# လူသုံးများ ရေပန်းစားသော GNU/Linux Distro များ အပိုင်း (၉)

**၉. PCLinuxOS**

ဒီ PCLinuxOS ကိုတော့ PCLOS လို့လည်းသိထားကြပါတယ်။ အတိုကောက် PCLOS လို့ခေါ်ဆိုထားခြင်းဖြစ်ပါတယ်။ PCLOS ကတော့ Mandrake Linux (နောက်ပိုင်း Mandriva Linux အခုတော့ Mageia လို့ သိထားတဲ့ distro တစ်ခုဖြစ်ပါတယ်။ အရှေ့အပိုင်းတစ်ခုမှာလည်း Mageia အကြောင်းကိုရေးပြီးသားဖြစ်တဲ့အတွက် ထပ်ပြီးတော့ အရှည်မရေးနေတော့ပါဘူး။) ကဆင်းသက်လာတဲ့ distro တစ်ခုဖြစ်ပါတယ်။ PCLinuxOS ကို Bill Reynolds ဆိုသူက ၂၀၀၃ခုနှစ်မှာ စတင်မိတ်ဆက်ပေး ခဲ့ပါတယ်။ သူကတော့ Mandrake Linux community မှာ အရင်တုန်းကတည်းက နာမည်ကြီးပြီးသား developer တစ်ယောက်ဖြစ်ပါတယ်။ Texstar ဆိုပြီးတော့လည်း community ကသူ့ကိုသိကြပါတယ်။ ၂၀၀၃ခုနှစ်မှာတော့ သူကိုယ်ပိုင်စပြီး PCLinuxOS ဆိုတဲ့ distro ကိုခွဲထွက်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ Mandrake Linux 9.2 နည်းတူ အသုံးပြုရတာလွယ်ကူတဲ့ distro ဖြစ်မြောက်ဖို့ကိုရည်ရွယ်ပြီးတော့ PCLinuxOS ကိုစခဲ့တာပါ။ desktop user တွေအတွက်အသုံးဝင်မည့် feature တော်တော်များများကိုလည်းထည့်ပေးထားခဲ့တဲ့အတွက် desktop အတွက်တော့အဆင်တော်တော်ပြေပါတယ်။ ဒါအပြင် Mandrake Linux က Control Center နဲ့ခပ်ဆင်ဆင် tool တွေကိုလည်းပါအောင်ထည့်ပေးထားတဲ့အတွက် Mandrake Linux ကနေပြီးပြောင်းသုံးချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ Linux ကိုစသုံးတဲ့ သူတွေအတွက်လည်းလွယ်ကူအောင်လို့installation ကနေ configuration tool တွေအထိ အရိုးရှင်းဆုံးနဲ့အလွယ်ဆုံးဖြစ်အောင်လို့လည်းရေးထားတဲ့ distro တစ်ခုပါ။ PCLinuxOS ကတော့ Red Hat ရဲ့ RPM ကို package manager အဖြစ်အသုံးပြုထားပြီး Debian ရဲ့ APT ကိုတော့ package management system ကို terminal မှာသုံးပြီး၊ Synaptic ကိုတော့ graphical package management အနေနဲ့သုံးထားပါတယ်။ KDE ကိုတော့ နဂိုအတိုင်း desktop environment အနေနဲ့ထည့်ထားပေးပါတယ်။ တခြား DE တွေနဲ့လည်း လာတဲ့ variant တွေလည်းရှိပါတယ်။ ဒါပေမယ့် PCLinuxOS ရဲ့ website ကနေပြီး download လုပ်မယ်ဆိုရင်တော့ လက်ရှိ KDE Desktop၊ Full Monty Desktop နဲ့MATE Desktop ဆိုပြီးတော့ ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ DE ကိုရွေးပြီး download ဆွဲလိုက်ရုံပါပဲ။

<figure><img src="/files/3te7nk7w4xoyJe2VZEwp" alt=""><figcaption></figcaption></figure>

PCLinuxOS ရဲ့ ပြဿနာကတော့ rolling release ဖြစ်ပေမယ့် သေချာသတ်မှတ်ချက်မရှိတဲ့ release cycle နဲ့ထုတ်ပြီး၊ နောက်မှာဘာတွေဆက်လုပ်ရမယ် လုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီး ဘာမှရေရေရာရာမရှိပါဘူး။ Project ကဦးတည်ချက်မရှိသလိုမျိုးဖြစ်နေပါတယ်။ အဲ့ဒါကြောင့် stable ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကတော့ မေးခွန်းထုတ်စရာတစ်ခုဖြစ်လာပါတယ်။ တဘက်မှာလည်း PCLinuxOS ရဲ့software repository ကတနေ့တခြားတိုးပွားလာလို့နေပါတယ်။ Update တွေကိုလည်း တခြား distro တွေနဲ့ရင်ဘောင်တန်းနိုင်အောင်လို့ လိုက်တော့ထုတ်ပါတယ်။ အဲ့ဒီလို stable ဖြစ်လား မဖြစ်လား update ကို ထုတ်သင့်သလား version အသစ် release လုပ်သင့်သလားဆိုတဲ့ ဆုံးဖြတ်ချက်တွေကတော့ Texstar လို့ခေါ်တဲ့ Bill Reynolds ပေါ်မှာမူတည်ပါတယ်။ နောက်ပြီး အခုနောက်ပိုင်း ထုတ်တဲ့ release တွေမှာဆို 64-bit platform ကိုပဲထုတ်ပါတော့တယ်။ 32-bit platform ကိုအရင်ကတော့ထုတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မထုတ်တော့ပါဘူး။ Linux မှာဘယ် distro ကိုမဆိုသုံးတော့မယ်ဆိုရင် 64-bit ကိုသာရွေးချယ်သင့်ပါတယ်။ လက်ရှိသုံးနေတဲ့ computer တွေ laptop တွေက 64-bit နဲ့အလုပ်လုပ်တာများပါတယ်။ CPU တွေက hybrid တွေဖြစ်ကုန်ပါပြီ။ RAM က 2 GB ပဲရှိတယ်ဆိုရင်တောင်မှ 64-bit ကိုသာသုံးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အခုနောက်ပိုင်း software တွေ package တွေက 64-bit platform မှာအကုန်လုံးနီးပါး အလုပ်လုပ်ပါတယ်။ 32-bit မှာတော့ တချို့software တွေ package တွေကပြဿနာပေးနိုင်ပါတယ်။ Support မလုပ်တာတွေတောင် ရှိလာပါပြီ။

<figure><img src="/files/XzSgmdJioKCOyLAcOgWd" alt=""><figcaption></figcaption></figure>

<figure><img src="/files/mc7YKOcIm1urAAsYqMAP" alt=""><figcaption></figcaption></figure>

**PCLinuxOS ရဲ့ အားသာချက်များ**

hardware driver တော်တော်များများကို install လုပ်လုပ်ပြီးချင်း detect ဖြစ်ပါတယ်။ အဲ့ဒီတော့ driver တွေကိုတစ်ခုပြီး တစ်ခုလိုက်ရှာပြီး ထပ်ပြီး install လုပ်စရာမလိုပါဘူး။ ချက်ချင်း သုံးလို့ရပါတယ်။ လူသုံးများ broswer plugin တွေနဲ့အသုံးဝင်မယ့် application တော်တော်များများကို နဂိုအတိုင်းထည့်ထားပေးပါတယ်။ rolling release ဖြစ်တဲ့အတွက် update တွေကိုလည်းလိုရင်လိုသလို ရနေမှာပါ။ Ubuntu တို့Mint တို့လိုလည်းသုံးရတာ လွယ်ကူတဲ့အတွက် Linux စသုံးသူတွေအတွက် အခက်အခဲမရှိနိုင်ပါဘူး။ Control Center လို tool တွေကလည်း user experience ကို အများကြီးလွယ်ကူအောင် အထောက်အကူပြုမှာ တော့သေချာပါတယ်။

**PCLinuxOS နဲ့ဆင်တူတဲ့ distro များ**

KDE, KDE Full Monty, KDE Minime, LXDE, LXDE Mini, Openbox, Openbox Bonsai, Phinx, Phoenix for 32-bit (i586) processor architectures, KDE for 64-bit (x86\_64) processor architectures တို့ဖြစ်ပါတယ်။

**လက်ရှိ PCLinuxOS ရဲ့ version/release**

လက်ရှိမှာတော့ ၈ရက်နေ့မတ်လ ၂၀၁၆ခုနှစ်မှာထုတ်တဲ့ PCLinuxOS 2016.3 ဖြစ်ပါတယ်။ ရှေ့မှာပြောခဲ့သလို release cycle ကတော့သေချာသတ်မှတ် မထားပါဘူး။ ဟိုအရင်က တချို့ release တွေမှာ code name တွေရှိခဲ့ပေမယ့်နောက်ပိုင်းမှာတော့ ထုတ်တဲ့ နှစ်နဲ့လတို့ကိုသာ release version တွေအနေနဲ့အသုံးပြုပါတော့တယ်။


---

# Agent Instructions: Querying This Documentation

If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://my.itmatic101.com/linuxbsd/pclinuxos.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
