# အသုံးဝင်သော Linux Certification များအကြောင်း အပိုင်း (၂)

ဒီအပိုင်းမှာတော့ အခြေခံအဆင့်ထက်ပိုတဲ့ certification တွေအကြောင်းကိုဆက်ရေးသွားမှာဖြစ်ပါတယ်။ ပထမပိုင်းနဲ့ အခုအပိုင်းအလယ်မှာ နည်းနည်းလေးကြာသလို ဖြစ်သွားပါတယ်။ အခုအပိုင်းမှာတော့ နည်းနည်းလေးပိုမြင့်သွားတဲ့ certification အကြောင်းဆက်ရေးမှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ နှစ်ပိုင်းထပ်ခွဲသွားပြန်ပါတယ်။ ကိုယ်က Linux server နဲ့ system ဘက်ကို အရင်လိုက်မယ် ပြီးတော့တခါ networking အကြောင်းလည်းသိရ မှာပါ။ နောက်ပိုင်းမှာတော့ specialist ဆို ICT industry မှာသိမရှိတော့ပါဘူး။ Generalist တွေက ပိုပြီးမျက်နှာသာရကြပါတယ်။ အဲ့ဒါကြောင့်လည်း Linux certification မှာလည်း system ရော network ပိုင်းမှာပါ လေ့လာရင်းနဲ့ solid foundation ပေးတဲ့သဘောမျိုးနဲ့ အဆင့်မြင့် certification မှာတော့ System ပိုင်းကိုတစ်ပိုင်း Network ပိုင်းကိုတစ်ပိုင်း သက်သက်ဆီခွဲထုတ်လိုက် ပါတယ်။ System ပိုင်းကိုတော့အရင် ဖြေဆိုပြီးမှ network ပိုင်းကိုဆက်သွားရပါတယ်။ အောက်မှာ အသေးစိတ်ကိုထက်ရှင်းသွားပါ့မယ်။

## **အဆင့်မြင့် certification များ**

LPI Linux Essentials ဖြေဆိုပြီးလို့မှ ကိုယ်ကထပ်သိချင်တယ်၊ လေ့လာချင်တယ်ဆိုရင်တော့ နောက်အဆင့်အနေနဲ့ LPIC-1 Certified Linux Administrator စာမေးပွဲကို ဖြေဆိုနိုင်ပါတယ်။ ဒီအဆင့်မှာတော့ အခြေခံအဆင့်လို command လေးတွေသိထားပြီး သုံးတတ်တာနဲ့မပြီးတော့ပါဘူး။ လက်တွေမှာ ဘယ်လို သုံးမလဲဆိုတာပါသိလာရတော့ပါတယ်။ ဆိုပါတော့ Linux system ကိုဘယ်လို maintain လုပ်မလဲ configure လုပ်မလဲ ဆိုတာမျိုးအပြင် Linux မှာလိုအပ်တဲ့ အခြေခံ networking skill လောက်တော့ သိထားရပါလိမ့်မယ်။ ဒါကတော့ ကိုယ်က system ဘက်ကို အရင်လိုက်ချင်တယ် ပြီးတော့မှ network ကိုဆက်သွားမယ်ဆိုရပါ။

နောက်တစ်ခုက LPIC-2 Linux Engineer ဆိုတဲ့ စာမေးပွဲလည်း ဒီအဆင့်မှာရှိပါတယ်။ အဲ့ဒီတစ်ခုကတော့ system administration တွေ Linux ရဲ့ block storage အကြောင်းတွေအပြင် networking နဲ့ system security အကြောင်းတွေ အသေးစိတ်ပါ လာပါပြီ။ တစ်ခုရှိတာက LPI Certification တွေကိုဖြေဆို တဲ့အခါမှာ နိမ့်တဲ့ အဆင့်ကနေ မြင့်တဲ့ အဆင့် Certification တွေကို အစဉ်လိုက်တိုင်း ဖြေဆိုတာကတော့ အကောင်းဆုံးပါ။ ဒါမှာမဟုတ်ဘူး ကိုယ်က ကျွမ်းကျင်လို့ သက်ဆိုင်ရာ မြင့်တဲ့ certificate ကိုဖြေမယ်ဆိုလည်းရပါတယ်။ ဥပမာ ကိုယ်က Linux ကိုတော်တော်လေးလေ့လာထား ကျွမ်းကျင်ပြီးသာဆိုရင်လည်း LPIC-1 Certified Linux Administration certification ကိုတခါတည်းဖြေဆိုချင်လည်း ဖြေဆိုလို့ရပါတယ်။ LPI Linux Essentials စာမေးပွဲကို အရင်ဖြေဆိုစရာမလိုတော့ပါဘူး။ တစ်ခုစီကို အောက်မှာ အသေးစိတ်ထပ်ရှင်းပါ့မယ်။

### **LPIC-1 Linux Administrator**

ဒီ certification ကတော့ LPI Linux Essentials ထက်စာရင်ပိုခက်သွားပါပြီ။ အောက်မှာတော့ ဒီစာမေးပွဲ အတွက်လိုအပ်တဲ့ အချက်တွေကို ဖော်ပြပေးသွားပါ့မယ်။

<figure><img src="/files/XYn6P3e4vHwR4IAfkhTp" alt=""><figcaption></figcaption></figure>

#### **LPIC-1 Linux Administrator ရဲ့ လက်ရှိ version**

လက်ရှိမှာတော့ version 4.0 ရောက်နေပါပြီ။ အဲ့ဒီ version ကိုတော့ LPI က ၂နှစ်ခွဲ တစ်ခါ ပြန်လည်စီစစ်ပြီး update လုပ်ပါတယ်။ Exam code ကတော့ 101-400 နဲ့ 102-400 တို့ ဖြစ်ပါတယ်။

#### **LPIC-1 Linux Administrator မဖြေဆိုခင် လိုအပ်ချက်များ**

ဒီစာမေးပွဲကို ဖြေဆိုဖို့ရာ LPI Linux Essentials ရှိစရာမလိုအပ်ပါဘူး။ စာရေးသူ အမြင်မှာတော့ Linux ကို အခုမှစပြီး လေ့လာသူတစ်ယောက်ဆိုရင်တော့ LPI Linux Essentials ပြီးမှ ဒီ LPIC-1 System Administrator ကိုဖြေရင်ပိုကောင်းမယ်ထင်ပါတယ်။ ဒါမှမဟုတ်ပဲနဲ့ ကိုယ်ကပိုင်နိုင်တယ်ဆိုရင်လည်း တိုက်ရိုက် LPIC-1 System Administrator ကိုဖြေဆိုလို့ ရပါတယ်။

#### **LPIC-1 Linux Administrator မေးခွန်းပုံစံနဲ့ ဖြေဆိုချိန်**

ဒီ LPIC-1 System Administrator certification ကိုရဖို့ အတွက် စာမေးပွဲ ၂ခုကိုဖြေဆိုရမှာ ဖြစ်ပါတယ်။ LPI 101 နဲ့ LPI 102 ဆိုတဲ့ စာမေးပွဲ နှစ်ခုကို ဖြေဆိုအောင်မြင်ရမှာဖြစ်ပါတယ်။ စာမေးပွဲ တစ်ခုစီမှာတော့ multiple-choice နဲ့ fill-in-the-blank မေးခွန်းပုံစံ အခု ၆၀ ကို မိနစ် ၉၀ အချိန်အတွင်းမှာ ပြီးအောင်ဖြေဆိုရမှာဖြစ်ပါတယ်။

#### **LPIC-1 Linux Administrator ရဲ့ အကြုံဝင် သက်တမ်း**

သူကတော့ ၅နှစ် အချိန်ရပါတယ်။ Microsoft လိုမျိုး ၂နှစ်တခါလောက်တော့ ပြန်ပြီး renew လုပ်စရာမလိုပါဘူး။ ထုံးစံအတိုင်း renew လုပ်ချင်ရင် အဆင့်တူတဲ့ certification ကိုပြန်ဖြေဆိုတာမျိုး သို့မဟုတ် အဲ့ဒီထက်မြင့်တဲ့ certification ကိုဖြေဆိုတာမျိုးကို ၅နှစ်အတွင်းမှာ လုပ်လို့ရပါတယ်။

#### **LPIC-1 Linux Administrator အတွက်ပြင်ဆင်စရာ အပိုင်းများ**

LPIC-1 Exam 101 အတွက်တော့ အကျဉ်းချုပ်အားဖြင့် Linux ရဲ့ System Architecture၊ installation and package management၊ GNU and Unix commands တွေအပြင် device၊ Linux Filesystems နဲ့ Filesystem Hierarchy Standard တွေအကြောင်းကို အသေးစိတ်ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။ LPIC-1 Exam 101 အကြောင်းသေသေချာချာ သိချင်ရင်တော့ ဒီ [link ](https://www.lpi.org/our-certifications/exam-101-objectives)ကနေတဆင့် အင်္ဂလိပ်လိုဖတ်ရှုလေ့လာနိုင်ပါတယ်။

LPIC-1 Exam 102 အတွက်တော့ Shells တွေအကြောင်း Scripting and Data Management နဲ့ interfaces and desktops တွေအပြင် administrative tasks၊ essential system services၊ networking fundamentals နဲ့ security အကြောင်းသိထား လေ့လာထားရမှာဖြစ်ပါတယ်။ LPIC-1 Exam 102 အကြောင်း အသေးစိတ်သိချင်ရင်တော့ ဒီ [link ](https://www.lpi.org/our-certifications/exam-102-objectives)မှာ အင်္ဂလိပ်လိုဖတ်ပါ။

### **CompTIA Linux+**

LPIC-1 Linux Administrator အဆင့်အတွက် LPI လိုပဲ နာမည်ကြီးတဲ့ training and certification provider တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ CompTIA ဖြစ်ပါတယ်။ Linux အတွက် CompTIA Linux+ ဆိုတဲ့ certificaiton နောက်တစ်ခုရှိပါတယ်။ စျေးကတော့ LPI ထက်တော့ကြီးပါတယ်။ သို့ပေမယ့်လည်း ဒီ CompTIA က စာမေးပွဲနှစ်ခုကိုဖြေဆို အောင်မြင်တာနဲ့ LPIC-1 ကိုပါထပ်ဖြေစရာမလိုပဲ LPIC-1 ကိုလိုချင်ရင် ဘာမှထပ်ပေးစရာမလိုပဲ လျှောက်ထားလို့ရပါတယ်။ သူ့မှာလည်း Exam LX0-103 နဲ့ Exam LX0-104 ဆိုပြီးနှစ်ခုရှိပါတယ်။ ဒီ CompTIA Linux+ certification အကြောင်းကို စိတ်ဝင်စားရင်တော့ အင်္ဂလိပ်လို ဒီ [link ](https://certification.comptia.org/certifications/linux)ကနေတဆင့် သွားရောက်ဖတ်ရှုလို့ ရပါတယ်။ ICT industry မှာတော့ ဒီ CompTIA Linux+ ပိုပြီးတော့ ဖြေဆိုတဲ့သူများပြီးတော့ ပိုလည်း demanding ဖြစ်ပါတယ်။ ကိုယ်ပေါ်မှာပဲမူတည်ပါတယ် ဘယ်တစ်ခုကိုဖြေရင် ကောင်းမလဲဆိုတာကတော့။ နှစ်ခုလုံးကတော့ ICT industry ကနေ အသိအမှတ်ပြုတဲ့ certification တွေပါ။ CompTIA Linux+ အကြောင်းကိုတော့ ဒီမှာအသေးစိတ် မရေးတော့ပါဘူး။

နောက်အပိုင်းတွေ မှာတော့ LPIC-2 Linux Engineer နဲ့ LPIC-3 က certification တွေအကြောင်းကိုဆက်ရေးပါမယ်။


---

# Agent Instructions: Querying This Documentation

If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://my.itmatic101.com/linuxbsd/linux-certs-part2.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
