ်။ ဒီလိုနဲ့ပဲ… ဟိုတလောက NPM ကို GitHub ကဝယ်လိုက်တယ်ဆိုတဲ့ သတင်းကောက်ထွက်လာတော့ စာရေးသူ မအံ့ဩတော့ပါ။ Headline တွေမှာတော့ Microsoft ဆိုတဲ့ဟာကို တက်နိုင်သလောက် ရှောင်ပြီးတော့ GitHub က NPM ကိုဝယ်တယ်ဆိုလို့သာ လှည့်ပြီးတော့ ရေးထားတဲ့အတွက် မျက်စိတော့လည်ချင်စရာကြီးပါ။

အချို့လည်း ဒီလို Microsoft ကလိုက်ပြီးတော့ merger လုပ်တာကို ကြိုက်တဲ့သူရှိသလို၊ ဘဝင်မကျတဲ့သူတွေလည်း တဘက်တချက်မှာရှိနေပါတယ်။ စာရေးသူတို့ ကြိုမြင်နိုင်တဲ့ကိစ္စမျိုးမဟုတ်ပေမယ့်လည်း ထင်ကြေးအမျိုးမျိုးပေးပြီးတော့ ကိုယ်ကြိုက်သလို တွေးကြည့်လို့တော့ရနိုင်ပါတယ်။ တချိန်က Microsoft ရဲ့ EEE strategy ကို မလုပ်နိုင်တော့ဘူးလို့ မျှော်လင့်ရပါတယ်။ EEE ဆိုတာကတော့ Embrace, Extend and Extinguish သို့မဟုတ် Exterminate ကို အတိုကောက်လုပ်ထားတာပါ။ အဓိပ္ပာယ်ကတော့ Embrace ဆိုတာ Microsoft က တချိန်က သူနဲ့ ပြိုင်နိုင်ခြေရှိလာနိုင်တဲ့ startup company တော်တော်များကို အချိုသပ်ပြီးတော့ တစ်ခုပြီးတော့တစ်ခုကိုလိုက်ပြီးတော့ လိုက်လံသိမ်းသွင်းခဲ့ပါတယ်။ ပြီးရင်တော့ Extend ဆိုတာကတော့ ကူညီသလိုနဲ့ သူ့ရဲ့ ပြိုင်ဘက်တွေ system မှာ ထည့်သွင်းအသုံးလို့ မရအောင် feature အသစ်တွေကို promote လုပ်၊ နောက်မှ အဲ့ဒီ ပြိုင်ဘက် system တွေနဲ့ တွဲပြီးတော့သုံးလို့မရအောင် လုပ်ပါတယ်။ အဲ့ဒီမှာတင် အရင်က အဆင်ပြေသလိုရှိတဲ့ system တစ်ခုဟာဖြင့် အခုဆိုရင်တော့ အရောင်မျိုးစုံနဲ့ ပြင်လို့မကုန်နိုင်တဲ့ bugs တွေနဲ့ရွာလည်ကုန်ပြီး၊ လူတွေကလည်း ဟာ… ဒါကြီးကအလုပ် မဖြစ်ဘူးဆိုပြီးတော့ စိတ်ကုန်လာတဲ့ အထိဖြစ်ကုန်ပါတယ်။ ဒါဆိုရင်တော့ နောက်ဆုံးအဆင့်မှာတော့… Extinguish သို့မဟုတ် Exterminate ဆိုတာကတော့ သူတို့ မလိုအပ်ပါပဲနဲ့ features တွေ၊ extension တွေထည့်ပြီးတော့ အဆင်မပြေတော့တဲ့ဟာတွေကို တဖန် Microsoft က လူစွမ်းကောင်း ပြန်ဝင်လုပ်ပြီးကာမှ၊ ရော့… ဟောဒီမှာဖြင့် အဆင်ပြေအောင် solution ဆိုပြီးတော့ ပြန်လည်ရောင်းပါတယ်။ သူ့ရဲ့ ပြိုင်ဘက်ကို ဝင်လုံးပြီး သတ်ပစ်လိုက်တဲ့ သဘောပါ။ အဲ့ဒါကြောင့်လည်း… Microsoft ရဲ့ Bill Gates ဟာ antitrust law နဲ့ တရားခွင်မှာ ရင်ဆိုင်ရပါတယ်။ နည်းပညာရဲ့ capitalism ကိုလည်း အဲ့ဒီ အမှုကြီးနဲ့ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် Microsoft ဆက်လက်ရှင်သန်ခွင့်ရခဲ့ပါတယ်။ Bill Gates ကြီးလည်း ကမ္ဘာ့ အချမ်းသာဆုံး လူငယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဒီတပိုင်းမှာတော့ ဒီလောက်နဲ့ပဲရပ်လိုက်ပါအုံးမယ်။ နောက်တပိုင်းမှာတော့ open source ရဲ့ ခြေရာဆက်ကောက်ပါ့မယ်။ Open source ဆိုတာ နောက်ပိုင်း နည်းပညာနယ်ပယ်မှာမှ စတင်ခဲ့တဲ့ revolution တစ်ခုလား။ ဒါမှမဟုတ် ရှိပြီးသား လူ့အဖွဲ့အစည်းထဲက စံ စနစ်တစ်လားဆိုတာကို ဆက်ပြီးတော့ အတွေးနယ်ချဲ့ချင်ပါတယ်။

အဲ့ဒီ interview နဲ့ သူ့ရဲ့ script ကိုဖတ်ချင်တယ်ဆိုရင်တော့ ဒီ မှာသွားကြည့်လို့ရပါတယ်။ Sir Tim Berners-Lee ရဲ့ Ted Talk ကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီ မှာသွားကြည့်နိုင်ပါတယ်။

Link
Link
☕
Page cover image