# အဘယ်ကြောင့် MikroTik

Networking နဲ့ပတ်သတ်ပြီးတော့ စတင်လေ့လာကတည်း Cisco Network Academy နဲ့ပဲ အကျွမ်းတဝင်ဖြစ်ခဲ့ရပါတယ်။ Industry leader ဖြစ်တဲ့အပြင်၊ professional training နဲ့ပတ်သတ်လာရင်လည်း အကောင်းဆုံးလို့ ရေပူရသိထားကြပါတယ်။ ဒီအတွက်ကြောင့် networking topic တွေကအကြောင်းပြောကြရင် Cisco IOS-XE လိုplatform မှာအသုံးပြုတဲ့ CLI commands တွေနဲ့ စာရေးသူတို့ အကျွမ်းတဝင်ဖြစ်ခဲ့ကြရပါတယ်။ CCNA လို networking certificate ကိုဖြေဆိုကြမယ့် ကျောင်းသူကျောင်းသားတွေဟာ Packet Tracer လို့ခေါ်တဲ့ simulator နဲ့ networking lab တွေကို အသုံးပြုပြီးလေ့လာကြပါတယ်။ စာရေးသူ အနေနဲ့ GNS3 နဲ့ EVE-NG တို့လို emulator အသုံးပြုရတာ ပိုပြီးတော့လက်တွေကြတယ်ထင်ပါတယ်။ အရင်ကလည်း GNS3 အကြောင်းကို ရေးဖူးလို့ ဖတ်ရှုချင်ရင်တော့အောက်က link မှာသွားရောက်ဖတ်နိုင်ပါတယ်။

{% content-ref url="/pages/-MQZs7z9ehp\_sS\_Fhket" %}
[အဘယ့်ကြောင့် GNS3](/networking/why-gns3.md)
{% endcontent-ref %}

ဆိုလိုရင်းက… network engineer လုပ်မယ်ဆိုကတည်း စတင်လိုက်တဲ့ သင်ကြားရေးဟာ Cisco နဲ့ပဲများသောအားဖြင့် စတင်ကြခဲ့ရပါတယ်။ လက်တွေ့ လုပ်ငန်းခွင်မှာလည်း Cisco ရဲ့ routing နဲ့ switching တွေကိုပဲ သုံးတာကိုတွေ့သော်လည်း၊ လက်တွေ့မှာတော့ multi-vendor solution တွေကိုပိုပြီးတော့တွေ့ရမှာပါ။ အထူးသဖြင့် third world country ဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့၊ backbone network တစ်ခုလုံးကို Cisco လို product တွေနဲ့ တည်ဆောက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဟိုတလောက… United Kingdom (UK) မှာနိုင်ငံရေးအရ တရုတ်ကို sanction လုပ်မယ်ဆိုတဲ့အတွက် British government က policy မူတခုအသစ်ထွက်လာလို့ Huawei နဲ့ ZTE networking gear တွေကို audit ထဲမှာတွေ့လို့ အကုန်ပြန်ဖြုတ်ခိုင်းပြီး၊ အနောက်နိုင်ငံကထုတ်တဲ့ Nokia လို brand တွေကို ပြန်လည် setup လုပ်ဖို့ဖြစ်လာပါတယ်။ 5G လို့ နည်းပညာမှာ တရုတ်တွေဟာ အနောက်နိုင်ငံတွေထက် အရှေ့ကိုအများရောက်နေတယ်ဆိုတာ ယုံမှာသံသယ မရှိပါဘူး။ တရုတ်တွေဟာ 5G technology မှာ R\&D အတွက် ငွေကြေးအများကြီး အသုံးပြုထားတဲ့အပြင်၊ လူစွမ်းအင် အရင်းအမြစ်လည်း အဲ့ဒီဘက်မှာ အများကြီးထည့်ထားတာဖြစ်ပါတယ်။ အနောက်နိုင်ငံတွေက Huawei လို brand ကို ကွန်မြူနစ် တရုတ်နဲ့ တိုက်ရိုက်ဆက်သွယ်မှုရှိတယ်ဆိုသော်လည်း နည်းပညာအသာပိုင်းနဲ့ စျေးနှုန်းမှာ အနောက်နိုင်ငံက brand တွေဖြစ်တဲ့ Cisco တို့၊ Juniper တို့၊ Arista တို့ ထက်အများကြီးသာပါတယ်။ အရှင်းဆုံးပြောရရင် networking industry တစ်ခုလုံးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်၊ ဆယ့်ငါ့နှစ်အတွင်းမှာ အများကြီးပြောင်းလဲသွားတာ သိမ်မရှိပါဘူး။ ဒီအတွက် networking engineer တွေလည်းလေ့လာထားတဲ့ ပညာနဲ့ industry ထဲမှာ specialist များအနေနဲ့ အကြာကြီးဆက်လက် လုပ်ကိုင်စားသောက်လို့ ရပါတယ်။ Networking မှာ သင်ယူရတာ လွယ်ကူတယ်လို့တော့ မဆိုနိုင်ပါဘူး၊ စာရေးသူအမြင်နဲ့ သုံးသပ်ကြည့်တဲ့ သဘောပါ။ CCNP သို့မဟုတ် CCIE အဆင့်လောက်ရောက်လာပြီး တကယ်လည်း လုပ်ငန်းခွင်ကျွမ်းကျင်ရင် အခုချိန်ထိ networking industry မှာကိုယ့်အတွက် လုပ်ငန်းခွင်အခွင့်အလမ်းတွေအများကြီးပါ။ Networking specialist ဆိုတာအခုချိန်ထိ တန်ဖိုးထားတဲ့ role တွေပါ။

ပြဿနာက Cisco ရဲ့ CCNP တို့၊ CCIE တို့လိုမျိုး certificate တွေဖြေဆိုတော့မယ်ဆိုရင်တော့ big iron လို့တင်စားပြောကြတဲ့ Cisco networking gears တွေလိုပါပြီ။ အခုအချိန်မှာ GNS3 တို့ VIRL တို့လို emulator တွေကိုအသုံးပြုပြီးတော့လေ့လာနိုင်သော်လည်း၊ physical networking gears တွေနဲ့လေ့လာထားရင်တော့ ပြီးတော့အသားကျနိုင်ပါတယ်။ Networking မှာက CLI သိရုံ၊ routing နဲ့ switching protocols တွေသိရုံနဲ့ မပြီးပါဘူး။ Service provider တွေမှာအသုံးပြုတဲ့ networking hardware တွေ၊ SFPs အမျိုးအစားတွေ၊ အဲ့ဒီ SFPs တွေနဲ့တွဲပြီးတော့ အသုံးပြုတဲ့ multi-mode သို့မဟုတ် single -mode fibre optic cable အမျိုးအစားတွေ၊ မတူညီတဲ့ port speed တွေနဲ့ interface တွေဟာ အပြင်မှာလုပ်ငန်းခွင် အတွေ့အကြုံရှိရင်ရှိ မရှိရင်ကိုယ်ပိုင် physical networking gears တွေနဲ့ lab လုပ်မှပဲ သိနိုင်တဲ့ ကိစ္စတွေပါ။ Emulator တွေထဲမှာ အဲ့ဒီလို physical layer ဖြစ်နေတဲ့ အရာတွေကို မသိနိုင်ပါ။ အဲ့ဒီအတွက် hard core network engineer တွေဟာ home lab တွေကို ငွေကြေးကုန်ကြ အများကြီးအကုန်ခံပြီး setup လုပ်ကာ လေ့လာကြရပါတယ်။ ဒီတော့… network engineer ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာလည်း အချိန်ရော၊ ငွေရောအများကြီး အကုန်ခံနိုင်မှ CCNP တို့၊ CCIE တို့လို certificate တွေအတွက် အဆင်သင့်ဖြစ်နိုင်မှာပါ။ စာရေးသူကိုယ်တိုင်က network engineer တစ်ယောက်မဟုတ်ပါဘူး။ သို့သော် service provider network မှာအလုပ်လုပ်ဖူးလို့ ဒီလောက်လေး သိတာလို့ဆိုနိုင်ပါတယ်။ သိတဲ့အတိုင်း… proprietary platform တွေ၊ ငွေကြေးကုန်ကျမှာ အလုပ်ဖြစ်မယ်ဆိုတဲ့ အချိုးမျိုးကို နည်းပညာလောကမှာ စာရေးသူက လက်မခံထားပါ။ အကုန်အကျနည်းနည်းနဲ့ တူညီတဲ့ နည်းပညာကိုလေ့လာလို့ရနိုင်မယ်ဆို စာရေးသူအနေနဲ့ စိတ်ဝင်စားပါတယ်။ ဒီလိုနဲ့ မထင်မှတ်ပဲ service provider တစ်ခုမှာ အလုပ်လုပ်ရင်း MikroTik ဆိုတဲ့ routing & switching vendor တစ်ခုကိုစပြီးတော့ တွေ့ရှိခဲ့ပါတယ်။ MikroTik ရဲ့ အကြောင်းကို Wikipedia မှာဖတ်ချင်ရင်တော့ အောက်က link မှာသွားဖတ်လို့ရနိုင်ပါတယ်။

<https://en.wikipedia.org/wiki/MikroTik>

ရှင်းရှင်းပြောရရင် စာရေးသူအနေနဲ့ MikroTik ရဲ့ networking gear တွေနဲ့စတင်အလုပ်လုပ်စ လုံးဝကိုမကြိုက်ပါဘူး။ အထက်မှာပြောထားသလိုပဲ Cisco လို vendor နဲ့ training ခံထားရတဲ့ စာရေးသူ အမြင်မှာတော့ Cisco လောက်မကောင်းဘူး၊ စျေးလည်း ပေါတယ်၊ အလုပ်ဖြစ်မယ် မထင်ထားခဲ့ပါဘူး။ Cisco devices တွေမှာ ခမ်းနားလှတဲ့ CLI လည်းရှိတယ်လို့ မထင်ခဲ့ပါဘူး။ သို့သော် သုံးရင်းနဲ့ သိလိုက်ရတာက MikroTik ရဲ့ RouterOS ဟာ Linux ပေါ်မှာအခြေခံထားတာဖြစ်ပြီးတော့ (မှတ်ချက် – Cisco ရဲ့ နောက်ပိုင်း IOS-XE, IOS-XR နဲ့ NS-OS တွေဟာလည်း Linux ပေါ်မှာပဲ အခြေခံထားတာပါ။) ကိုယ်ပိုင် proprietary code တွေနဲ့ RouterOS ကိုရေးထားတာပါ။ သို့သော်… RouterOS ရနိုင်တဲ့ feature တွေနဲ့ licensing ကိုတော့ စာရေးသူအများကြီး သဘောတွေ့ပါတယ်။ လေ့လာဖို့အတွက်လည်း Cloud Hosted Router (CHR) ကို GNS3 လို emulator မှာ အခမဲ့စမ်းသပ်နိုင်ပါတယ်။ Production မှာရနိုင်တဲ့ feature တွေအကုန်လုံးကို CHR ရဲ့ free tier မှာလည်းရနိုင်ပါတယ်။ Production မှာလိုသုံးလို့ မရနိုင်အောင်တော့ port speed ကို 1Mbps per upload လုပ်ထားပါတယ်။ အကယ်လို့များ production မှာလို BGP route ပေါင်းများစွာကို inject လုပ်ပြီးတော့ stress test စမ်းချင်တယ်ဆိုလည်း USD $25 ကနေ USD $50 လောက်သုံးလိုက်ရင်နဲ့ MPLS capable router တစ်လုံးကို ဝယ်ပြီးတော့စမ်းသပ်နိုင်ပါပြီ။ Cisco လို platform မျိူးမှာတော့ USD $50 ဝန်းကျင် budget နဲ့ဆိုရင်တော့ Optic SFP တစ်ခုတောင်ရနိုင်မယ် မထင်ပါဘူး။ စျေးနည်းသက်သာရုံသာမက power consumptionမှာလည်း အခြား platform တွေထက်အများကြီး သက်သာတာကိုတွေ့ရမှာပါ။ ဥပမာ – PoE switch နဲ့ power output နဲ့ MikroTik device တော်တော်များများကို power ပေးလို့ရပါတယ်။ ဒီလို MikroTik ကောင်းတဲ့အချက်တွေကို စာပိုဒ်ထဲမှာချရေးရင်ကုန်မှာ မဟုတ်ပါဘူး။ တချက်ပြီးတချက် ချပြီးတော့ ရေးရင်း ရှင်းရင်း ပုံစံလေးနဲ့သွားလိုက်ရကအောင်။

**၁. Products range နဲ့ portfolio ရွေးချယ်စရာများခြင်း**

MikroTik မှာရနိုင်တဲ့ product range နဲ့ portfolio က အိမ်မှာအသုံးပြုလို့ရနိုင်တဲ့ home router နဲ့ switch ကနေ enterprise data centre နဲ့ service provider မှာသုံးလို့ရနိုင်တဲ့ routing & switching gear တွေအပြင်၊ wireless product တွေလည်းပါဝင်ပါတယ်။ စာရေးသူလက်တွေ့မှာ အသုံးပြုခဲ့တဲ့ MikroTik product တွေကတော့ home and SMB internet connection အတွက်အသုံးပြုတဲ့ high-end က hAP ac (<https://mikrotik.com/product/RB962UiGS-5HacT2HnT>)၊ အနည်းငယ်စျေးပိုသက်သာပြီးတော့ low-budget ဆိုရင် hAP (<https://mikrotik.com/product/RB951Ui-2nD>) နဲ့ hAP lite (<https://mikrotik.com/product/RB941-2nD>) တို့အပြင်၊ service provider တွေရဲ့ core network မှာအသုံးပြုလို့ရတဲ့ CCR1009-7G-1C-1S+ (<https://mikrotik.com/product/CCR1009-7G-1C-1Splus>) တို့လို platform တွေနဲ့ အလုပ်လုပ်ဖူးပါတယ်။ စျေးပေါသလောက် အလုပ်တကယ်ဖြစ်တဲ့ networking gear တွေပါ။ MikroTik ရဲ့ wireless product လည်းကောင်းပြီး အကြမ်းခံလို့ Mount Everest base station တစ်ခုလုံးကို သူ့ wireless product တွေနဲ့တည်ဆောက်ထားတယ်လို့ဆိုပါတယ်။ MikroTik မှာရနိုင်တဲ့ product တွေအကုန်လုံးကို ကြည့်ချင်ရင်တော့ အောက်က link မှာသွားကြည့်လို့ရပါတယ်။

<https://mikrotik.com/products>

**၂. အခြားသော network vendor မှာမရနိုင်တဲ့ feature တွေပါဝင်ခြင်း**

ရယ်စရာတစ်ခုပြောပြချင်ပါတယ်။ ဒီဇာတ်လမ်း ကိုလည်း စာရေးသူ နားထောင်နေကြ podcast တစ်ခုဖြစ်တဲ့ Packet Pusher မှာ MikroTik နဲ့ ပတ်သတ်ပြီးတော့ interview တစ်ခုပြီးခဲ့အပတ်ကလုပ်သွားထဲမှာ နားထောင်ရတာပါ။ အဲ့ဒီ podcast နားထောင်ချင်ရင်တော့ အောက်က link မှာသွားနားထောင်လို့ ရပါတယ်။

<https://packetpushers.net/podcast/heavy-networking-634-why-not-mikrotik/>

မြင့်မားလှတဲ့ radio တာဝါတိုင်တွေအတွက် network ကို manage လုပ်တဲ့ network engineer တွေဟာ MikroTik ကိုကြိုက်ကြတယ်တဲ့၊ ဘာဖြစ်လို့လဲ ဆိုတော့ တခါက network engineer တစ်ယောက် notepad ထဲမှာ သိမ်းထားတဲ့ OSPF configuration တွေကို copy လုပ်ထားပြီး buffer ထဲမှာရှိနေသေးတာ မသိပဲနဲ့ မှားပြီးတော့ network device တစ်ခုပေါ်မှာ paste လုပ်လိုက်တာ ရှိသမျှ OSPF neighbours တွေအကုန် အလုပ်မလုပ်တော့ဘူးတဲ့။ MikroTik ကိုမသုံးခင်ကဆို အဲ့ဒီ radio တာဝါတိုင်ပေါ်တက်တဲ့ လူတွေသီးသန့်ခေါ်ပြီးတော့ console cable တွေသုံးကာ ပြန်ပြီး configure လုပ်ရပါသတဲ့။ ဒီလိုမျိုးလည်း ခဏခဏဖြစ်တယ်လို့ပြောတယ်။ ဒီလိုနဲ့ MikroTik ကိုစပြီး သုံးဖို့ဖြစ်လာပါတယ်တဲ့လေ။ ဘာဖြစ်လို့လဲဆိုတော့ MikroTik မှာပါတဲ့ feature တစ်ခုဖြစ်တဲ့ MAC Telnet ဟာ layer 2 connection ရှိလိုက်ရုံနဲ့ သူကိုတိုက်ရိုက် ချိတ်ထားတဲ့ MikroTik device မှန်သမျှကို ssh သို့မဟုတ် winbox နဲ့ ဝင်လို့ ရနိုင်ပါတယ်။ နာမည်က MAC Telnet လို့ဆိုပေမယ့်လည်း telnet ကို မသုံးတော့တာ ကြာပါပြီ၊ ssh ကိုသာ အသုံးပြုပြီး တဘက်က device ကို ဝင်လို့ရအောင်လုပ်ပါတယ်။ Winbox ဟာလည်း ဒီ သဘောပါပဲ ကိုယ့် laptop သို့မဟုတ် PC ကို Ethernet cable နဲ့ MikroTik device ကို ချိတ်လိုက်ရုံနဲ့ layer 2 connection ကို သုံးကာ စတင် configure လုပ်လို့ရပါတယ်။ ဒါ့အပြင်… RoMON ဆိုတဲ့ feature ကလည်း MikroTik ရဲ့ RouterOS မှာပဲရနိုင်တဲ့ router management overlay network ပါ။ ပြီးတော့… configuration file တွေကို download၊ upload လုပ်ဖို့အတွက်လည်း FTP server သီးသန့် မလိုပဲနဲ့ Winbox ကနေ browse လုပ်နိုင်စွမ်းရှိပါတယ်။

**၃. အသုံးပြုတဲ့ CPU architecture များစွာရှိခြင်း**

အခြားသော networking vendor တွေမှာ သူတို့အသုံးပြုတဲ့ CPU နဲ့ ASIC တွေကိုတသတ်မှတ်တည်းထားပါတယ်။ MikroTik မှာတော့ ထူးခြားစွာ CPU architecture ပေါင်းများစွာနဲ့ ထုတ်ပါတယ်။ သူ့ရဲ့ CCR routing platform မှာဆိုရင် TILE ဆိုတာကိုသုံးပြီးတော့၊ hAP ac လို device တွေအတွက်တော့ MIPSBE ကိုသုံးပါတယ်။ ဒါ့အပြင်… ARM 32bit၊ ARM 64bit၊ SMIPS နဲ့ x86 တို့လို architecture တွေအတွက်လည်း သီးသန့်ရှိပါတယ်။ ကိုယ်သုံးချင်တဲ့ environment မှာမူတည်ပြီးတော့ ကြိုက်တဲ့ platform ကိုသုံးလို့ရပါတယ်။ အသုံးပြုတဲ့ CPU architecture များလို့ COVID-19 ဖြစ်လာတဲ့အခါမှာ အခြား vendor တွေ chips shortage ဖြစ်နေတဲ့အချိန် MikroTik အတွက်တော့ supply and demand ပြဿနာသိပ်ပြီးတော့ မဖြစ်ဘူးလို့ ဆိုရမှာပါ။ MikroTik product နဲ့ သူ့ရဲ့ CPU architecture ကိုလေ့လာချင်တယ်ဆိုရင်တော့ အောက်မှာ link တစ်ခုပေးထားပါတယ်။

<https://mikrotik.com/products/matrix>

**၄. စျေးနှုန်းချိုသာခြင်း**

မြန်မာနိုင်ငံလို third world country တွေအတွက်တော့ ဒီအချက်က အရေးကြီးပါတယ်။ အထက်မှာပြောခဲ့သလိုပဲ Cisco တို့၊ Juniper တို့လို big iron တွေထက် စာရင် စျေးနှုန်းလည်းချို၊ power consumption လည်း သက်သာတဲ့ အချက်ဟာ South East Asia နဲ့ Africa နိုင်ငံတွေအတွက် MikroTik ကိုအစားထိုးသုံးဖို့ အကြောင်းဖန်လာပါတော့တယ်။ စာရေးသူသိသလောက်တော့ Indonesia နဲ့ Philippine လိုနိုင်ငံတွေမှာ MikroTik ဟာနေရာတော်တော်လေးယူထားတဲ့ အပြင်၊ Africa အချို့ လျှပ်စစ်မီးကို ပြည့်စုံစွာ မရတဲ့နေရာတွေမှာ solar power နဲ့ MikroTik device တွေသုံးတယ်လို့ဆိုပါတယ်။

**၅. Core network တစ်ခုလုံးကို MikroTik နဲ့ တည်ဆောင်နိုင်စွမ်းရှိခြင်း**

Cisco တို့ ၊ Juniper တို့လို big iron တွေမှာရတဲ့ routing နဲ့ switching feature တွေအကုန်လုံးနီးပါး MikroTik ရဲ့ RouterOS မှာလည်းရနိုင်ပါတယ်။ ဆိုပါတော့… service provider network တွေမှာ မရှိမဖြစ် MPLS နဲ့ VPLS ကို MikroTik မှာ support လုပ်ပါတယ်။ Internet routing အတွက် BGP ကိုလည်း MikroTik platform တွေမှာ support လုပ်ပါတယ်။ သို့သော်… segment routing လို၊ IS-IS လိုဟာမျိုးကို အခုအချိန်ထိတော့ MikroTik platform တွေမှာ အလုပ်မလုပ်သေးပါ။ ဖြည်းဖြည်းချင်းစီတော့ ပေါင်းထည့်လာမည့် feature တွေလို့တော့ ထင်ပါတယ် ။ MikroTik မှာရတဲ့ feature တွေအကုန်လုံးက အခြား vendor platform တွေနဲ့ interoperability ပိုင်းမှာတော့ လုံးဝစိတ်ပူစရာမလိုပါဘူး။ MikroTik သုံးဖူးတဲ့သူတိုင်း သိပါတယ်။ ဒီ့အတွက် MikroTik ချည်းသီးသန့်သုံးပြီးတော့ ကိုယ့်ရဲ့ core network တစ်ခုလုံးကို တည်ဆောက်လိုက ဖြစ်နိုင်ပါတယ်။ မလွှဲရှောင်သာလို့ အခြားသော vendor တွေနဲ့တွဲပြီးတော့ သုံးရမယ်ဆိုအဆင်ပြေပါတယ်။

ဒီလောက်ဆိုရင် Cisco မပါပဲနဲ့လည်း network engineer ဖြစ်လိုကဖြစ်နိုင်တယ်လို့ ဆိုလိုချင်တာပါ။ စာရေးသူ အနေနဲ့တော့ GNS3 lab ထဲမှာ MikroTik CHR နဲ့ တော်တော်များများ စမ်းသပ်ပါတယ်။ Cisco CSR 1000v လိုမျိုး resource intensive မဖြစ်တဲ့ အတွက်၊ network lab တွေမှာ CHR ကို နောက်ပိုင်းတွင်တွင်ကျယ်ကျယ်လေး သုံးဖြစ်တယ်။ ဒီ post ကို ဒီလောက်ပဲရပ်လိုက်ပါတော့မယ်။ နောက်ပိုင်းမှာ MikroTik lab နဲ့ပတ်သတ်တဲ့အကြောင်းဆက်ပြီးတော့ ရေးသွားပါအုံးမယ်။


---

# Agent Instructions: Querying This Documentation

If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://my.itmatic101.com/networking/abaekyaung-mikrotik.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
