💻
ITmatic101 - MY
  • ITmatic101 - နည်းပညာဆိုင်ရာ Blog
  • ☕Linux/BSD
    • Linux distro-hopper ခရီးကြမ်း
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၂)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၃)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၄)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၅)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၆)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၇)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၈)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၉)
    • လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၁၀)
    • Manjaro Linux အကြောင်းတစေ့တစောင်း
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၁)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၂)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၃)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၄)
    • GNU/Linux Desktop Environment များအကြောင်း အပိုင်း (၅)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၁)
    • TACACS+ နဲ့ Windows AD ကိုတွဲပြီး အသုံးပြုနည်း – အပိုင်း (၂)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၁)
    • FreeRADIUS နဲ့ PPPoE Authentication အပိုင်း (၂)
    • Ubuntu မှာအလုပ်ဖြစ်သော tool နဲ့ application (၁၀) ခုအကြောင်း
    • Docker မိတ်ဆက် အပိုင်း(၁)
    • Docker မိတ်ဆက် အပိုင်း(၂)
    • Docker မိတ်ဆက် အပိုင်း(၃)
    • GNU/Linux ကိုဘာလို့ ပြောင်းသုံးသင့်သလဲ
    • GNU/Linux မှာသုံးတဲ့ CLI ကိုဘယ်လိုခေါ်ကြသလဲ
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၁)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၂)
    • Linux Kernel အကြောင်း သိကောင်းစရာ အပိုင်း (၃)
    • ပြတိုက်ထဲက SysVinit အကြောင်း
    • Open source သင်ခန်းစာများ အပိုင်း(၁)
    • Open source သင်ခန်းစာများ အပိုင်း(၂)
    • လေထုညစ်ညမ်းစပြုလာတဲ့ Linux ရဲ့ Ecosystem
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၁)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၂)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၃)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၄)
    • အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၅)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၁)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၂)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၃)
    • Linux မှာသုံးတဲ့ GNU General Public License အကြောင်း အပိုင်း(၄)
    • Open Source ကောက်ကြောင်း – အပိုင်း(၁)
    • Open Source ကောက်ကြောင်း – အပိုင်း( ၂)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၁)
    • “မှားတဲ့ဘက်မှာ” – အပိုင်း (၂)
    • SELinux မိတ်ဆက်
    • Open Source Licenses များအကြောင်း – အပိုင်း (၁)
    • Open Source Licenses များအကြောင်း – အပိုင်း (၂)
    • Keepalived မိတ်ဆက် – အပိုင်း (၁)
    • Keepalived မိတ်ဆက် – အပိုင်း (၂)
    • Linux မှာ package manager တွေကိုဘယ်လိုအသုံးပြုသလဲ
  • 🚀Automation
    • Chef မိတ်ဆက် အပိုင်း(၁)
    • Wireguard ရဲ့ automated workflow
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၁)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) – အပိုင်း(၂)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၃)
    • အနားမသပ်နိုင် သေးတဲ့ Infrastructure as Code (IaC) - အပိုင်း(၄)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၁)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၂)
    • ကြုံတွေ့ရသမျှ Network Automation အနုပညာ အပိုင်း(၃)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၁)
    • Bash နဲ့ Network Configuration Management system တစ်ခုတည်ဆောက်ပုံ – အပိုင်း(၂)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၁)
    • FTP/TFTP server ပေါ်မှာ network config တွေကို auto backup လုပ်ပုံ – အပိုင်း (၂)
    • Kickstart ကိုအသုံးပြုပြီး Custom ISO တွေဖန်တီးပုံ
  • ⚙️Networking
    • အဘယ့်ကြောင့် GNS3
    • ZeroTier မိတ်ဆက်
    • WireGuard အကြောင်းသိကောင်းစရာ
    • Linode VPS မှာကိုယ်ပိုင် Wireguard VPN server တစ်ခုတည်ဆောက်ပုံ
    • အဘယ်ကြောင့် MikroTik
    • VRRP ကို MikroTik မှာ setup လုပ်ပုံ
  • ☁️Virtualisation and Cloud
    • KVM မှာ virtual disk တွေကို ဘယ်လို resize လုပ်လို့ရသလဲ
    • Debian 12 ပေါ်တွင် Proxmox 8 ကိုဘယ်လို integrate လုပ်သလဲ
    • Promox ပေါ်မှာ VM template တွေကို cloud-init သုံးပြီး ဖန်တီးပုံ
    • Custom LXD container templates များကိုဘယ်လို import လုပ်သလဲ
    • Cloud ဆိုသည်မှာ
  • 🍒others
    • Git အကြောင်းသိကောင်းစရာ
    • Home Lab ရှိခြင်း အနုပညာ
    • ကိုယ့်လုံခြုံရေးအတွက် အသုံးပြုသင့်တဲ့ toolkit လေးများ
    • SSH Tunneling အကြောင်းသိကောင်းစရာ
    • အခြေခံ SSH workflow များ
    • SSH Certificate Based Authentication အကြောင်းတစေ့တစောင်း
    • နေ့စဉ်သုံး စိတ်ကြိုက် Application/Software လေးများ
    • Keyboard Size တွေအကြောင်းသိသမျှ
    • သက္ကရာဇ်၂၀၂၀ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • သက္ကရာဇ်၂၀၂၁ ခုနှစ်တွင်း နည်းပညာဆိုင်ရာ အမှတ်တရလေးများ
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၁)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၂)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၃)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၄)
    • Storage အကြောင်းတစေ့တစောင်း – အပိုင်း(၅)
    • အင်တာနက်မြန်မာစာ ယူနီကုဒ်ဇော်ဂျီ ပြဿနာ
    • CyanogenMod မိတ်ဆက် အပိုင်း(၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၁)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၂)
    • WikiLeaks ဆိုသည်မှာ အပိုင်း (၃)
  • 💀OffSec
    • ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် OpenSSL
Powered by GitBook
On this page
  • ဂွန်တာနမိုဘေး ထိန်းသိမ်းရေးစခန်း ပုံမှန်လုပ်ငန်းအဆင့်များ (Guantanamo Bay Detention Camp: Standard Operating Procedures)
  • Bank Julius Baer (ဂျူးလ်ယက်စ်ဘဲဘဏ်)
  • The Collected Secret Bibles of Scientology (စိုင်ရန်တိုလိုဂျီရဲ့ ကျမ်းစာစုများ)
  • Sarah Palin’s Yahoo Emails (ဆာရာပါလင်းရဲ့ ရာဟူးအီးမေးလ်များ)

Was this helpful?

  1. others

WikiLeaks ဆိုသည်မှာ အပိုင်း (၂)

PreviousWikiLeaks ဆိုသည်မှာ အပိုင်း (၁)NextWikiLeaks ဆိုသည်မှာ အပိုင်း (၃)

Last updated 2 years ago

Was this helpful?

ဒီတပိုင်းမှာတော့ WikiLeaks ရဲ့ နာမည်ကျော်ကြား တဲ့ leak တွေအကြောင်းကို ဖော်ပြချင်ပါတယ်။ WikiLeaks ကို ၂၀၀၆ လောက်မှာ တည်ထောင်ခဲ့သော်လည်း တကယ်တန်း လူသိများလာတာအချိန်က ၂၀၀၇ နှစ်အလယ်လောက်မှာမှ စတင်နာမည်ကြီးလာတာပါ။ အောက်မှာတော့ သူရဲ့ နာမည်ကျော်ကြားတဲ့ leak တွေအကြောင်းကို အချိန်အလိုက် တစ်ခုပြီးတစ်ခု စမိတ်ဆက်ပေးပါ့မယ်။ Leak တွေကတော့ နိုင်ငံရေး လူမူရေး အရှုပ်တော်ပုံတွေများစွာနဲ့ တော်တော်လေးကို စုံလင်ပါတယ်။ တချို့ leak တွေက နိုင်ငံရေး အလှည့်အပြောင်းတစ်ခုဖြစ်သည်အထိ ထိရောက်မှုရှိသလို၊ တချို့ leak တွေမှာတော့ ကမ္ဘာ့လူသားများတော်တော်များများ မသိသေးတဲ့ နိုင်ငံတကာ အစိုးရနဲ့ အထက်တန်းလွှာလူတမ်းစားတစ်ရပ်ရဲ့ အရှုပ်တော်ပုံတွေပါ။ စိတ်ဝင်စားဖို့ကောင်းသလို လေ့လာစရာတွေအများကြီးကိုလည်း WikiLeaks မှာ ဖတ်ရှုသိရှိနိုင်ပါတယ်။ ဆိုးတာတစ်ခုကတော့ WikiLeaks ဟာဘယ်တော့မှ edit ပြန်လုပ်တာမျိုးမရှိပဲနဲ့ leak တွေကိုတင်လိုက်တဲ့အတိုင်း ပြန်တင်ပါတယ်။ တချို့နေရာတွေမှာ နာမည်တွေ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ ပြန်ပါတာမို့ ထိခိုက်သူမြောက်များစွာလည်းရှိပါတယ်။ နောက်ပိုင်းတော့ WikiLeaks က ပြင်သင့်သလောက် နာမည်တွေထုတ်သင့်သလောက်ထုတ်လာတာကိုလည်း တွေ့ရပါတယ်။ မလိုအပ်ပဲ မထိခိုက်သင့်တဲ့သူ ကိုမထိခိုက်စေလိုတဲ့ သဘောမျိုး စေတနာမျိုးလည်း ဖြစ်ပါတယ်။

ဂွန်တာနမိုဘေး ထိန်းသိမ်းရေးစခန်း ပုံမှန်လုပ်ငန်းအဆင့်များ (Guantanamo Bay Detention Camp: Standard Operating Procedures)

မတ်လ ၂၀၀၃ခုနှစ်က ကူးယူထားရှိခဲ့သော ဂွန်တာနမိုဘေး Delta Camp အတွင်းက ထိန်းသိမ်းရေးစခန်း ပုံမှန်လုပ်ငန်းဆောင်တာ အဆင့်များ စာရွက်စာတမ်းကို WikiLeaks က နိုဝင်ဘာလ ၂၀၀၇ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ အမေရိကန်စစ်တပ်ရဲ့ Delta Camp အတွင်းက လုပ်ငန်းဆောင်တာ အသေးစိတ်ကို ဖော်ပြထားပါတယ်။ ပုံမှှန်စာရွက်စာတမ်းလို့ ထင်ရပေးမယ့်လည်း ထူးခြားချက်က အမေရိကန်စစ်တပ်ရဲ့ နိုင်ငံရေး အကျဉ်းသား အချို့က ကိုင်တွယ်ရာမှာ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ အဖွဲ့က သဘောတူထားတဲ့ လူ့အခွင့်အရေး များကိုမလိုက်နာပဲ ခြေလွန်လက်လွန်လုပ်ထားတဲ့ အပိုင်းတွေပါဝင်တာကြောင့် နိုင်ငံတကာ နဲ့ လူအခွင့်အရေးအဖွဲ့ တွေက မေးခွန်းထုတ်စရာဖြစ်လာပါတော့တယ်။

အမေရိကန်နိုင်ငံ ကိုယ်တိုင် လူအခွင့်အရေးခေါင်းစဉ် အောက်မှာ အခြားနိုင်ငံများအရေးမှာ ပါဝင်စွတ်ဖက်ခဲ့တာတွေရှိခဲ့ တာကြောင့်လည်း အခုလို သူတို့ကိုယ်တိုင် စည်းမဲ့ကမ်းမဲ့လုပ်ရပ်တွေကို နိုင်ငံတကာမီဒီယာတွေက မေးခွန်းထုတ်ခဲ့ပါတယ်။ လျှို့ဝှက်အချက်အလက်များဖြစ်သည့်အလျှောက် ဖုံးကွယ်ထားသည့်တိုင် အခုလိုမျိုး နိုင်ငံကတာက ဖတ်ရှုလို့ရအောင်လို့ WikiLeaks ကထုတ်ဖော်ပေးခဲ့ပါတယ်။ အဲ့ဒီကနေစပြီးတော့ လူတွေက WikiLeaks ကိုသတိထားမိလာကြပါတယ်။ WikiLeaks ဘက်ကလည်း အင်းအားကြီးနိုင်ငံတခုရဲ့ အစိုးရဟာ လုပ်ပိုင်းခွင့်တွေကို အသုံးချပြီးတော့ သတင်းအမှန်တွေ ဘယ်လောက်များများ ကိုဖုံးကွယ်ထား နိုင်သလဲဆိုတာကိုလည်း သက်သေပြနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ အလည်မှာ အမေရိကန် အစိုးရ မျက်နှာတော်တော်ပျက်ခဲ့ရပါတယ်။

Bank Julius Baer (ဂျူးလ်ယက်စ်ဘဲဘဏ်)

ကမ္ဘာပေါ်မှာ ဆွီစ်ဘဏ်ဆိုရင် လူတော်တော်များများက ယုံယုံကြည်ကြည်ရှိကြပါတယ်။ သို့သော်လည်း အချောင်သမားဆိုတာကတော့ လူမျိုးတိုင်း နိုင်ငံတိုင်းမှာရှိကြတာမို့ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား ဆိုတဲ့လူမျိုးကလည်းရှိတာမို့ ပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။ ဖေဖဝါရီလ ၂၀၀၈ခုနှစ်မှာတော့ WikiLeaks က ဆွီစ်ဘဏ်တစ်ခုဖြစ်တဲ့ Bank Julius Baer အတွင်းရေးတွေကို leak လုပ်ပါတယ်။ အဲ့ဒီစာရွက်စာတမ်းတွေကတော့ ၂၀၀၂ခုနှစ်က ဖြစ်ခဲ့တဲ့အဖြစ် တစ်ခုကနေစတယ်လို့ဆိုရမှာပါ။ ဖြစ်ပုံက ၁၉၉၇ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အတွင်းမှာ အဲ့ဒီဘဏ်ကနေပြီးတော့ ဓနရှင်တော်တော်များများရဲ့ ငွေစာရင်းတွေကို ဖျောက်ပေးထားတယ်တဲ့သတင်းက ထွက်လာပါတယ်။

ဘဏ်ကအတွင်းပိုင်း အရာရှိတော်တော်များများကို အဲ့ဒီကိစ္စနဲ့ပတ်သတ် ပြီးတော့စစ်ဆေးတဲ့အခါမှာလည်း စိတ်ကျေနပ်ဖွယ်ရာ အဖြေမျိူးမရခဲ့ပါဘူး။ နောက်ပိုင်းကျမှ WikiLeaks ကနေပြီးတော့ ကမ္ဘာ့ သန်းကြွယ်သူဌေး တွေရဲ့ အခွန်ရှောင်ခြင်း၊ ငွေမဲကို ငွေဖြူလှယ်ခြင်း၊ ငွေစာရင်း ပိုင်ဆိုင်မူများ သိုဝှက်ထားပေးခြင်း တို့ကို ဘဏ်ကအထက် အရာရှိတွေကလုပ်ပေးတယ်ဆိုတဲ့ အထောက်အထားတွေကို leak ပါတယ်။ ဘဏ်ဘက်ကလည်း အဲ့ဒါကို ငြင်းဆိုပြီးတော့ WikiLeaks ကိုပြန်ပြီးတော့တရားဆွဲပါတယ်။ ကယ်လီဖိုးနီးရား မြောက်ပိုင်းနယ်မြေ တရားရုံးက တရားသူကြီး Judge Jeffery White က WikiLeaks.org domain ကို register လုပ်ထားပေးတဲ့ Dynadot ဆိုတဲ့ domain registrar ကို WikiLeaks.org domain ကိုဖြုတ်ချပေးဖို့တွန်းအားပေးလာပါတော့တယ်။ အဲ့ဒီသတင်းက မီဒီယာတွေနဲ့ cyber-liberties တွေကြားမှာ အမေရိကန်နိုင်ငံရဲ့ First Amendment ဆိုတဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့်ဆိုင်ရာ ဥပဒေမူနဲ့ ငြိစွန်း နေတာကြောင့် ထောက်ပြစရာဖြစ်လာပါတယ်။ အဲ့ဒါကြောင့်လည်း ၅ရက်နေ့ မတ်လ ၂၀၀၈ခုနှစ်မှာ ၄င်းတရားသူကြီးနဲ့ ဘဏ်ဘက်ကပဲနောက်ဆုတ်ပေးလိုက်ရပါတယ်။ WikiLeaks.org domain လည်းအသက်ပြန်ဝင်လာပါတယ်။ ၂၀၁၁ခုနှစ်မှာတော့ ဘဏ်အရာရှိဟောင်း တစ်ယောက်က အဲ့ဒီ အရှုပ်တော်ပုံ အတွင်းရေး စာရွက်စာတမ်းတွေကို WikiLeaks ကိုထပ်တင်သွားမယ်ဆိုတဲ့သတင်းထပ်ထွက်လာပါသေးတယ်။ WikiLeaks ကနာမည်ရလာစရာ အကြောင်းဖန်လာပါတော့တယ်။

The Collected Secret Bibles of Scientology (စိုင်ရန်တိုလိုဂျီရဲ့ ကျမ်းစာစုများ)

Scientology ဆိုတဲ့ဟာကို လူတော်တော်များများ သိပြီးကြပါပြီ။ ၁၉၅၄ခုနှစ်လောက်ကတည်းက စတင်ခဲ့တဲ့ ဘာသာရေး အယူဝါဒတစ်ခု ဖြစ်သလို လူတော်တော်များများကလည်း အခုထိတိုင် ဘာသာတစ်ခုအဖြစ် လက်မခံကြပါဘူး။ စာရေးသူကိုယ်တိုင် Scientology ဆိုတာကို နားမလည်နိုင်သေးတဲ့ ဟာမျိုးပါ။ သမတ်ရိုးကျ မဟုတ်တဲ့ ယုံကြည်မှုမျိုးလည်းဖြစ်ပါတယ်။ ဒီ post မှာတော့ WikiLeaks ကနေ leak တဲ့ အကြောင်းလေးတွေရေးတဲ့အတွက် Sciecntology အကြောင်းကို အသေးမစိတ်တော့ပါဘူး။ အချုပ်အားဖြင့် Scientology ကို Hollywood က အရမ်းချမ်းသားပြီးသား မင်းသား မင်းသမီးတွေ တော်တော်များများက လိုက်စားကြပါတယ်။ Tom Cruise တို့ John Travolta တို့လိုမျိုး အရမ်းလည်းချမ်းသား အရမ်းလည်းနာမည်ကြီးတဲ့ သရုပ်ဆောင်တွေ အဲ့ဒီ Scientology ထဲမှာပါဝင်ပတ်သတ်နေတာလည်း သိရှိရပါတယ်။ ၁၉၅၄ခုနှစ် လောက်ကတည်း လျှို့ဝှက် အဖွဲ့အစည်း အနေနဲ့ ရပ်တည်ပြီးတော့ သူကြွယ်တွေက ကျောထောက်နောက်ခံပေးထား တာကြောင့်လည်း အလွန်ချမ်းသာကြွယ်ဝတဲ့ အဖွဲ့လို့လည်းဆိုရမှာပါ။ အစပိုင်းမှာ အတွေးအခေါ် သီးသန့်နဲ့ စခဲ့ရာကနေ နောက်ပိုင်းတော့ ဘာသာရေးအသွင်ကို ကူးယူပြီးတော့ ပိုမိုအောင်မြင်လာခဲ့ပါတယ်။ Scientology တည်ထောင်သူကိုယ်တိုင် ကလည်းတချိန်တုန်းက ဘာသာရေးဆိုတဲ့ဟာ အမြတ်အများကြီးရစေတယ်… အလွန်ကောင်းတဲ့ စီးပွားရေး ပုံစံဖြစ်တယ်လို့ဆိုခဲ့ဘူးပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ်ပိုင် ဘာသာရေးတစ်ခုကိုတည်ထောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မတ်လ ၂၀၀၈ခုနှစ်မှာတော့ WikiLeaks က Scientology အဖွဲ့ကြီးရဲ့ လျှို့ဝှက် ကျမ်းစာတွေဖြစ်တဲ့ Operating Thetan I ကနေ Operating Thetan VIII အထိ (အတိုကောက်ကိုတော့ OT8 လို့ခေါ်ပါတယ်။) ကို leak လုပ်ပါတယ်။ ပြီးတော့ New era Operating Thetans လို့ခေါ်တဲ့ NOTs ဟာတွေပါ leak လိုက်ပါတော့တယ်။ ၃ရက်အကြာမှာတော့ WikilLeaks ဟာ copyright law နဲ့ငြိစွန်းတယ်ဆိုပြီး တရားစွဲမည့် ခြိမ်းခြောက်စာကို လက်ခံရရှိခဲ့ပါတယ်။ WikiLeaks ကလည်း ၄င်းစာကိုပါ WikiLeaks ပေါ်မှာတည်ပြီးတော့ ပြက်ရယ်ပြုခဲ့ပါတယ်။ နောက်တခါ WikiLeaks ကို လူသိများဖို့ ဖြစ်လာပါတော့တယ်။

Sarah Palin’s Yahoo Emails (ဆာရာပါလင်းရဲ့ ရာဟူးအီးမေးလ်များ)

မကြာသေးခင်ကဖြစ်သွားတဲ့ Hilary Clinton ရဲ့ email server ကို hack ခံရပြီးတော့ လူတွေကြားမှာ ပေါက်ကြားသွားတဲ့ ဖြစ်ရပ်မျိုး စက်တင်ဘာလ ၂၀၀၈ခုနှစ်မှာ ဖြစ်ခဲ့ဘူပါတယ်။ hack ခံရတဲ့ နိုင်ငံရေးသမားကတော့ Sarah Palin ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ leak တစ်ခုရဲ့ source ကဘယ်သူဖြစ်တယ်ဆိုတာကို WikiLeaks ကထုတ်ဖော်လေ့ မရှိသလို Julian Asssange ကလည်း အဲ့လိုနည်းနဲ့သာ source တွေကိုကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။ အခုတစ်ခုမှာတော့ source က လူသိများလာတဲ့ Anonymous ထဲက အဖွဲ့ဝင်တစယောက်က Sarah Palin နဲ့ သူရဲ့ election campaign ကိုအတူတူဝင်တဲ့ John McCain တို့ရဲ့ email တွေကို WikiLeaks ကိုတင်တယ်လို့ဆိုပါတယ်။ Anonymous ဆိုတာလည်း ဘယ်သူဆိုတာကို မသိနိုင်တဲ့ အဖွဲ့တစ်ခုပါ။ ကမ္ဘာပေါ်မှာ hacker တွေ cyber-activist တွေနဲ့ ဖွဲ့စည်ထားတဲ့ အတွက် အဓိကအားဖြင့် cyber space မှာလုပ်နိုင်တဲ့ revolution တွေကို အရှေ့ကဦးဆောင်ပြီးတော့ စစ်မျက်နှာပြင်ဖွင့်တဲ့ အဖွဲ့ပါ။ Anonymous အကြောင်းကရေးလို့ ကုန်မှာမဟုတ်သလို အဖြစ်အပျက်တွေတော်တော်များများ ရှိခဲ့ဘူးပြီးပါပြီ။

WikiLeaks အကြောင်းဆက်ပါမယ်။ အဲ့ဒီ Sarah Palin ရဲ့ email ကို hack တဲ့ hacker ကတော့ Anonymous အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ David Kernell ဖြစ်ပါတယ်။ သူ Sarah Palin ရဲ့ email ကို hack တဲ့ပုံစံက အရမ်းကြီးခက်ခက်ခဲခဲ မဟုတ်သလို social engineering လို့ခေါ်တဲ့ နည်းမျိုးကို အသုံးပြုသွားတာပါ။ အဲ့ဒီတုန်းက Yahoo ရဲ့ forgotten password ဆိုတဲ့ဟာမှာ account recovery အတွက် secret questions တွေဖြေလိုက်တာနဲ့ account ကို recover လုပ်လို့ရပါတယ်။ David Kernell ဟာ Sarah Palin ရဲ့ socail media account တွေနဲ့ Google ထဲမှာရှာလို့ တွေတဲ့ Sarah Palin ရဲ့ တက်ခဲ့ကျောင်းတွေ နဲ့ မွေးရက်တွေကို ထည့်သွင်းပြီးတော့ Sarah Palin ရဲ့ Yahoo mail account ကို သိမ်းပိုက်လိုက်နိုင်ပါတယ်။ အစပိုင်းမှာတော့ 4Chan ဆိုတဲ့ webblog တစ်ခုမှာ အပျော်သဘောမျိုးတင်ရာကနေပြီးတော့ နောက်ပိုင်းမှာတော့ WikiLeaks ကို David Kernell တင်ခဲ့ပါတော့တယ်။ David Kernell ဟာ privacy ချိုးဖောက်မှုနဲ့ တရားအဆွဲဆိုခံရပြီးတော့ ၁၂ရက်နေ့ နိုဝင်ဘာလ ၂၀၁၀ခုနှစ်မှာ စီရင်ချက်ချတာခံရပါတယ်။ တစ်နှစ်နဲ့ တစ်ရက် အကျယ်ချုပ်ကျခံရပြီးတော့ ၃နှစ်ကြာ အစိုးရရဲ့ စောင့်ကြည့်မှုအောက်နေရမယ်လို့ စီရင်ချက်ချပါတယ်။ Sarah Palin ရဲ့ Yahoo personal email တွေဟာ သူ့ရဲ့ လူမှုရေး နိုင်ငံရေး အရှုပ်တော်ပုံတွေကို သိစေနိုင်ခဲ့ပါတယ်။ အတွင်းရေးဆိုတဲ့အတိုင်း လူတိုင်းမသိကောင်းတဲ့ အချက်တွေကိုပါ WikiLeak ကနေတဆင့် ကမ္ဘာလုံးက သိရှိလိုက်ရပါတယ်။ WikiLeaks နဲ့ Anonymous အတူ revolution တစ်ခုကို သက်သေထူနိုင်ခဲ့ပါတယ်။

ဒီအပိုင်းမှာတော့ အခုလောက်နဲ့ပဲရပ်လိုက်ပါတော့မယ်။ နောက်တစ်ခုမှာတော့ နောက်ထပ် WikiLeaks က နေ leak လိုက်တဲ့ နာမည်ကြီး leak ၄ခုကိုထက်ပြီးတော့ ဖော်ပြပေးပါ့မယ်။

🍒